Channel Myanmar

Kim Chiu

I Love You Goodbye (2009) 5.8
I Love You Goodbye (2009) I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့‌မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie

I Love You Goodbye (2009)

2009
U-Turn (2020) 5.9
U-Turn (2020) 2018 တုန်းကအိန္ဒိယကားတစ်ကားကို ဖိလစ်ပိုင်နိုင်ငံကပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့သည်းထိတ်ရင်ဖို horror အမျိုးအစားဖြစ်ပါတယ်။ဒွန်နာဆွာရက်ဇ် ဟာ သတင်းထောက်မတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အလုပ်သက်တမ်း ၇နှစ်ရှိပြီဖြစ်ပေမယ့်လည်း ​ပြောင်းလဲတိုးတက်မှုရှိမလာတာကြောင့်အရေးပါတဲ့သတင်းစုံစမ်းရမယ့်အခွင့်အရေးကိုစောင့်​မျှော်နေသူဖြစ်ပါတယ်။ တစ်နေ့မှာဒွန်နာရဲ့ဘော့စ်ဟာဂငယ်ကွေ့ လမ်းမနေရာတစ်ခုကယာဥ်မတော်တဆမှုကိုစုံစမ်းဖို့ အသိပေးတဲ့မက်ဆေ့ကိုဒွန်နာ့ဆီလူမှားပို့ခဲ့တဲ့အခါဒွန်နာဟာအခွင့်အရေးကိုလက်လွှတ်မခံပဲ သတင်းအမိအရစုံစမ်းပါတော့တယ်။အခင်းဖြစ်ရာကိုရောက်တဲ့အခါမှာ သူ့ရဲ့ဘော့စ်တွန်းအားပေးခဲ့သလို လူတွေစိတ်ဝင်စားအောင်ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ ဆန်းသစ်ကြေညာခဲ့ပြီး ဒွန်နာရဲ့သတင်းဗီဒီယိုဟာ အင်တာနက်မှာလူကြည့်များသွားခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ ဒွန်နာချစ်ရတဲ့မိသားစုဝင်တစ်ဦးဟာလည်းအဲ့ ဂငယ်ကွေ့နေရာကဖြတ်ပြီးအိမ်ကိုပြန်လာခဲ့တဲ့ညမှာ သေဆုံးသွားတဲ့အခါစိတ်ပျက်ဝမ်းနည်းစွာနဲ့ သူသေဆုံးရတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒွန်နာဟာ ဂငယ်ကွေ့လမ်းကိုဝင်ဖို့လုပ်တဲ့ဆိုင်ကယ်တစ်စီးကိုတားစီးသတိပေးနေတဲ့အိမ်ခြေမဲ့လူကြီးတစ်ယောက်ကိုတွေ့ခဲ့ပြီးထိုလူကြီးက ဒီဂငယ်ကွေ့လမ်းကဖြတ်တဲ့သူမှန်သမျှသေဆုံးကြကြောင်းပြောပြပြီးဒွန်နာ့ကို လမ်းဖြတ်ကွေ့ခဲ့တဲ့ယာဥ်နံပါတ်တွေမှတ်ထားတဲ့စာရွက်လေးတစ်ခုပေးလိုက်ပါတယ်။ဒွန်နာဟာအဲ့နံပါတ်တွေရဲ့ပိုင်ရှင်တွေကိုစုံစမ်းကြည့်လိုက်တဲ့အခါ မကြာသေးခင်ကသေဆုံးခဲ့သူတွေဖြစ်နေတာကို သိလိုက်ရပါတော့တယ်။စာရင်းထဲကနောက်ဆုံးလူဟာအသက်ရှင်နေသေးတာကိုသိလိုက်ရတဲ့အခါ ထိုလူဆီအရောက်သွားပြီး ဂငယ်ကွေ့ကွေ့ခဲ့သူတွေဘာကြောင့်သေကုန်လဲသိရအောင် ကြိုးစားပါတော့တယ်။သင်ဟာ အာရှ horror ဇာတ်လမ်းတွေကြိုက်နှစ်သက်သူ၊ slow-burn ဇာတ်လမ်းမျိုးမဟုတ်ပဲသွက်သွက်လက်လက်သွားတဲ့ horror ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူဆိုရင်တော့ဒီဇာတ်လမ်းကိုလက်မလွှတ်ဖို့ပြောလိုက်ချင်ပါတယ်။ Translated by : Pyi T Nyein Encoded by : YKFile Size : 1.4GB and 805MBQuality : 1080p NF WEB DL and ...
movie

U-Turn (2020)

2020