Channel Myanmar

Kerry Bishé

Madame Web (2024)
Madame Web (2024) ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie

Madame Web (2024)

4K HEVC
Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Rupture (2016)
Rupture (2016) Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie

Rupture (2016)

2016
Sex and the City (2008) 5.6
Sex and the City (2008) Sex and the City (2008)==================IMDb Rating - 5.6/10#Unicodeခေါင်းစဉ်ကိုကြည့်ပြီး 21+ ကားထင်နေရင်မှားသွားပါလိမ့်မယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး လာပါပြီ။ နယူးယောက်မြို့သူ ၄ ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်း*****************နယူးယောက်မြို့ကြီးကို လူတွေလာကြတာ ၂ ချက်ပဲရှိတယ် အောင်မြင်မှုနဲ့ အချစ် အတွက်ပဲ....လို့ ခံယူထားတဲ့Carrie Bradshaw , Samantha Jones , Charlotte York , Miranda Hobbes တို့ ၄ ယောက်ဟာ အရမ်းခင်ကြတဲ့ squad ဖြစ်ပါတယ်။ သူတို့ခံယူချက်အတိုင်း သက်ဆိုင်ရာ နယ်ပယ်မှာအောင်မြင်မှုကိုရရှိပြီးတဲ့အခါမှာအချစ်စစ်ကို စူးစမ်းရှာဖွေကြရင်းနဲ့ ဘဝရဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေကို ဘယ်လိုထိန်းကျောင်းကျော်ဖြတ်သွားမလဲ ခံစားရမှာပါ ။ သူငယ်ချင်း ၄ ယောက်ရဲ့ Friendship နဲ့ Relationship ကိုတဝကြီးကြည့်ရှုရမှာဖြစ်ပြီးRomance, Drama ...
movie

Sex and the City (2008)

2008
Argo (2012) 7.7
Argo (2012) ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie

Argo (2012)

2012
How It Ends (2018) 5.2
How It Ends (2018) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Netflix ကတင်ဆက်ပေးလိုက်တဲ့ Sci-Fi ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ How it ends (2018)ပါ။ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့....ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်...အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (860 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr 53min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle ...
movie

How It Ends (2018)

2018