Channel Myanmar
Kim Nam-gil
Handphone (2009) 6.6
Handphone (2009) Handphone (2009)ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ... ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ...ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | ...
movie
Handphone (2009)
2009
A Man of Reason (2023) 6.3
A Man of Reason (2023) A Man of Reason (2023)Jung Woo Sung, Kim Nam Gil, Park Sung Woong တို့လို နာမည်ကြီးတွေ cast တွေ ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းကောင်းလေးကို တင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကတော့ ဘော့စ်ရဲ့ကိုယ်စား ထောင်ထဲမှာ ၁၀ ကျော်ကြာအောင် အစားဝင်နေပေးခဲ့တဲ့ ဆူဟျော့ဟာ ထဒထောင်က လွတ်လာတဲ့အချိန်မှာ သမီးလေးတစ်ယောက်ရှိနေတာကို သိသွားတဲ့အချိန်မှာ သာမန်လူအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်ပါတော့တယ်ဒါပေမဲ့ လူမိုက်လောက ဆိုတာ ဝင်ချင်တိုင်း ထွက်ချင်တိုင်းထွက်လို့ မရတာမို့ အခက်တွေ့နေပြီး တစ်ဖက်မှာလည်း သူ့ကိုရှင်းပစ်ချင်တဲ့လူတွေရှိနေပါသေးတယ်ဝူဂျင်းကတော့ ကြေးစားလူမိုက်ဖြစ်ပြီး မိုက်တာလိုလို မမိုက်တာလိုလိုပါပဲ... မိုက်ချင်ယောင်ဆောင်ပေမဲ့ တကယ်တမ်းကျမမိုက်နိုင်တဲ့လူမျိုးပါ.. ခပ်မိုက်မိုက်ပုံစံနဲ့ ပိုက်ဆံယူပြီး တကယ့်လူမိုက်ကိုမှ သွားရှင်းရမယ့် အဖြစ်ကိုကြုံတဲ့အခါမှာတော့...ဘယ်လိုတွေဖိုက်ကြမလဲ.. ဘယ်လိုတွေကြမ်းမလဲဆိုတာ ကြည့်ပေးကြပါဦး မင်းသားကြီးတွေချည်း ပါဝင်ထားတဲ့ရုပ်ရှင်မို့လို့ သဘောတွေ့ကြမယ်လို့တော့ မျှော်လင့်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | ...
movie
A Man of Reason (2023)
Lovers Vanished(2010) 6.7
Lovers Vanished(2010) Lovers Vanished(2010)*********************" AIDS ဖြစ်နေတဲ့ထောင်သားတွေကိုဆို ချက်ချင်းလွှတ်ပေးတယ် " ဆိုတာကတော့ ထောင်ထဲမှာကြားနေရတဲ့ကောလဟာလတစ်ခု...... အပြစ်မဲ့လျက်နဲ့ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျတာကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ထွက်ပြေးဝိဇ္ဇာLim Su-In အတွက်တော့ ဒီသတင်းက ထောင်ထွက်လက်မှတ်တစ်ခုလိုပါပဲ။ HIV ပိုးရှိလို့တစ်ထောင်လုံးကရှောင်ဖယ်ဖယ်လုပ်တာခံရတဲ့ Byung Sang ကတော့ နယ်မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီးထောင်ကျရတဲ့အကြောင်းက ချစ်သူကောင်မလေးရဲ့အပြစ်ကို အစားဝင်ခံပေးတာမို့လို့Su-In နဲ့ သူမသာကိုယ်မသာပဲဖြစ်ပါတယ်။ ပိုးကူးခံရရင် ထောင်ကထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Su- In တစ်ယောက်ကတော့Byung Sang ကိုအရောစဝင်ပြီး နောက်ဆုံးမှာ ပိုးကူးခါမှပဲ ကြားထားတဲ့သတင်းကဂျင်းကြီးမှန်းသိလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးဘဲ နောက်တစ်နည်းထပ်ကြိုးစားနေတုန်းမှာByung Sang ဘက်ကနေ အကူအညီတစ်ခုတောင်းလာခဲ့ပါတော့တယ်။" မင်းထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ကောင်မလေးကိုသွားကြည့်ပေးပါလား " .အဲ့ဒီနောက်မှာတော့.....File Size :(3.1GB)(870 MB) and (408MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance , Drama Subtitle : ...
movie
Lovers Vanished(2010)
Emergency Declaration (2022) 7.1
Emergency Declaration (2022) Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ ​လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ​ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှု​တွေ ဖြစ်လာ​တော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအ​နေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie
Emergency Declaration (2022)
2022
The Shameless (2015) 6
The Shameless (2015) The Shameless (2015)“အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်” ဆိုသလို တစ်ချိန်ကတောက်ပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Kim Hye-Gyung ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့ သူ့ချစ်သူအတွက် သူ့ဘဝတစ်ခုလုံးကို စတေးထားခဲ့ရပါတယ်စုံထောက် Jung Jae-Gon ကတော့ ဘယ်လောက်ခက်ခဲတဲ့အမှုမျိုးကိုမဆို ရအောင်ဖော်ထုတ်နိုင်တဲ့ ထိပ်တန်းစုံထောက်တစ်ယောက်ပါလတ်တလောဖြစ်ပျက်သွားတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံဖြစ်တဲ့ Park Joon-Gil ကို ရှာဖွေဖမ်းဆီးနိုင်ဖို့ စုံထောက် Jung သုံးလိုက်တဲ့ နည်းဗျူဟာကတော့ Park Joon-Gil ရဲ့ ချစ်သူကို ချဉ်းကပ်ဖို့ပါပဲလူသတ်တရားခံကို ဖမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်တဲ့ တရားခံရဲ့ချစ်သူ Kim Hye-Gyung ကို ချဉ်းကပ်ရင်း သူ့ရဲ့ခံစားချက်တွေ အစစ်အမှန်ဖြစ်လာချိန်မှာတော့.....။ဘဝကြီးတစ်ခုလုံးကိုရင်းပြီး ချစ်သူ လူသတ်သမားကိုကယ်မယ့် ကောင်မလေးနဲ့ အဲဒီကောင်မလေး စိတ်ချမ်းသာဖို့ကို ဖန်တီးပေးချင်တဲ့ စုံထောက်တစ်ယောက် ။နောက်ဆုံးမှာ စုံထောက် Jung Jae-Gon တစ်ယောက် နှလုံးသားနောက်ကိုလိုက်သွားမလား ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်Crime/ Drama Genre ဖြစ်ပြီး 18+ Nudity Scene တွေလည်းပါတာမို့ 18 ယောက်စုကြည့်ရမယ့် ...
movie
The Shameless (2015)
2015
No Regret (2006) 6.9
No Regret (2006) No Regret (2006)နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ...
movie
No Regret (2006)
2006
The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie
The Pirates (2014)
Pandora(2016) 7.0
Pandora(2016) Pandora(2016) အညွှန်း********************IMDb...7.0Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ် ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်...သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်.. နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှအရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်...ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ‌‌ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်...စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ...
movie
Pandora(2016)
Public Enemy Returns (2008) 6.4
Public Enemy Returns (2008) [Unicode]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ အဆင်မပြေလာတဲ့ခါ ရဲအလုပ်ကနေ ထွက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ဂန်ချောဂျွန်ရဲ့ အထက်လူကြီး အဖွဲ့ခေါင်းဆောင်ဟာ ထွက်ခွင့်မပေးဘဲ အထက်တန်းကျောင်းသားလေး ဂျောင်ဟာယွန်း အသဆ်ခံရတဲ့ အမှုကို စုံစမ်းဖို့ ပါဝင်စေခဲ့ပါတယ်။အရာရာကို စိတ်ကုန်နေတဲ့ ဂန်ချောဂျွန်ဟာ တဖန်အမှုုပြန်လိုက်ရင်းက သဲလွန်စရခဲ့ပြီး ဟာယွန်းရဲ့ သူငယ်ချင်း၃ယောက်ကို စစ်ဆေးကြည့်လိုက်တော့....ကျောင်းသားတွေကို လေ့ကျင့်ပေးပြီး အလုပ်လုပ်ခိုင်းနေတဲ့ ကုမ္ပဏီတစ်ခုကို သိလိုက်ရတဲ့အခါရာဇဝတ်မှတ်တမ်းရှိတဲ့ ကုမ္ပဏီ ဥက္ကဌ လီဝမ်ဆုကို ထိပ်တိုက်ရင်ဆိုင်ရင်း အမှုဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ ...
movie
The Closet (2020) 5.7
movie
The Closet (2020)
The Odd Family: Zombie on Sale (2019) 6.5
The Odd Family: Zombie on Sale (2019) unicodeဒီတစ်ခေါက်တော့အသစ်ထွက်ရှိတဲ့ကိုရီးယားဟာသကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Odd Family: Zombie on Sale (2019)ပါ။အသေရယ်ရတဲ့ ဒီကားလေးမှာ နာမည်ကြီးသရုပ်ဆောင်ကောင်းတွေဖြစ်တဲ့Kim Nan Gil, Jung Jae Young, Park In Hwanစတဲ့သရုပ်ဆောင်ကောင်းတွေက ပါဝင်ထားပါတယ်။Rating တွေ အနေနဲ့ ကလဲ Rotten Tomatoes 85% တောင်ရရှိထားတာမို့ ကိုရီးယားကားနှစ်သက်သူ ၊ဟာသကားတွေကိုမျှော်လင့်နေတဲ့CM ပရိသတ်ကြီးအတွက်ကတော့အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးလိုပါသေးတယ်။ဘူဆန်ဆိုတာ ဆိုးလ်မြို့နဲ့ အလှမ်းကွာပြီးတော့ ဝေးလံခေါင်ဖျားတဲ့မြို့လေးတစ်မြို့ပါ။တစ်နေ့တော့ နိုးအင်ဆူလင်ဆိုတဲ့ ဆီးချိုဆေးတစ်မျိုးကြောင့်လူသားတွေမှာ ဇွန်ဘီနဲ့ တူတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာတယ်လို့ကောလဟာလတွေထွက်လာပါတယ်။အဲဒီ ဆေးကုမ္ပဏီကလဲ တိတ်တဆိတ် လူသားတွေကိုစမ်းသပ်နေတယ်လို့လူတွေပြောလာကြပါပြီ။အဲ့ဒီ ကုမ္ပဏီကနေ ဇွန်ဘီတစ်ကောင်လွတ်လာပြီးရွာထဲကိုဝင်လာရာကနေ ဇာတ်လမ်းကစပါတယ်။ရွာထဲကိုရောက်နေတဲ့ ဇွန်ဘီဟာ ပတ်မျိုးနွယ် အဖိုးကြီးကိုကိုက်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်မလဲ?ပတ်မျိုးနွယ် အဖိုးကြီးမှာလဲမိသားစုကရှိနေပါသေးတယ်။အဲဒီမိသားစုရယ် ဇွန်ဘီရယ် ထိပ်တိုက်ဆုံကြတဲ့အခါ...ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ စိတ်ဝင်တစား ရယ်ရင်းမောရင်း ကြည့်ရမယ့်ကားပါ။ကြည့်နေကြ ဇွန်ဘီကားတွေနဲ့ ကွဲထွက်နေတဲ့ ဒီကားလေးကိုChannel Myanmar ပရိသတ်ကြီးအတွက် ...
movie
The Odd Family: Zombie on Sale (2019)
The Odd Family : Zombie On Sale(2019) 6.7
The Odd Family : Zombie On Sale(2019)  The Odd Family: Zombie on Sale (2019)Zombie ကားလည်းကြည့်ချင်တယ်။ရင်တထိတ်ထိတ်လည်းမကြည့်တတ်ဘူး။မပေါဘဲနဲ့အူနှိပ်ရယ်ရတဲ့ကားလည်းကြည့်ချင်တယ်ဆိုရင်တော့... ဒီကားလေးကိုညွှန်းချင်ပါတယ်။ MyDrarmaList မှာ 8.1/10.... Rotten Tomaotes မှာ 80%....IMDb rating=6.8 ရထားတဲ့ Horror/Comedy ကားသစ်လေးပါ။ ဇွန်ဘီကားကိုမှဟာသပြောင်းရိုက်ထားရုံလေးတင်မဟုတ်ပါဘူး....ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာသို့လောသို့လောနဲ့တ၀ါးဝါးရယ်နေတဲ့ဇာတ်ကားကောင်းလေးပါ။ လူသားတွေရဲ့လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး ဘေးထွက်ဆိုးကျိုးတွေထွက်လာတဲ့တစ်နေ့.....ကိုရီးယားနိုင်ငံရဲ့လူသူသိပ်မရောက်တဲ့ချောင်ကျကျမြို့ငယ်သေးသေးလေးမှာ နေ့စဉ်ဘ၀တွေဟာပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းလေးလည်ပတ်နေစဉ်မှာပဲ...ဗဟုသုတနည်းတဲ့တောင်သူတောင်သားတွေဆီအတွက် ခပ်ကြောင်ကြောင်ပါလို့ထင်ရတဲ့ လူငယ်လေးတစ်ယောက်ရောက်လာပါတယ်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို....တစ်မြို့လုံးဒင်းလက်ချက်နဲ့ပွက်လောရိုက်လို့ပါပဲ။ အဲ့အပြင်မြင်းကိုချိုတပ်ပေးသလိုဖြစ်ချင်တော့ မြို့ကဓာတ်ဆီဆိုင်အစုတ်ပိုင်တဲ့ ပက်မျိုးနွယ်မိသားစုနဲ့သွားပေါင်းလိုက်တဲ့အခါ ငါးပါးတင်မဟုတ်ဘူး သံဃာစင်ပါမှောက်ပုံများ...ရယ်လိုက်ရယ်လိုက်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Horror နဲ့ Comedy ကိုအချိုးကျကျလေးပေါင်းစပ်ပြီးကောင်းကောင်းဖျော်ဖြေမှုပေးမဲ့ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (1.02GB) and (378 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo Pyae
movie
2019
Portrait of a Beauty (2008) 6.5
Portrait of a Beauty (2008) Portrait of a Beauty (2008)_____IMDb - 6.5/10    DarkSide ဆိုတဲ့ အမှောင်ဘက်ခြမ်းကို တစ်ခေါက် အလည် ပြန်ခေါ်ပါရစေ Adult Movie တွေဆိုရင် တစ်ခါလာလဲ အိပ်ရာပေါ် ဝုန်းလိုက် တစ်ခါလာလဲ ကားပါကင်မှာဝုန်းလိုက်တွေ ကြည့်နေရတာဆိုရင် သင့်အတွက် Porn Movie တွေကို ကြည့်နေရတာထက် ဘာမှ ပိုထူးခြားလာမှာ မဟုတ်ပါဘူး Admin T အနေနဲ့ ဇတ်လမ်းပေါင်းများစွာကို ကြည့်ရှုပြီးနောက် Adult Movie တွေထဲမှာ မှ ဇတ်လမ်း ဇတ်ကွက် နဲ့ အနှစ်သာရ ရှိတဲ့ ရုပ်ရှင်မျိုးတွေကိုသာ တင်ပေးချင်တဲ့ စိတ်ကူးလေး ရှိလာတာရယ် DarkSide ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ အမှောင်ဖက် ကိုလဲ သက်ရောက်မယ့် ရုပ်ရှင်ကားတစ်ကားကိုCM Translator ဖြစ်သူ နတ်သျှင်ထောင် နဲ့ အတူ ပူးပေါင်း တင်ဆက်ပေးလိုက်ပါတယ်....   PornHub တို့ YouPorn တို့လောက် ကြည့်ပြီး သာယာနေတဲ့ သင့်သူငယ်ချင်းတွေကိုလဲ ခေါ်ပြလိုက်ပါ ဘ၀ မှာ တစ်ခါတစ်လေတော့ အနှစ်သာရ ရှိတဲ့ ၁၈ နှစ်အထက် ...
movie
Portrait of a Beauty (2008)
2008