Channel Myanmar

Kingston Foster

Rebel Moon – Part One: A Child of Fire (2023) 6.4
Rebel Moon – Part One: A Child of Fire (2023)  ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie

Rebel Moon – Part One: A Child of Fire (2023)

Z-O-M-B-I-E-S 3 (2022) 5.5
Z-O-M-B-I-E-S 3 (2022) Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ်တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 2.3GB, 1GB & 528MB Quality : ...
movie

Z-O-M-B-I-E-S 3 (2022)

2022
Z-O-M-B-I-E-S 2(2020) 6.7
Z-O-M-B-I-E-S 2(2020) Z-O-M-B-I-E-S 2(2020)(unicode)ဝေါ့ဒစ်စနေးက ထွက်လာတဲ့ Zombie 2 ဇာတ်ကားထဲမှာတော့ ဆံပင်အစိမ်းရောင်နဲ့ အရမ်းလန်းနေတဲ့ zombie ကောင်လေးခပ်ချောချောနဲ့ zombie ကောင်မလေးခပ်ချောချောလေးတွေကို တွေ့ရမှာပါ။ စီးဘရော့ခ်မြို့ဟာ ထူးခြားတဲ့စွမ်းအင်တစ်မျိုးကို အသုံးချကာ တောအုပ်ထဲက မကောင်းဆိုးဝါး အကောင်ကြီးတွေကို နှိမ်နင်းပြီး မြို့တည်ထားတာဖြစ်ပါတယ်။ အဲဒီစွမ်းအင်ကို အသုံးပြုပြီးလည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံမှာတော့ တစ်နေ့မှာပေါက်ကွဲမှုဖြစ်ကာ စက်ရုံဝန်ထမ်းများဟာ ဓါတ်ရောင်ခြည်သင့်ပြီး zombie များအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီzombie များဟာ အသိဉာဏ်မြင့်မားတဲ့အတွက် နည်းပညာကို အသုံးချကာ Z-လက်ပတ်တီထွင်ပြီး သူတို့ကိုယ်သူတို့ ပုံမှန်လူသားအသွင်အဖြစ်ပြန်ဖန်တီးလိုက်ပါတယ်။ ကျောင်းမှာ ကျောင်းပဒေသာကပွဲကျင်းပခါနီး တောထဲက ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်း သမန်းဝံပုလွေတွေ ထွက်လာလို့ zombie တွေကို ဥပဒေနဲ့ တားမြစ်မှုတွေ လုပ်လာပါတယ်။ တောထဲက ထွက်လာတဲ့ သမန်းဝံပုလွေအုပ်စုကzombie ကောင်မလေးချောချောဆီ မသိမသာ ချဉ်းကပ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။ အချစ်ဖန်စီ မိသားစုကားလေးဖြစ်လို့ ...
movie

Z-O-M-B-I-E-S 2(2020)

Zombies (2018) 6.5
Zombies (2018) Zombies(2018)IMDb...6.5ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ  .....ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး....မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်...အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်...နောက်ပိုင်းတိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်...ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်...သီချင်းတွေဆိုကြတယ်...သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ...ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်.. Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေမြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်...ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက်အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Inzali Than Htike ဖြစ်ပါတယ်...File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae
movie

Zombies (2018)

2018