Channel Myanmar

Kim Jung-young

Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) 7.4
Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022) Gyeong-ah's Daughter (2022)အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ...သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး(ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။)File Size : 1.6GB, 563MB & 275MB Quality : 1080p ...
movie

Gyeong-ah’s Daughter (a.k.a) Mother and Daughter (2022)

2022
Bad Guy (2001) 6.6
Bad Guy (2001) Bad Guy (2001)တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ...
movie

Bad Guy (2001)

2001
The Day I Died: Unclosed Case (2020) 7.3
The Day I Died: Unclosed Case (2020) The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie

The Day I Died: Unclosed Case (2020)

2020
Spring, Summer, Fall, Winter… and Spring (2003) 8.0
Spring, Summer, Fall, Winter… and Spring (2003) Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြ‌ီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်‌သေးသမျှတော့ ...
movie

Spring, Summer, Fall, Winter… and Spring (2003)

2003
Our Body (2019) 5.9
Our Body (2019) [Unicode]Korea နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပြီး ပြီးသား အသက်လတ်ပိုင်းအရွယ် independent woman တစ်ယောက်ရဲ့ နေထိုင်မှုကို လက်တွေ့ဆန်ဆန် အပါအဝင် ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်ပါတယ် ။တက္ကသိုလ်ပြီး ပြီးသား အစိုးရဝန်ထမ်း ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အခါခါ ကျဆုံးနေတဲ့ ယွန်းဂျာယောင်းဟာ နောက်ဆုံးမှာ ရည်မှန်းချက်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်တစ်နေ့ အွန်လိုင်းပေါ်မှာ မရပ်မနား ပြေးကြတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့ကျင့်ခန်းဟာ တစ်ခါတရံမှာ လူတွေရဲ့ စိတ်ခွန်အားနဲ့ အင်အားတွေကို ပေးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်ပြီး အဖွဲ့ကို ဝင်ဖြစ်ခဲ့တော့ ဟွန်းဂျူ ဆိုတဲ့ အပြေးသမား ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရရှိလာတဲ့ မိတ်ဆွေတွေကြောင့် စိတ်ဓာတ်ခွန်အားတွေ ပြန်ရလာပြီး သူမ လုပ်ချင်တဲ့အရာကို ပြန်လည်ရှာဖွေခဲ့ပါတယ်။အထူးသဖြင့် ဟွန်းဂျူ ဆီကပေါ့။အချိန်ပိုင်းတစ်ခု လုပ်ရင်း မကောင်းပြောတဲ့လူတွေရဲ့စကားတွေကို ဥပက္ခာပြုပြီး ဘဝကို လက်တွေ့ကျကျပြန်လည် ရှင်သန်ဖို့ကြိုးစားခဲ့တော့တယ်။လက်မထပ်ရသေးတဲ့ ...
movie

Our Body (2019)

Kim Ji-young, Born 1982(2019) 7.6
Kim Ji-young, Born 1982(2019) Kim Ji-young, Born 1982(2019)IMDb...7.6(unicode)ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပါ... ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြားအတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်...နာမည်ကြီးသရုပ်ဆောင် Yoo Gong အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်..Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ...တခြားဇာတ်ညွှန်းတွေတော့မရေးတော့ပါဘူး... တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoiler ဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....(zawgyi)ဒီဇာတ္ကားက နာမည်ကျော်ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပါ... ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြားအတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်...နာမည်ကြီးသရုပ်ဆောင် Yoo Gong အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်..Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ...တခြားဇာတ်ညွှန်းတွေတော့မရေးတော့ပါဘူး... တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoiler ဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : (950 MB) and (402 MB) Quality : HD-Rip 720p Format…mp4 Duration…01:58:00 Genre ...
movie


The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie

The Piper (2015)

2015