Channel Myanmar

Khristian Lupo

Universal Soldier: The Return (1999) 4.2
Universal Soldier: The Return (1999) ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ...
movie

Universal Soldier: The Return (1999)

Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

Soldier(1998) 6.0
Soldier(1998)    ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ...
movie

Soldier(1998)

The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005