Channel Myanmar

Kim Gi-bang

Almost Che (2012) 6
Almost Che (2012) Almost Che (2012)ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ...
movie

Almost Che (2012)

2012
White: The Melody of the Curse (2011) 6.0
White: The Melody of the Curse (2011) White: The Melody of the Curse (2011) IMDb - 6.0/10_____Rotten - 52%    ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့ Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့  သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာ ဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်... ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်... တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်... တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်... အသိပေးကြတယ်... ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား... ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး.. သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲ စိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာ အသေဆိုးနဲ့သေကြတာပါပဲ... ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်း သနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ.. သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်.. ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိ ဝေဒနာတွေခံစားသွားရလို့ပါ...    သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာ အဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ... အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးက ဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်.. ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်... ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာ သူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ... တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်.. ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကို ခံစားရပါတယ်.. ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့် လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်... Rating 6 ရရှိထားပါတယ်... Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်... ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်...    (ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး...)    File Size : (770 MB) Quality : 720p HDRip Running Time : 1hr 46min Format ...
movie

White: The Melody of the Curse (2011)

2011