Channel Myanmar

Kim Yeon-gyo

Drown (2022)
Drown (2022) Drown (2022)ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ်ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလားဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Drown (2022)

2022
Ashfall (2019) 6.5
Ashfall (2019) ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie

Ashfall (2019)

2020