Channel Myanmar

Ken Gampu

American Ninja 4: The Annihilation (1990)
American Ninja 4: The Annihilation (1990)  ဒီတစ်ကားမှာတော့ ဗြိတိန်ရဲအရာရှိဟောင်းတစ်ယောက်ဟာ ဗြိတိန်နိုင်ငံရဲ့ခံတပ်ဟောင်းတစ်ခုမှာ နင်ဂျာအဖွဲ့နဲ့ တပ်စွဲနေပြီး အမေရိကန်ကို တိုက်ခိုက်မယ့်နျူကလီးယားဗုံးကို တီထွင်နေခဲ့ပါတယ်။ဒါကို သတင်းအတိအကျရရှိတဲ့ အမေရိကန်ဘက်က ဒီစစ်သွေးကြွအုပ်စုကို တားဆီးနိုင်ဖို့ လက်ရွေးစင်တပ်ဖွဲတစ်ဖွဲ့ကို လွှတ်လိုက်ပေမယ့် အဖမ်းခံလိုက်ရပြီး ဒေါ်လာသန်းငါးဆယ်ပေးရင်ပေး မပေးရင် ဒီဖမ်းဆီးရမိတဲ့အမေရိကန်တပ်သားတွေကို ကွပ်မျက် မည်ဖြစ်ကြောင်း အကြောင်းပြန်လာတဲ့အခါမှာ အမေရိကန်ဘက်က ကျွန်တော့်တို့ရဲ့ ဇာတ်လိုက်ကျော် ရှောင်ဒေးဗစ်ဆန်ကို ဖမ်းဆီးခံတပ်သားတွေကို ကယ်တင်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ်။ဒီအချိန်မှာ ကံမကောင်းစွာဘဲ ရှောင်ပါ အဖမ်းခံလိုက်ရတဲ့အတွက် ကျောင်းဆရာဘဝနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေပြီဖြစ်တဲ့ ဇာတ်ကားနံပါတ်တစ်နှင့် နှစ်ရဲ့ ဇာတ်လိုက်ကျော် ဂျိုးကိုပါ အပူကပ်ရပါတော့တယ်။ဒီတော့ ဇာတ်လိုက်ကျော် အမေရိကန်နင်ဂျာကြီး ဂျိုးနှင့်ရှောင်တို့ နှစ်ယောက်သား ဒီစစ်သွေးကြွအုပ်စု ဖမ်းဆီးခံတပ်သားတွေကို ကွပ်မျက်မယ့်အရေးကနေ ဘယ်လိုကယ်ဆယ်ကြမလဲ၊ အမေရိကန်ကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတဲ့ ဒီနျူကလီးယားဗုံးကိုရော ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဗိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်သုံးကားကို ကြည့်ဖူးထားရင် ဒီတစ်ကားကိုလည်း အထူးတလည်ညွန်းနေစရာ မလိုတော့တဲ့အတွက် ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ File size…(1.1 ...
movie

American Ninja 4: The Annihilation (1990)

Allan Quatermain : King Solomon’s Mines (1985)
Allan Quatermain : King Solomon’s Mines (1985) Sir H. Rider Haggard ရဲ့ King Solomon's Mines ဝတ္တုကို လူအတော်များများသိကြမှာပါ။ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း ဆော်လမွန်သိုက်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးပြီး စာရေးဆရာအတော်များများလည်း ဒီဝတ္တုကို မြန်မာဘာသာနဲ့ပြန်ဆိုထုတ်ဝေခဲ့ဖူးပါတယ်။အခု ဒီဇာတ်ကားဟာလည်း King Solomon's Mines ကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။ စာအုပ်ထဲကအတိုင်း တစ်ထပ်တည်းကျအောင်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းပြန်ပြင်ထားတာဖြစ်လို့ စာအုပ်ဖတ်ဖူးတဲ့သူတွေအဖို့ နည်းနည်းစိတ်ကသိကအောင့်တော့ဖြစ်မိကြမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းလေးက ခပ်မြူးမြူးလေးမို့ ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။မင်းသားကြီး ရစ်ချက်ချိန်ဘာလိန်းရဲ့  အလန်ကွာတာမိန်းဇာတ်ရုပ်က သူနဲ့လိုက်ဖက်သလို မင်းသမီးချော ရှရွန်စတုန်းကလဲ ဇာတ်ကိုကြွလာအောင် ထပ်မံဖြည့်တင်းထားနိုင်တာမို့ ဘယ်အချိန်ကြည့်ကြည့် အကြည့်ခံတဲ့ဇာတ်ကားလေးပါပဲ။အင်ဒီယာနာဂျုံးကြိုက်သူတွေ အလန်ကွာတာမိန်းကိုလည်း သဘောကျနှစ်ခြိုက်ကြမှာပါ။ ထိုခေတ်ထိုအခါက CGI တွေခေတ်မစားလေတော့ ရိုက်ကွင်းဆက်တင်တွေကို အဓိကအားကိုးပြီး အာဖရိကအထိသွားပြီး လူရိုင်းတွေနဲ့ အပင်ပန်းခံသွားရိုက်ထားတာပါ။ဇာတ်လမ်းဇာတ်ညွှန်းကို သိနေရင်တောင်မှ အက်ရှင်စွန့်စားခန်းအပြည့်နဲ့ Adventure Vibe အပြည့်ရစေတာမို့မိတ်ဆွေတို့ကို မပျင်းစေဘဲ အဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်ကားပါ။မိတ်ဆွေတို့နှစ်ခြိုက်တယ်ဆိုရင် ကျန်ရှိတဲ့ အလန်ကွာတာမိန်းဇာတ်ကားတွေကိုလဲ ထပ်မံတင်ဆက်သွားပါ့မယ်။ပုံ - Alias Quatermain File size…(2 GB) / (1 GB) Quality….BluRay HEVC ...
movie

Allan Quatermain : King Solomon’s Mines (1985)

HEVC 1080p
The Gods Must Be Crazy (1980) 7.3
The Gods Must Be Crazy (1980) The Gods Must Be Crazy (1980) IMDb - 7.3/10_____Rotten - 85%  #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ) .…………………………………………………………… ” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”N!xau Toma တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင် ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။ အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau ...
movie

The Gods Must Be Crazy (1980)

1980