Channel Myanmar

Khalil Ramos

As If It’s True (2023) 5
As If It’s True (2023) As If It's True (2023) "တကယ်ဆိုရင်..." IMDb - 5/10"One More Chance"လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့ Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီး ဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။ အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက် လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင် သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့ တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size…  1.3GB | 559MB Format… ...
movie

As If It’s True (2023)

2024
She’s Dating the Gangster (2014) 7.0
She’s Dating the Gangster (2014) She is Dating the Gangster IMDb 7/10 Romance and Drama"ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ" လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She's Dating the Gangster ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့... မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42  မှာဝင်ကြည့်ပါ။720p HD ကို ...
movie

She’s Dating the Gangster (2014)

Dead Kids (2019) 5.5
Dead Kids (2019) ဒါကတော့ Netflixကထုတ်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းလေးပါ။ပထမတော့ ratingကြည့်ပြီး ငကြောင်ကားများလားထင်မိပေမယ့်အဲ့လိုမဟုတ်ပါဘူး။Based on true eventပါတဲ့။ဆန်တာမာရီယာဆိုတာ နယ်ကနေလာပြီးအဒေါ်အိမ်မှာငှားနေကာကျောင်းတက်နေတဲ့ပညာသင်ဆုရ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက်။သူတို့ကျောင်းမှာ ပိုက်ဆံရှိပြီးဆောင့်ကြွားကြွားနေတဲ့သူတွေအများသား။အဲ့ထဲမှာ ချက်ဆိုတဲ့ကောင်လေးကအဆိုးဆုံးသူ့အဖေအရှိန်အဝါနဲ့နာမည်ကြီးပြီး ကျောင်းမှာအနိုင်ကျင့်တဲ့သူပေါ့။တစ်ရက်တော့ ချက်နဲ့ညိထားတဲ့ကောင်လေးသုံးယောက်ကဆန်တာမာရီယာကို အလုပ်တူတူတွဲလုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ချက်ကိုပြန်ပေးဆွဲပြီး သူ့အိမ်ကိုငွေတောင်းဖို့ပေါ့။ပြန်ပေးဆွဲပြီး ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားရင်တော့ ကြည့်ရှုလိုက်ပါအုံး။ဇာတ်လမ်းနာမည်Dead kidsဆိုတာ ‌သူဌေးသားတွေပဲနာမည်ကြီးနေတဲ့ကျောင်းမျိုးမှာမထင်ရှားတဲ့ကျောင်းသားတွေကိုရည်ညွှန်းတာပါ။ File Size : (881 MB , 331 MB )Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ThrillerSubtitle : Myanmar ...
movie

Dead Kids (2019)

2019