Channel Myanmar
Kim Sang-ho
Punch (2011) 7.3
Punch (2011)  တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်  File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie
Punch (2011)
Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie
Road to Boston (2023)
2023
Moss (2010) 6,7
Moss (2010) နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
Moss (2010)
Running Man (2013) 6.3
Running Man (2013) Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie
Running Man (2013)
2013
A Year-End Medley (2021) 7.0
A Year-End Medley (2021) A Year-End Medley (2021) အညွှန်း******************************IMDb...7.0နှစ်သစ်ကူး အားလပ်ရက်မှာ Emors လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ ဆုံကြတဲ့ လူတွေရဲ့ဇာတ်လမ်းအဖုံဖုံနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး ဟိုတယ်ပိုင်ရှင်ကအစဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်မှာလာရောက် တည်းခိုတဲ့ လူတွေအထိလူတွေအများကြီးရဲ့ကိုယ်စီ အချစ်ရေးတွေ လူမှုရေးလေးတွေကို .ဟာသလေးနှောပြီး ရိုက်ကူးထားပါတယ်...Casts တွေက ခေါင်းဆောင် မင်းသား မင်းသမီးနေရာကပဲ သရုပ်ဆောင်တဲ့ သူတွေ အများကြီးပါ၀င်ပါတယ်..ကိုယ်ကြိုက်တဲ့ Casts ပါလို့ ကြည့်မယ်ဆို ရင် တောင်ဒီကားလေးမှာ ကိုယ်ကြိုက်တဲ့သူတွေ အများကြီးကို တစ်ကားထဲ ကြည့်ရမှာပါနော်.... Casts တွေကတော့ Lee Dong Wook, Han Jimin, KangHaNeul, Im Yoona, WonJina, Seo Kangjoon, KimYoungKwang, Lee Kwang Soo, Go Sunghee, Lee Jin Wook, Jo Junyoung,Lee Kyuhyung, Lee Hyeyoung ...
movie
A Year-End Medley (2021)
Shades of the Heart (2021) 6.6
Shades of the Heart (2021) Shades Of The Heart (2021)ဟိုးအရင်တုန်းက လှည်တန်းခုံးကျော်တံတားဘေးမှာ အကိုင်းသက်သက်နဲ့ ကြေကွဲစရာကောင်းအောင်လှတဲ့ သစ်ခြောက်ပင်အိုကြီးရှိခဲ့ဖူးတယ်။ကဗျာမှာဆို သစ်ခြောက်ပင်ဟာ ညှိုးငယ်ကျန်ရစ်သူပေါ့။ သစ်ရွက်ကလေးတွေဟာ သူ့ကိုစွန့်ခွာသွားခဲ့တာ ကြာပြီ။ပျင်းပျင်းရိရိဖြစ်မိတဲ့ ညနေတွေဆို ကျွန်တော်အဲ့ဒီသစ်ခြောက်ပင်ကြီးကို တမော့တမော ထိုင်ငေးခဲ့ဖူးတာပေါ့။ဘာစကားလုံးမှ မပါဘဲကို အဲ့ဒီသစ်ခြောက်ပင်ကြီးဟာ ကျွန်တော့်ရဲ့ ညနေတွေကို မှုန်ရီဝေစေခဲ့ဖူးတယ်။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ရသဟာ ကြေကွဲစရာသက်သက်ပါပဲ။ ဒါပေမဲ့ ဘာရယ်ကြောင့်လဲမသိ။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ကြေကွဲရတဲ့ အရသာကို ကျွန်တော်ခုံမင်ခဲ့တယ်။ နောက်နှစ်တွေကျတော့ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှတ်ညဏ်ထဲမှာတော့ တစ်ခါတလေ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေကို မြင်မက်မိနေတုန်း။ မြင်မက်မိလေတိုင်းလည်း ‌မှုန်ရီဝေနေတုန်း။ဒီရုပ်ရှင်ဟာလည်း စကားလုံးတွေ ရီဝေမျက်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ခြောက်ပင်တစ်ပင်ပါပဲ။ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်ဟာ လူတစ်ယောက်ပြီးတစ်ယောက်နဲ့ စကားပြောနေရင်းတင် ပြီးသွားတယ်။သို့ပေမဲ့ လူတွေနဲ့ စကားပြောတာထက် ဒဏ်ရာတွေနဲ့စကားပြောတယ်လို့ ပြောရင် ပိုမှန်လောက်မယ်။ သူ့ဒဏ်ရာတွေ သူပွေ့ပိုက်ရင်း တခြားသူ ဒဏ်ရာတွေကို နားထောင်တာကို ကျွန်တော်တို့ကြည့်ရင်း ဒဏ်ရာတစ်ခုခုမှာတော့ ကျွန်တော်တို့ အမာရွတ်တွေဟာ တဆစ်ဆစ်နာလာနိုင်ကောင်းရဲ့။ပြန်တွေးကြည့်ကြရင် ငါ့ရှင်သန်မှုဟာ အိပ်မက်တစ်ခုလား တကယ့်အရှိလားလို့ ခံစားမိဖူးကြမှာပေါ့။ ကြားဖူးတယ် ..... အမာရွတ်တွေဟာ ကျွန်တော်တို့ အတိတ်တွေဟာ အစစ်အမှန်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေနိုင်မယ့် စွမ်းအားမျိုးရှိတယ်တဲ့။ ဒီလိုဒဏ်ရာသက်သက် ရုပ်ရှင်တွေကို ဘာလို့ တပ်မက်သလဲမေးလာရင် ကျွန်တော့်အဖြေက ဖော်ပြပါအတိုင်းပါပဲ။(အမှန်ပြောရရင်တော့ ဒီကိုရီယားရုပ်ရှင်ဟာ သမားရိုးကျ ကိုရီယားရုပ်ရှင်ပရိတ်သတ်တွေ အတွက် ...
movie
Shades of the Heart (2021)
2021
She’s on Duty (2005) 6.3
She’s on Duty (2005) အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie
She’s on Duty (2005)
Tazza: The High Rollers (2006) 7.2
Tazza: The High Rollers (2006) Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung  
movie
Tazza: The High Rollers (2006)
Hope(2013) 8.3
Hope(2013) Hope(2013)အညွှန်း******************IMDb...8.3ဒီဇာတ်ကားဖြစ်ရပ်မှန်ဆိုတာကို အတေ်ာများများသိကြမှာပါ...ကြည့်ဖူး ကြားဖူးသူတိုင်းဒီဆိုးယုတ်မှုကိုကျူးလွန်ခဲ့သည့် လူယုတ်မာအမျိုးသားကို စက်ဆုတ်ရွံရှာကြသလို ဘဝဆုံးလုနီးပါးဖြစ်ခဲ့သည့် သမီးငယ်လေးအတွက်လည်းစာနာသနားစိတ်တွေဖြစ်ခဲ့ကြပေသည်....ကိုရီးယားက မိသားစုပြည်သူတွေမဆိုထားနှင့် မိမိတို့အနေနှင့်ပင် ဒီလူကြီးထောင်ကလွတ်လာတော့စိတ်ထဲအတော်ခံပျင်းမိခဲ့ကြသည်...ဒါ့ကြောင့် ဒီဖြစ်ရပ်ကို မသိသေးသူတွေအတွက်ရောပိုမိုကောင်းမွန်တဲ့ WEB-DLထွက်လာတာကြောင့်တင်ဆက်ပေးလိုက်ပါသည်..အညွှန်းကတော့ ထွေထွေထူးထူးမရေးတော့ပါ.... ၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်...။*************************************** ၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်...။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။"ထောင်ထဲမှာ တသက်လုံးနေရမှာ.."" ဟင်... ...
movie
Hope(2013)
HEVC 1080p 5.1
The Golden Holiday (2020) 5.2
The Golden Holiday (2020) The Golden Holiday (2020) အခုတစ်ခါ CM ပရိတ်သတ်ကြီးကို ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ် Cast တွေကတော့The Man Standing Next,The Wailing တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့် သရုပ်ဆောင်ကြီး Kwak Do-won,နန်းတွင်းကားတော်တော်များများမှာပါတတ်တဲ့ သရုပ်ဆောင်ကြီး Kim Sang Ho,The Sound of Your Heart ထဲကဟာသသရုပ်ဆောင် Kim Dae-Myung တို့အဓိကပါဝင်ထားပြီ း ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ကတော့ ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသ လည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ် ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ် ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင် ကိုလစ်သွားပါတယ် သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူ ပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ် ဒီလိုနဲ့ ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ...
movie
The Golden Holiday (2020)
2020
By Quantum Physics: A Nightlife Venture(2019) 6.5
By Quantum Physics: A Nightlife Venture(2019) By Quantum Physics: A Nightlife Venture(2019)ဒီတစ်ခါမှာတော့ ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားလေးမှာတော့ အခုပြသနေတဲ့ It's Okay to Not Be Okay ဇာတ်ကားထဲက မင်းသမီးလေး Seo Yea-Ji လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်...လီချန်ဝူက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်နိုင်ဖို့ အောက်ခြေကနေ အလုပ်လုပ်ခဲ့သူပါ ...သူ့မှာ ငွေစုမိတဲ့ အခါ အရင်းနှီးထည့်မယ့်လူတွေကိုခေါ်ပြီး ဘားတစ်ခု ဖွင့်ခဲ့ပါတယ်...သူ့ရဲ့ ဘားမှာ မန်နေဂျာလုပ်ပေးဖို့အတွက် ထက်မြက်ပြီး အရည်ချင်းရှိတဲ့ ဆောင်းအွန်ယောင်းကိုလည်း ကမ်းလှမ်းခဲ့ပါတယ်...ဒါပေမယ့် ဖွင့်ပွဲပြီးတဲ့ နောက်နေ့မှာပဲ ဘားမှာ အဆိုတော်တစ်ယောက်နဲ့ တရားမ၀င်ငွေတိုးချေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ရဲ့သားတို့အတူတူဆေးသုံးနေတာကို အမှုစစ်တွေ မိသွားခဲ့ပါတယ်...အဲ့နောက်မှာ အဆိုတော်လည်း  ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး ဘားလည်းပိတ်ခဲ့ရပါတယ်...ဒီအမှုဟာ အစိုးရလူကြီးပိုင်းတွေနဲ့ လူဆိုးဂိုဏ်းတွေပါ ပါ၀င်ပက်သက်တဲ့ အမှုကြီးဖြစ်သွားတာကြောင့်လီချန်ဝူးနဲ့ ဆောင်းအွန်ယောင်းတို့လည်း အသက်အန္တရာယ်ရှိလာပါတော့တယ် အဲ့အခါမှာ သူတု့ိတွေ ...
movie
By Quantum Physics: A Nightlife Venture(2019)
The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie
The President’s Last Bang (2005)
2005
The Negotiation(2018) 6.5
movie
The Negotiation(2018)
2018
Woochi: The Demon Slayer (2009) 6.6
movie
2009
The Witness(2018) 5.5
The Witness(2018) The Witness(2018) IMDb....5.5 ဟန်ဆောင်းဟွန်းတစ်ယောက် အလုပ်တစ်ခု အောင်မြင်တာနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အရက်တိုက်ရ ပြုစုရဆိုတော့ အိမ်ပြန်နောက်ကျနေတယ်... အိမ်ပြန်ရောက်တော့ မနက် ၁ နာရီပတ်ဝန်းကျင်ဆိုတော့ မိန်းမနဲ့ သမီးလေးကလည်း အိပ်နှင့်နေပြီ... ထုံးစံအတိုင်း ချက်ချင်းမအိပ်သေးဘဲ ဘီယာလေးကိုမြုံနေလိုက်သေးတယ်...အဲ့ဒီအချိန်မှာပဲ  တိတ်ဆိတ်တဲ့မနက်ခင်း တစ်နာရီကို ထွင်းဖောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားအော်သံကို သူကြားလိုက်ရတယ်.... ဒါကြောင့် ပြတင်းပေါက်ကနေ အသံကြားရာဆီကို သူလှမ်းကြည့်တော့  တစ်ကိုယ်လုံးအနက်ရောင် ၀တ်ဆင်ထားတဲ့ လူတစ်ဦးက  မိန်းကလေးတစ်ယောက်ကို မသေမချင်းခေါင်းကို ထုရိုက်သတ်နေတာသူတွေ့လိုက်ရတယ်... ရဲကိုဖုန်းခေါ်မလို့ပြင်ပြန်တော့ ကြောက်လွန်းလို့တုန်နေတဲ့သူ့လက်ကြောင့် ဖုန်းလည်း လွတ်ကျတဲ့အပြင် မိန်းမကတစ်ရေးနိုးတော့ မီးဖွင့်တာကြောင့် လူသတ်သမားက သူတို့တိုက်ခန်းကို သတိထားမိသွားလေရဲ့........ စိတ္တဇ ဆန်ဆန် လူသတ်သမား..မျက်မြင်သက်သေတစ်ဦး....လူနေအဆောက်အဦးရှေ့မှာရက်ရက်စက်စက်အသတ်ခံရတဲ့ အလောင်းတစ်လောင်း.. အမှုလိုက်ရဲအရာရှိတွေ..... ကိုင်းရှေ့ဆက်ဖြစ်မယ်ဟာတွေကိုတော့ ဇာတ်ကားကြည့်ရင်းသာခံစားကြပေရော.... ဒီကားက IMDb 5.5ကို သံသယဖြစ်နေရင် သို့မဟုတ် တခြားတစ်ယောက်က မကောင်းလောက်ဘူး ထင်တယ်လို့ပြောလာခဲ့ရင် ခင်ဗျားသာ Crime ဇာတ်ကားကောင်းကောင်းနှစ်သက်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါက လာပြောတဲ့သူကို ဒိုးလိုက်တော့လို့ ခွန်းတုံပြန်ပြီး နင်းကန်သာဒါင်းကြည့်လိုက်ပါ... ပြီးတော့ ဒီကားက hero ဆန်ဆန်ကြီးမပါတဲ့အပြင် တကယ့် Realism  ဆန်ဆန်လေးရိုက်ထားတာတွေ့ရလိမ့်မယ်.. လူအချို့ရဲ့ စိတ်သဘောထားတွေ ကျဉ်းထဲကြတ်ထဲရောက်ရင်ရင် ရင်ဆိုင်ဖြေရှင်းပုံတွေကို ပုံစံအမျိုးမျိုးတွေ့ရလိမ့်မယ်..အကယ်၍များ ဟန်ဆောင်းဟွန်း နေရာမှာ ...
movie
The Witness(2018)
2018
The Beauty Inside (2015) 7.4
The Beauty Inside (2015) လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ်ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ်မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်...ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?စဉ်းစားကြည့်စမ်းပါ...ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာလမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူးတစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူးနောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ်ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား?အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း ...
movie
The Beauty Inside (2015)
2015
Hope (2013) 8.3
Hope (2013) Hope (2013)_____IMDb - 8.3/10"လူ" ဟုပင် မခေါ်ထိုက်သည့် မိစ္ဆာကောင် *************************************၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်...။*************************************** ၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ယခု ၂၀၁၇ ခုနှစ်ဆိုတော့ နောက် ၃ နှစ်...။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်...။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။"ထောင်ထဲမှာ တသက်လုံးနေရမှာ.."" ဟင်... မသေသေးဘူးလား!?!"" ဘုရား..ဘုရား ...
movie
Hope (2013)
2013
Will You Be There? (2016) 7.0
Will You Be There? (2016) IMDb Rating 7.0 ထိရရှိထားတဲ့ကိုရီးယားဒရမ်မာကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘ၀ဆိုတာအချိန်ခဏလေးပါ။လူတိုင်းမှာမသေခင်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေရှိတတ်ပါတယ်။ဆရာဝန်ဟန်ဆိုဟွန်ကတော့ သူမသေခင်မှာ သူ့ချစ်သူဟောင်း ချွဲယွန်အာကို တကြိမ်လောက်ပြန်တွေ့ချင်နေတဲ့သူပါ။သူဟာ ကမ္ဘောဒီးယားမျက်မမြင်အဖိုးကြီးတဦးဆီကနေ အချိန်ကိုခေတ္တပြန်သွားနိုင်တဲ့ဆေးလုံးလေး ၁၀လုံးရလာပါတော့တယ်။တကယ်တော့သူအရမ်းတွေ့ချင်နေတဲ့ ချစ်သူဟောင်းဟာ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကတည်းကသေဆုံးခဲ့ပြီးသားပါ။ဟန်ဆိုဟွန်ဟာအတိတ်ကို ပြန်သွားပြီး သူ့ချစ်သူကိုကယ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ဒါပေမယ့် တကယ်လို့သာကယ်ခဲ့ရင်လည်း သူ့သမီးလေးဆိုအာ မွေးလာတော့မှာမဟုတ်တာလည်း စိတ်ပူနေပါတယ်။ဒီတော့သူ့အနာဂတ်အတွက်လမ်းကို ဘယ်လိုရွေးချယ်မလဲ။သူပြောင်းလဲလိုက်တာကြောင့် အနာဂတ်မှာဘယ်လိုပြောင်းကုန်မလဲ စိတ်ဝင်စားစရာပါ။မထင်မှတ်တဲ့ဇာတ်သိမ်းမျိုးလေးပေးထားပါသေးတယ်။  (ဘာသာပြန်သူကတော့ Rebel ပါ)  File Size : (800 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Will You Be There? (2016)
2016
Fabricated City (2017) 6.9
Fabricated City (2017) Fabricated City (2017) IMDb - 6.9/10_____Rotten - 67%    ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊ ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။ ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။ တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။ သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။ မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ သူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။ “အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီး ထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။ မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။ ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့ ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ...
movie
Fabricated City (2017)
2017