Channel Myanmar
Kevin Pollak
A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie
A Few Good Men (1992)
1992
Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie
Red State (2011)
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie
The Big Year (2011)
Buffalo ’66 (1998) 7.4
Buffalo ’66 (1998) Buffalo '66 (1998)~ IMDb - 7.4/10, Rotten Tomatoes - 76% ~အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ...
movie
Buffalo ’66 (1998)
1998
The Front Runner (2018) 6.1
The Front Runner (2018)  Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie
The Front Runner (2018)
Sweetwater (2023) 5.7
Sweetwater (2023) Sweetwater (2023)ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ်Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ် အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ် ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါ သူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့ NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ် နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ်ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလို ယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့ တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင် လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီး ဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက် သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Sport Quality…. 1080p ...
movie
Sweetwater (2023)
2023
The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie
The Whole Nine Yards (2000)
2000
Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie
Cop Out(2010)
Willow (1988) 7.2
Willow (1988) Willow (1988)~ IMDb rating - 7.2/10 ~"Star Wars & Indiana Jones" အဲဒီဖန်ဒန်ကြီး၂ခုလုံးကို တည်ဆောက်ဖန်တီးခဲ့တဲ့ George Lucas ကို မသိတဲ့လူမရှိပါဘူး။ တစ်ခေတ်တစ်ယောက် ဆရာ့ဆရာကြီးဖြစ်ခဲ့သလို ဒီရုပ်ရှင်ကလည်း သူ့ဇာတ်လမ်းပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နောက်ယူနီဗာ့စ်ကြီးတစ်ခုပေါ့။ဒီရုပ်ရှင်က လူးကတ်စ်ရဲ့ မှော်ဇာတ်လမ်းပေါ့။ ရိုက်တာကတော့ ရွန်ဟောင်းဝတ်။ ဒီနှစ်ထဲတင် Thirteen Lives ထွက်ထားတဲ့၊ တစ်နှစ်ထဲမှာတင် Best Director ရော Best Picture ဆုပါရဖူးတဲ့ နာမည်ကြီးဒါရိုက်တာပါပဲ။ ကားကတော့ fantasy ကိုမှ LoTR တို့ ဘာတို့ကို ပိစိလောက်ဆင်နေတဲ့ပုံစံ။ ဇာတ်ကတော့အရမ်းကြီးမကြီးကျယ်ဘူး။ မကြီးကျယ်ဆို ဒီတစ်ကားပဲရှိသေးပေမဲ့ ဒီတစ်ကားက အစကနဦးလို့ပဲပြောရမယ်။ ရှေ့အများကြီးဆက်ရင်တော့ ဘယ်လိုဖြစ်လာမလဲပြောမရပေါ့။ သို့ပေမဲ့ နောက်နှစ်လလောက်ကျရင် ဒီကားရဲ့အဆက် ဇာတ်လမ်းတွဲထွက်လာမှာပါ။ သို့ပေမဲ့ သူကတော့ LoTR ...
movie
Willow (1988)
1988
End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie
End of Days (1999)
1999
Injustice 2021
Injustice 2021 Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00  Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie
Injustice 2021
Three Christs (2020) 5.9
Three Christs (2020) Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
Buffalo ’66 1998 7.5
movie
Buffalo ’66 1998
Apparition (2019) 3.9
Apparition (2019) အခုတစ်ခါကား​လေးက​တော့ CMပရိသတ်​တွေအကြိုက်​တွေ့မယ်horrorကား​ကောင်း​လေးတစ်ကားပါတခြားHorrorကား​တွေနဲ့မတူပဲ အက်ပလီ​ကေးရှင်းတစ်ခုနဲ့ဝိညာဥ်​လောကကိုချိတ်ဆက်ပြီးဆက်သွယ်တဲ့ပုံစံမျိုးရိုက်ကူးထားတဲ့ဇာတ်ကား​လေးပါပရီစတန်ဆိုတဲ့ က​လေး​ထောင်လိုမျိုး​ကျောင်းမှာဝှိုက်ရယ် ​လောရီရယ် ကင်းရယ် ​ဟေးရယ် ကြီးကြပ်ကြတယ်အဲ့မှာအိမ်သန့်ရှင်း​ရေး​ဝေယျာဝစ္စ​တွေလုပ်​ပေးတဲ့အန်နာလည်းရှိခဲ့တယ် အဲ့မှာ​တော့​ကောင်​လေး၇​ယောက်ကိုထိန်း​ကျောင်း​နေခဲ့ကြတာ​ပေါ့ နှစ်၂၀ကြာပြီးတဲ့​နောက်မှာ​တော့ ဝှိုက်ရဲ့သား​အကြီးဆုံး ဒက်ရခ်နဲ့ ကင်းရဲ့သမီးစကိုင်လာတို့ရဲ့လက်မထပ်ခင်အကြိုညစာစားပွဲကျင်းပခဲ့ကြတယ်ဝှိုက်ရဲ့အငယ်ဆုံးသားဆမ်က​တော့ appတစ်ခုကိုဖန်တီး​နေတာ​ပေါ့​လောရီရဲ့သား နိတ်ရယ် ​ဟေးရဲ့သမီး ​တေလာရယ် ဆမ်ရယ်ဒယ်ရခ့်ရယ် စကိုင်လာရယ် သူတို့အားလုံးဟာသူငယ်ချင်း​တွေ​ပေါ့ညစာစားပွဲပြီးတော့ ဆမ် ဖန်တီးထားတဲ့ appတစ်ခုကိုသူတို့၅​ယောက်စမ်းသပ်ခဲ့ကြတယ်အဲ့app​ကကိုယ့်မိသားစုထဲက​သေဆုံးသွားတဲ့သူနဲ့ ချိတ်ဆက်​ပေးနိုင်တယ်ပထမဆုံးစမ်းကြည့်တဲ့သူက​တော့​တေလာပေါ့သူမရဲ့ဆုံးပါးသွားတဲ့အဖွား​နေခဲ့တဲ့​နေရာကိုappက​ဖော်ပြပြီးသူတို့အဲ့​ညွှန်ပြတဲ့အတိုင်းသွားခဲ့ကြတယ်တကယ်ပဲသူမရဲ့အဖွားဆက်သွယ်တာဖြစ်​နေခဲ့တယ်​နောက်ထပ် စကိုင်လာကစမ်းကြည့်ခဲ့တယ်appညွှန်ပြတဲ့တည်​နေရာကပရီစတန်​ကျောင်းဖြစ်​နေခဲ့တယ်ပရီတန်​ကျောင်းနဲ့ သူတို့​တွေဘယ်လိုပတ်သက်​နေလဲဘာ​ကြောင့်သူမအလှည့်ကျမှသူတို့မိဘ​တွေအလုပ်လုပ်ခဲ့တဲ့​နေရာဖြစ်​နေရတာလဲ ​နောက်ပိုင်းဘယ်လို​တွေ​ခြောက်လန့်ခံရမလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ File Size : ( 776 MB , 284 ...
movie
Apparition (2019)
Comedy Central Roast of Bruce Willis(2018) 6.7
Comedy Central Roast of Bruce Willis(2018) Comedy Central Roast of Bruce Willis(2018)(unicode)အခုတင်ဆက်ပေးမှာကတော့ ရုပ်ရှင်ချစ်ပရိတ်သတ်တိုင်း မသိသူမရှိလောက်တဲ့ ‘Die Hard’ မင်းသားကြီး ဘရုစ်ဝီလစ်ကို အမှန်အကန် တိုက်ခိုက်ပြီး ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ‘Comedy Central Roast’ လို့ခေါ်ပြီးတော့ ဟောလိဝုဒ်က နာမည်ကျော်တွေ တက်ရောက်ကာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ကို တည်ပြီး မြှောက်ပေးသလိုလိုနဲ့ အားရပါးရ အောက်ကိုရိုက်ချကာ ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဘရုစ်မတိုင်ခင် ဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့်က အတိုက်ခိုက်ခံ တင်ဆက်ခဲ့ပြီးတော့မှ သမ္မတာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဘရုစ်နဲ့ ရင်းနီးတဲ့ အနုပညာလောကက လူတွေက သူ့ကိုအမျိုးမျိုး ဖောင်းထုပြီး ဟာသလုပ်ထားတာကို ရီမောခံစားရမှာပါ။ ဒီဘိုးတော်ကြီးရဲ့ကားတွေရင်းနှီးလေ ပိုပြီး ကြည့်လို့ကောင်း ရယ်လို့ကောင်းလေဖြစ်တဲ့အပြင် အခြားနာမည်ကျော်မင်း သားမင်းသမီးတွေကိုလည်း တစ်ပြိုင်နက်ဆုံစည်းရမှာဖြစ်ပါတယ်.... တော်တော်ကို ပွင့်လင်းစွာပြောဆိုတာဖြစ်တဲ့အတွက် စကားလုံးတွေကတော့ အနည်းငယ်ကြမ်းနိုင်ပါတယ် ...တချို့ဟာသတွေက သမိုင်းနဲ့ချီစဉ်းစားရတဲ့အတွက် သူ့အမာခံပရိသတ်တွေအတွက်ဆို ပိုပြီးဟာသမြောက်မှာပါ။ ပြီးတော့ ခင်ဗျားတို့ ဒီကားကြည့်ရင် ပျင်းစရာများကောင်းနေမလားဆိုတဲ့သံသယအတွေးကို ဟိုး ...
movie
Comedy Central Roast of Bruce Willis(2018)
Teacher (2019) 72
Teacher (2019) ဒီကားလေးကတော့IMDb 7.2တောင်ရထားတဲ့တကယ့်ပညာပေးဇါတ်ကားကောင်းတစ်ကားပါEnglishဆရာတစ်ယောက်ဖြစ်တဲ့ လူးဝစ်ဟာသူ့အတန်းထဲကျောင်းသားတစ်ယောက်ဟာအတန်းထဲကကလေးတွေကိုအနိုင်ကျင့်နေတာကိုတားဆီးချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အဲဒီကျောင်းသားရဲ့မိဘတွေကချမ်းသာတာကြောင့်ကျောင်းကလည်းအရေးမယူပဲမျက်နှာလွှဲထားကြပါတယ်နောက်ဆုံးသူအနိုင်ကျင့်တာကိုခံရတဲ့စုံတွဲမှာကောင်လေးကလည်းမျက်လုံးကန်းကောင်မလေးကလည်းသတ်သေတဲ့အထိတွေဖြစ်လာတော့လူးဝစ်တစ်ယောက်သူကိုယ်တိုင်အဲဒီကောင်လေးကိုဖမ်းဆီးဖို့လုပ်ပါတော့တယ်သူဘယ်လိုတွေအကွက်ချပြီးကောင်လေးကိုဖမ်းမလဲဒါပေမယ့်လည်းအဲဒီလိုလုပ်ရင်းကောင်လေးဒီလိုတွေဖြစ်နေရတဲ့အကြောင်းရင်းကိုလူးဝစ်တစ်ယောက်သိသွားချိန်မှာဘယ်လိုဖြေရှင်းမလဲဆိုတာကိုကြည့်ရမှာပါ File Size : ( 938 MB , 275 MB )Quality :  WEB-DL 720pRunning Time : 1 hr 40minFormat : Mp4Genre : Drama Subtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Teacher (2019)
2019
Casino(1995) 8.2
Casino(1995) Casino(1995) IMDb......8.2,,,Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ် ...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်....ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ... .Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam AceRothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ် ...သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ဘယ်ဝိုင်းက ထိုသားအခြေအနေ လောင်းေ ကြးတွေက ဘယ်သူ့ဘက်အလေးသာနေတယ် ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင် ်စွမ်းရှိတယ်..တစ်ဆက်ထဲ သူလိုချင်တဲ့အနေအထားကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကု ိ ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစား တစ်ယောက်ကိုသူ့အနားမှာထားပေးတယ်...အဲ့ဒီအလုပ်ကိုသူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံ ရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ.....ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး...... ဒီကားကတစ်ချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တစ်ချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်....File Size…(950MB) Quality…BluRay 720p Format…mp4 Duration…02:58:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Theint Yadanar Oo
movie
Casino(1995)
1995
The Usual Suspects(1995) 8.6
The Usual Suspects(1995) IMDB..........8.6 Rotten.....96% IMDbနဲ့ Rottenကိုကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ရိပ်စားမိမယ်လို့ထင်ပါတယ် ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေး တွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သီးခံပေးပါ.......တစ်ယောက်နဲ့တစ်ယောက် အမြင်တော့နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်....... ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာလမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် ...
movie
The Usual Suspects(1995)
1995