Channel Myanmar

Kim Jong-min

Persona : Sulli (2023) 8.8
Persona : Sulli (2023) 'Persona: Sulli' အညွှန်းအခုအချိန်ထိ ရင်ထဲမှာတသသနဲ့ လွမ်းဆွတ်ရဆဲဖြစ်တဲ့ နတ်သမီးမလေး Sulli (or) ချွဲဂျင်လီရဲ့ ဘဝခရီးကို Documentary အဖြစ် ဖန်တီးထားတဲ့ “Persona: Sulli” ဆိုတဲ့ documentary film လေးကို တင်ဆက်ပေးလိုက်ပါတယ်။အောင်မြင်မှုရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ရတဲ့အမျိုးသမီးလေးတစ်ယောက်အကြောင်း ၊ လူထုရဲ့မျက်စိရှေ့မှာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရောက်ရှိသွားခဲ့တဲ့ အတွေ့အကြုံတွေ ခံစားချက်တွေအကြောင်း..။ဒါလေးကိုကြည့်ခြင်းအားဖြင့် Sulli ဆိုတဲ့ကောင်မလေး ကြုံတွေ့ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ဘဝအလွှာအထပ်ထပ်တွေ ၊ အောင်မြင်မှုရဲ့ဖိအားတွေ ၊ သူနဲ့မကိုက်ညီခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသေသတ်မှတ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ ၊ social phobia နဲ့ cyberbullying အစရှိတာတွေကို ခံစားနားလည်လာရမှာပါ။ချွဲဂျင်လီ (သို့) Stage Name Sulli လို့ခေါ်တဲ့ K-pop idol ကောင်မလေးရဲ့ ဘဝခရီးကို ပုံဖော်ထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးဟာ Sulli ကို ချစ်ခင်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်ချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်နော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ ...
movie

Persona : Sulli (2023)

2023
[18+] Wet Dreams (2002) Mongjunggi 5.4
[18+] Wet Dreams (2002) Mongjunggi Sex is Zero လို ကျောင်းသားဟာသကားတွေကြိုက်တတ်ရင်တော့ Wet Dreams ဆိုတဲ့ ဒီကိုရီးယားကားမှာလဲ ခွီရဦးမှာပါ။ဒေါင်ဟွန်း ဆန်းမင်း ယောင်ဂျေး ဆွတ်ဂူးတို့ဟာယောက်ျားလေးသီးသန့်ကျောင်းမှာတက်ရောက်နေတဲ့ လူပျိုဖော်ဝင်စ၊အပျံသင်စ လိင်မှုကိစ္စကိုထဲထဲဝင်ဝင်နှိုက်နှိုက်ချွတ်ချွတ်စိတ်ဝင်တစား စူးစမ်းချင်စပြုလာတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်။ အဲ့ဒီကျောင်းကိုမှ သူတို့နဲ့အသက်ချင်းသိပ်မကွာတဲ့ ငယ်ငယ်လှလှ ဆရာမလေးတစ်ယောက်က အလုပ်သင်အဖြစ်ဝင်လာတဲ့အချိန်မှာတော့ အဲ့ဒီဆရာမလေးနဲ့ နီးစပ်ခွင့်ရဖို့အရေး သူတို့တွေအလောင်းအစားနဲ့အကြံအဖန်လုပ်ကြတဲ့အထိဖြစ်လာပါတော့တယ်။အဲ့ဒီဆရာမလေးကလဲ ကိုယ်ပိုင်ဇာတ်လမ်းရှိပါတယ်။ ဆရာမလေးရဲ့တစ်ဖက်သတ်အချစ်ဦး ဆယ်ကျော်သက်တုန်းက တဖက်သတ်ကြိတ်ကြွေခဲ့ရတဲ့ ဆရာအစ်ကိုကြီးဟာ အဲ့ဒီကျောင်းမှာကျောင်းဆရာအဖြစ်ရှိနေလို့ဒီကျောင်းကိုမရောက်ရောက်အောင် ဖန်တီးယူခဲ့တာဖြစ်နေလို့ပါပဲ။ဆရာမလေးကသူ့ဇာတ်လမ်းနဲ့သူ့ချစ်ရသူကိုနီးစပ်ခွင့်ရဖို့ကြိုးစားသလို ဒေါင်ဟွန်းတို့လေးယောက်ကလဲ ဆရာမလေးလက်ကိုကိုင်ဖို့၊ အောက်ခံဘောင်းဘီ ဘာရောင်လဲဆိုတာမြင်ရဖို့တို့ ညစ်တီးညစ်ပတ်အလောင်းအစားတွေနဲ့ကြိုးစားနေရင်းက ဒေါင်ဟွန်းဟာ ဆရာမလေးအပေါ် တစ်ပါးသူ စကားနဲ့ထိပါးလာရင်တောင်မခံချင်မခံမရပ်နိုင်ဖြစ်လာတဲ့အထိမေတ္တာရှိမြတ်နိုးသွားမိတဲ့အခါမှာတော့..။စိတ်ကူးယဉ်တတ်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ အိမ်မက်ပင်လေးကိုပျိုးမိတော့တာပါပဲ၊ သူ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်မလဲ? ဆရာမလေးရဲ့ အထက်တန်းကျောင်းကတည်းကစခဲ့တဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကရော? ဇာတ်သိမ်းကတစ်ခုပဲလှဖို့ရှိပါတယ်။Wet Dream ဟာကျွန်တော်တို့ဆီမှာနာမည်ကျော်ဖြစ်တဲ့ Sex is Zero နဲ့ တစ်နှစ်ထဲထွက်ရှိခဲ့ပြီး အပြိုင်နာမည်ကြီးခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ကိုရီးယားလှိုင်းအစရုပ်ရှင်တွေထဲမှာတစ်ကားအပါအဝင်ဖြစ်ပြီးကြည့်ဖူးတဲ့သူတွေဆို တစ်ချို့ဇာတ်ကွက်တွေကိုမှတ်မိကြဦးမှာပါ။သူတို့သူငယ်ချင်းလေးယောက်ရဲ့လိင်ကိစ္စ စပ်စုပုံ၊စူးစမ်းပုံတွေ၊ ဆရာမလေးအနားကပ်ခွင့်ရဖို့ကြိုးစားကြပုံတွေဟာ အသေခွီနေရပြီးကိုယ့်ငယ်ဘဝကိုယ်ပြန်အမှတ်ရစရာတိုက်ဆိုင်မှုလေးတွေကိုပါမြင်ရတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းရဲ့အဆုံးမှာ Credit scene ဆန်ဆန်တစ်ခန်းပါဝင်ပြီး၊ အဲ့ဒီနေရာမှာ ဆရာကြီးတစ်ယောက် Cameo အဖြစ်စပရိုက်တိုက်ထားပါတယ်။Wet Dreams 2 ဆက်ထွက်ခဲ့ပြီး Wet ...
movie

[18+] Wet Dreams (2002) Mongjunggi