Channel Myanmar

Kenichi Ogata

One Piece Film Red (2022) 6.9
One Piece Film Red (2022) One piece red film ................................. IMDb 6.9/10 Rotten Tomatoes 95%ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။ မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ ​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့ အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။ ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ သမိုင်းတွင်​လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့ စီစဥ်ထားတာ​ကြောင့် ငဖီတို့အဖွဲ့လည်း ရှိုးပွဲကြည့်ဖို့​ရောက်လာပါတယ်။ ရှိုးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်။Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်​ပျော်ရွှင်​စေမယ့်ပွဲဖြစ်​စေရမယ်လို့ ​ကြေညာခဲ့ပြီး ​ရွှေပွဲလာပရိသတ်​တွေကိုလည်းဆန်းကြယ်တဲ့​ ဖျော်​ဖြေမှု​တွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့ရှိုးပွဲ​နောက်ကွယ်မှာ​တော့ ​မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ ​စောင့်ကြို​နေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်က​တော့..... File size…2.68GB / 1.36GB Quality…1080p HEVC / 720p  Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle(Hard Sub) Encoder….Thit San Khant Translated by Dr.Nyan
movie

One Piece Film Red (2022)

2022
Detective Conan: The Fist of Blue Sapphire (2019)
Detective Conan: The Fist of Blue Sapphire (2019) #UnicodeDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော တီထွင်ဖန်တီးကလိသောအလုပ်ကိုလုပ်နေခိုက် မောင်နန်နှင့်မိယွန်းတို့ရောက်လာကြလေသည်။ မောင်နန်၏အမူအရာသည်တစ်စုံတစ်ခုကိုအလိုရှိနေသောအမူအရာဖြစ်နေ၍ ကျွန်ုပ်လည်းအဘယ်သို့သောအကြောင်းကြောင့်စိတ်နှလူံးအိမ်၌လိုချင်တပ်မက်မှုအာရုံထင်နေပေသနည်းဟုမေးမိလေရာ မောင်နန်လေးက သူ၏ချစ်သူ မိလွမ်းသည်စင်္ကာပူသို့အလည်ခရီးသွားသဖြင့် နောက်ကလိုက်ချင်နေကြောင်း၊ စင်္ကာပူသိူ့ဝင်ရန်လိုအပ်‌သောစာရွက်စာတမ်းအင်ထုရန်အလို့ငှာ ကျွန်ုပ်၏အကူအညီကိုလိုအပ်နေကြောင်းပြောပြအကူအညီတောင်းခံလေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာအလကားမရဆိုသည့်နှလုံးကိုမူလျက် မောင်နန်‌ဆီက ဖွတ်ကလိဒင်္ဂါးပြားတောင်မရနိုင်သည်ကိုသိ၍မကူညီနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးအော်ငေါက်ဆဲဆို၍ပြောလိုက်ရာ မောင်နန်လေးသည် အင်မတန်အိန္ဒြေကြီးသောအမူအရာဖြင့် နှုတ်ခမ်းစူခြေဆောင့်ကာထွက်သွားလေသည်။ ဤသို့ဖြင့်မောင်နန်လေးသည် ကျွန်ုပ်အပေါ်သဘောထားကြီးစွာဖြင့်စိတ်ကောက်နေပြီးအိမ်သို့ပေါ်မလာပဲနေရာ သီတင်းအပတ်နှစ်ပတ်ခန့်ကြာမှဘလက်ဘိုင်လိုက်ပြီးပြန်ပေါ်လာ၏။ အဘယ်ကြောင့်ဤသိူ့ဘလက်ဘိုင်လိုက်နေရသနည်းမေးကြည့်ရာ မောင်နန်လေးသည်စင်္ကာပူသို့တကယ်ရောက်သွားကြောင်း၊ အဖြစ်အပျက်များစွာလည်းဖြစ်ပျက်ခဲ့ကြောင်းကျွန်ုပ်အားကျကျနနရှင်းပြရှာလေသည်။ မောင်နန်လေး၏ရှင်းပြချက်များသည် စိတ်ကူးဖြင့်ပင်မကူးနိုင်လောက်သည့်ထူးဆန်းသောအဖြစ်အပျက်များပါနေလေရာ မောင်နန်လေးဖြီးဖြန်းနေခြင်းမဟုတ်၊ အမှန်အတိုင်းပြောနေပေသည်ဟုကျွန်ုပ်က ယုံကြည်မိသည့်အလျောက် ဤလျှို့ဝှက်အပ်သောကိစ္စကိုအများသူငှာလူစုံတုန်းသိစေရန်အလို့ငှာ ရုပ်ရှင်အဖြစ် channel myanmarတွင် တင်ဆက်ပေးလိုက်ပါသည်။ မောင်နန်လေး၏ ပြောပြချက်များအတိုင်းတင်ပြပါမူ ရှုတ်ထွေးနေမည်စိုး၍အများသူငှာနားလည်စိမ့်ငှာစကားလုံးအသူံအနှုန်းများကိုရိုးရိုးရှင်းရှင်းပေါက်ကရတွေ‌ဘာသာပြန်ထားပါသည်။ အောက်တွင်ဖော်ပြထားသော linkမှာဒေါင်းယူပြီးကြည့်တော်မူကြပါကုန်။ #ZawgyiDetective Conan and fist of Blue sapphire the movieတစ်နေ့သ၌ ကျွန်ုပ်၏အိမ်တွင် နိစ္စဓူဝအလုပ်ဖြစ်သော ...
movie


2019