Channel Myanmar

Kiera Bell

The Great Escaper (2023) 7.2
The Great Escaper (2023)  ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာမင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီးကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ဇာတ်လမ်းအနှစ်ချုပ်ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီးပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာနေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာဘယ်သူမှမသိကြပါဘူး။အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာတခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းကစိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါသေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေးချွတ်ယွင်းလာတာကို ...
movie

The Great Escaper (2023)

Ready Player One (2019) 7.8
Ready Player One (2019) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie

Ready Player One (2019)

2018
4K HEVC
Breathe (2017) 7.0
Breathe (2017) အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie

Breathe (2017)

2017