Channel Myanmar

Kevin Hanchard

Dream House (2011) 6.0
Dream House (2011)  ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်‌ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်‌ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie

Dream House (2011)

Suicide Squad (2016) EXTENDED 6.0
Suicide Squad (2016) EXTENDED  Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။Amanda ရဲ့ အကြံအစည်အောင်မြင်မလားဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလားSuicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-Pဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲအထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ဒါ့ကြောင့် ...
movie

Suicide Squad (2016) EXTENDED

2016
From the Vine(2019) 6.0
From the Vine(2019) From the Vine(2019)ရှေ့နေတစ်ယောက်ရှိတယ်...။ အလုပ်မှာတော့ ထူးချွန်ထက်မြက်သလောက်မိသားစုနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ အများကြီးလစ်ဟင်းနေတယ်... ဒါ့ကြောင့် သူ့မိသားစုလေးဟာ နွေးထွေးမှုမရှိဘဲ စိတ်ညစ်စရာတွေနဲ့ပြည့်နက်နေပါတယ်။ သူ့မှာ သမီးတစ်ယောက်ရှိပါတယ်။ သူနဲ့လည်း အဆင်မပြေပါဘူး။ သူဟာ အီတလီမှာရှိတဲ့ သူ့အဖိုးဖွင့်ခဲ့တဲ့ စပျစ်ဝိုင်ခြံဆီကို ပြန်သွားခဲ့ပါတယ်။ အဲဒီကနေစပြီး သူ့ဘဝပြောင်းလဲသွားပါတော့တယ်။ ဘယ်လိုတွေပြောင်းလဲသွားတာလဲ...စပျစ်ခြံက သူ့ကိုဘယ်လိုတွေဆီးကြိုပြီး ဘာတွေများ ပြလိုက်သလဲဆိုတာကိုတော့ ခံစားကြည့်ြကပါဉီး...File Size :(883 MB) and (401 MB) Quality : WEB-DL  720p Format…mp4 Duration…01:37:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Naomi Noe Encoded by Phyo Pyae
movie

From the Vine(2019)