Channel Myanmar

Kenneth Trujillo

Die Hart the Movie(2023)
Die Hart the Movie(2023) Die Hart the Movie(2023)***********************ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင်တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို....File Size :(1.8GB) and (646MB) Quality :Web-Dl 1080P5.1Ch,720p Format…mp4 Duration…01:18:00 Genre : Action, Comedy Subtitle : ...
movie

Die Hart the Movie(2023)

Devotion (2023) 7
Devotion (2023) Devotion (2023)ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle ...
movie

Devotion (2023)

2023
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020