Channel Myanmar

Kim Tae-ri

1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) ဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။ စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။ အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။ သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။ $14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။ IMDB rating 8 နဲ့ RT rating 88% ...
8.2
IMDB: 8.2/10 485 votes
movie

1987: When the Day Comes (2017)

2017
Little Forest(2018) N/A
Little Forest(2018) Little Forest(2018) IMDb...7.5 တစ်ချို့သော သူတွေဟာ ပြောင်းလဲမှု ဒဏ်ကို မခံနိုင်ကြသလို ပြောင်းလဲဖို့ကိုလည်းမကြိုးစားကြဘူး... တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့်ပြောင်းလဲရမယ်ဆိုတာရယ် .. .ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေရပါတယ်. .ဒီနေရာမှာ မေးခွန်း ထုတ်စရာရှိတာက ပျော်ရွှင်မှုဆိုတာဘာလဲ.တစ်ချို့သူတွေအတွက် ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြတယ်.. .တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျဖြစ်သွားကြတယ်.. ဒါကြောင့် တိုတောင်းလှတဲ့ လူ့ဘ၀မှာ မိမိရဲ့ပျော်ရွှင်မှု လှပတဲ့ အနာဂတ်တစ်ခုတည်ဆောက်ဖို့ဆိုတာ မိမိရဲ့ စိတ်သန္တန်မှာပဲရှိတာပါ...တစ်ခြားသူတစ်ယောက်ရဲ့ ဘ၀နေနည်း နဲ့ ချိန်ထိုးနေဖို့ မလိုပါဘူး..ဒီကိုရီးယား ဇာတ်ကားလေး ဟာ ဒီအကြောင်းတွေကို အလှပဆုံးပုံဖော်ရိုက်ကူးထားတာပါ... ဟယ်ဝန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူမျှော်မှန်းထားတဲ့  ရည်မှန်းချက်ကိုရောက်ဖို့ မွေးရပ်မြေ ကျေးလက်တောရွာလေးကိုခွဲခွာပြီး မြို့ပြကို ထွက်လာခဲ့တယ် ...ပြောင်းလဲမှုတွေဟာ သူ့အတွက်ခါးသီးလွန်းခဲ့တယ်...ဒါကြောင့် ရွာကလေးပြန်လာခဲ့တယ်.. သူ့ ရဲ့ ဒဏ်ရာတွေ မွန်းကျပ်မှုတွေကို ကုစားရင်း သူလိုအပ်နေတဲ့ ဘ၀ရဲ့ အဖြေကို ကြိုးစားရှာဖွေပုံတွေကို ကြည့်ရှုခံစားရမှာပါ.ဒီဇာတ်ကားလေးက နာမည်ကျော် မန်ဂါ ဇာတ်လမ်းတွဲ " Little Forest " ...
N/A
IMDB: N/A/10 N/A votes
movie

Little Forest(2018)

2018

Genres