Channel Myanmar

Ken Davitian

Holes (2003) 7.0
Holes (2003) Holes (2003) IMDb - 7.0/10, Rt - 78%CM ပရိသတ်တွေအတွက် 2003 တုန်းကထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာသူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေသူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကိုအပို့ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီးငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီးဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်းဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စတန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရောလွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File ...
movie

Holes (2003)

2003
Meet the Spartans (2008)
Meet the Spartans (2008) Meet the Spartans (2008)ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ ...
movie

Meet the Spartans (2008)

2008
Bromates (2022) 4,4
Bromates (2022) Bromates (2022)သင်ဟာ စော်ပစ်ကောင်တစ်ယောက်ဆိုရင်တော့ ... ရီဗျူးဖတ်မနေဘဲ ဒီကားကို တန်းသာဒေါင်းကြည့်လိုက်ပါတော့ ညိုကီတို့ရေ ဘာလို့ဆို ဒီကားက ညိုကီတို့လို စော်ပစ်ကောင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စော်မပစ်သေးလည်း နောင်ရေးအတွက် မျှော်မှန်းပြီး ဖြေသိမ့်နည်း အဖြာဖြာ လေ့လာထားနိုင်ပါတယ်။ စော်မရှိတွေကလည်း ပညာယူကြပေါ့ဗျာထူးခြားချက်ကတော့ ဒီကားမှာ Snoop Dogg ကြီးလည်း ဘာမဆိုင်ညာမဆိုင် ဖြတ်လျှောက်လုပ်ထားသေးတာဗျ... ပြောရရင်တော့ ဒေါ့ဒေါ့နဲ့တွေ့မှ ပြောင်းလဲကုန်ကြသည်ပေါ့ဗျာ ...ဒီတော့ ဆက်မနှိမ်ဘဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြမယ် အဓိက ဇာတ်ဆောင်က ၄ ယောက်။ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာတွေ ဖြစ်ပြီး အခုတော့ ကိုယ်စီအလုပ်နဲ့မလို့ မဆုံဖြစ်ကြတဲ့ ဘော်ဒါတစ်သိုက်ပေါ။ဒါမဲ့ တစ်နေ့မှာ ဒီလေးယောက်ဆုံနိုင်ဖို့အရေး ကံကြမ္မာက သူတို့ထဲက နှစ်ကောင်ကို တစ်ရက်တည်းအပြိုင် စော်ပစ်ကောင်ဇာတ်သွင်းပေးလိုက်ပါလေရော။ အဲဒီမှာ တစ်ကောင်က စော်တ၊ တစ်ကောင်ကတော့ One go, two come, three ready Thank You, Next ဆိုပြီး ကျန်တဲ့ ၂ယောက်နဲ့ပေါင်း လဒမှိုင် မှိုင်နေတဲ့ကောင်ကို cheer ...
movie

Bromates (2022)

2022
S.W.A.T.(2003) 7.0
S.W.A.T.(2003) S.W.A.T.(2003) အညွှန်း********************မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်..SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကိုလော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်းနှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီးအတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကိုအပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။  File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

S.W.A.T.(2003)

Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

Borat (2006) 7.3
Borat (2006) IMDb (7.3) / Rotten Tomatoes (91%)ဘိုရတ်ဆာဒီယက်ဗ်ဟာ ကာဇတ်စတန်နိုင်ငံရဲ့ တီဗွီသတင်းထောက်တစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့နာမည်ကျော် ဂျာနယ်လစ်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့ကို အစိုးရက အမေရိကန်ကိုစေလွှတ်ပြီး အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့လေ့လာဖို့ လွှတ်လိုက်တဲ့အချိန်မှာတော့ ဘိုရတ်တစ်ယောက် အမေရိကားကို ယောင်ချာချာရောက်လာပါတော့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနိမ့်ပါးပြီး ရှေးရိုးစွဲအယူအဆတွေ ဒင်းကြမ်းနဲ့နေရာကလာတဲ့သူတစ်ယောက်အနေနဲ့ ခေတ်ရှေ့ပြေးတိုးတက်လွန်းလှတဲ့ အမေရိကန်မြို့တော်ကြီးမှာ ဘိုရတ်ဟာ တောသားမြို့ရောက် ကမောက်ကမဖြစ်ရပ်တွေ ဆက်တိုက်ကြုံရပါတော့တယ်။အဲ့ဒီမှာမှ ဟိုတယ်ခန်းထဲက တီဗွီမှာ လာနေတဲ့ Baywatch အစီအစဉ်ကိုကြည့်မိပြီး ခေါင်းဆောင်မင်းသမီး ပမ်မလာအင်ဒါဆင်ကိုမှ အစွဲလန်းကြီးစွဲလန်းသွားတဲ့နောက် မင်းသမီးကို လိုက်ရှာပြီး သူ့တိုင်းပြည်ကိုပြန်ခေါ်သွားပြီး ဇနီးမယားအဖြစ်သိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဘိုရတ်ဟာ စပြီး သူ့ကိုယ်သူနဲ့ သူ့ပတ်ဝန်းကျင်ကို စမိတ်ဆက်ပေးတဲ့အဖွင့်ကနေ စပြီး တစ်ကားလုံး ပါးစပ်မစေ့အောင်ခွီနေရတဲ့ ဟာသကားစစ်စစ်ပါ။ ပေါတောတောဟာသမျိုးတွေနဲ့ရယ်ရတာမဟုတ်ပဲနဲ့ တကယ့်ကိုသဘာဝကျကျရယ်ရတာမျိုးဖြစ်တဲ့အပြင် rating တွေလဲမြင့် ပရိသတ်ကော ဝေဖန်ရေးဆရာတွေကပါချီးကျူးကြရုံမက ဘတ်ဂျက်နည်းနည်းလေးသုံး ဝင်ငွေအများကြီးပြန်ရထားပြီး ခေါင်းဆောင်မင်းသားကိုပါ ဆုတွေ လျာထားစာရင်းတွေ တန်းစီဝင်ပြီး ဝက်ဝက်ကွဲအောင်မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Spoiler alert! ပမ်မလာအန်ဒါဆင်ဟာ ...
movie

Borat (2006)

2006
Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008
1st Born(2019) 5.4
1st Born(2019) 1st Born(2019)(unicode)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....(zawgyi)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size : (850 MB) ...
movie

1st Born(2019)

2018
Once Upon a Time in Venice (2017) 5.3
Once Upon a Time in Venice (2017)   ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)  File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw 
movie

Once Upon a Time in Venice (2017)

2017