Channel Myanmar

Kevin Wiggins

Naked Fear (2007)
Naked Fear (2007) Naked Fear (2007) Genre – Thriller, Horrorဒွိုက်ဆိုတဲ့အရာရှိဟာ မြို့ပြောင်းလာပါတယ်သူ ပြောင်းလာတဲ့မြို့မှာ လူပျောက်တွေအတော်များပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြပါဘူး။ တစ်ဖက်မှာလည်း ဒိုင်ယာနာဆိုတဲ့ကောင်မလေးဟာနယ်မြို့လေးကနေ အလုပ်လုပ်ဖို့ဆိုပြီး မြို့ထဲကို ရောက်ရှိလာပါတယ်။ထင်ထားသလိုမဟုတ်ပဲ အဖော်အချွတ်မယ်အဖြစ် လုပ်ကိုင်ရလို့စိတ်ညစ်နေပေမဲ့လည်း အကြွေးတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ပိုက်ဆံပိုဝင်အောင်ဆိုပြီး ဖောက်သည်လိုက်သွားရာကနေလာခေါ်တဲ့လူက အမဲလိုက်ဝါသနာသူဖြစ်ပြီးတိရစ္ဆာန်တွေကို လိုက်ရတာ သဘောကျသူမဟုတ်ပဲ ကောင်မလေးတွေတုံးလုံးပြေးတာကို သဘောကျနေတဲ့လူ ဖြစ်နေသောအခါ…။ (ဇာတ်ကားနာမည်အတိုင်းပါပဲ အမျိုးသမီး ကိုယ်လုံးတီးခန်းတွေပါဝင်သောကြောင့် ကြည့်ရှုသူများ သတိပြုစေလိုပါတယ်)  File size…      3.4 GB /   1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
movie

Naked Fear (2007)

The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
Sweetwater (2013) 6.2
Sweetwater (2013) Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie

Sweetwater (2013)

2013
Sicario (2015) 7.6
Sicario (2015)  Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆိုငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေးထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင်ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆိုရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrivalတို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်းခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီးThanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင်လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt ...
movie

Sicario (2015)

2015
4K HEVC
Surrounded (2023) 5.5
Surrounded (2023) IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့‌ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။ File size…(1.3 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p ...
movie

Surrounded (2023)

The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013
Felon(2008) 7.4
Felon(2008)  အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie

Felon(2008)

A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
Odd Thomas (2013) 6.8
Odd Thomas (2013) Odd Thomas (2013)IMDb - 6.8CM ပရိသတ်ကြီးရေခင်ဗျားတို့မှာ အများနဲ့ မတူ၊ သဘာ၀နဲ့ ဆန့်ကျင်နေတဲ့ စွမ်းရည်တစ်ခု ရှိနေမယ် ဆိုပါစို့ စိတ်ဖတ်နိုင်တာတို့ ၊ ကိုယ်ဖျောက်နိုင်တာတို့ ၊ အချိန်ခရီးသွားနိုင်တာမျိုးတော့ မဟုတ်ဘူးဗျသေခြင်းတရားကို မြင်နိုင်ခြင်းပါ ရှင်းအောင်ပြောရရင် နာနာဘာ၀တွေကို မြင်နိုင်ခြင်းပေါ့အဲဒီအစွမ်းရှိနေရင် ခင်ဗျားတို့ ဘာလုပ်မလဲကျွန်တော်လိုလူကတော့ အဲဒီအစွမ်းသာရှိနေရင် လောကကြီးမှာ နေနိုင်မယ်မထင်ဘူး ဘ၀မှာ သေမှာထက်ကြောက်တာ သရဲပဲဗျ :3သိုပေမဲ့ Odd Thomas ဆိုတဲ့ လူကတော့ ဒီစွမ်းရည်နဲ့ အကျွမ်းတ၀င်ရှိနေပုံပါပဲသူက အားလုံး အမြင်မှာတော့ သာမန်လူ အညတရ စားဖိုမှူး တစ်ယောက် ပတ်၀န်းကျင်မှာ အများနည်းတူ လှုပ်ရှားသွားလာနိုင်သူပေါ့မတူတာတစ်ခုကတော့ အမှောင်လောက က သာမန်မဟုတ်တဲ့ အရာတွေကို မြင်နေနိုင်တဲ့ သူရဲ့ မြင်ကွင်းပါပဲတစ်ခါတစ်ရံ နာနာဘာ၀တွေက တရားမျှတမှုအတွက် သူ့ထံရောက်လာကြသလို အကူအညီရဖို့အတွက်လည်း အိပ်မက်တွေ ပေးလေ့ရှိကြတယ်ဒီလိုတွေထဲမှာမှ ထူးခြားတာကတော့ Bodachs လို့ ခေါ်တဲ့ မကောင်းတဲ့လူနောက် လိုက်တဲ့ အမှောင်လောက သတ္တဝါဆိုးတွေပါပဲ သူတို့က ...
movie

Odd Thomas (2013)

2013
Arizona 5.7
Arizona  CM Fan တွေ အတွက် ဒီတစ်ခေါက်မှာတော့မတင်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာသိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါတိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်စျေးတွေ တက်လာမယ် ခြံစျေးတွေတက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင်အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီးမဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါလောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်ပေါ့....  သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကိုကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကိုမတန်တဆ စျေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်...တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူမော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ကို သတ်ဖြတ်ပြီး ကတ်ဆီကိုပြန်ပေးဆွဲခဲ့ပါတော့တယ် ရဲရော ဘယ်အဖွဲ့အစည်းကိုမှဆက်သွယ်မရအောင် ခေါင်တဲ့ ...
movie

Arizona

2018