Channel Myanmar

Kirsti Stubø

Royalteen: Princess Margrethe (2023) 4.6
Royalteen: Princess Margrethe (2023) Royalteen: Princess Margrethe (2023) ===========================အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးကို မေ ၁၁ ရက်‌နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ။နော်ဝေးနိုင်ငံက မင်းသမီး‌လေး မာဂရက်သီတစ်ယောက် လူထု အမြင် မိသားစုရေးကိစ္စတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ ကြုံ တွေ့ရလေ့ရှိတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ကြည့်ရှူရမှာပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... မင်းသမီးလေး မာဂရက်သီက သာမန်ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပေမဲ့ တော်ဝင်မိသားစုမှာမွေးဖွားလာတာကြောင့် ဆယ်ကျော်သက် ဘဝကို အပြည့်အဝမခံစားရတဲ့သူပါ။ သူမရဲ့အပြုအမူတွေကို အမြဲ စောင့်ထိန်းနေရပြီး လူထုအမြင်ကွယ်ရာမှာ ပြောစကားကိုနာမခံဘဲ အရက်တွေသောက်ပြီး ဆေးတွေသုံးတာက သူမကိုလွတ်လပ်မှုကို ခံစားရစေပါတယ်။ တစ်နေ့မှာတော့ မာဂရက်သီ ဆေးသုံးနေတဲ့ပုံကို သူမရဲ့ သူငယ်ချင်းဖြစ်သူ ဂူ့စတက်က ဗီဒီယိုရိုက်သွားပါတယ်။ အဲဒီ ဗီဒီယိုကို ဖျက်ပစ်ပေးဖို့ပြောပေမဲ့ ဂူ့စတက်ကတော့ ဘာကိုမှရေရေ ရာရာမပြောခဲ့ပါဘူး။ ဒီလိုအကြပ်အတည်းကို ခံစားနေရတဲ့အချိန်မှာမှ ဒိန်းမတ်နိုင်ငံက မင်းသားလေး အလက်ဇန်းဒါးက သူမနဲ့တွေ့ဆုံဖို့ ရောက်လာတဲ့အချိန်မှာတော့...မင်းသမီးလေးက ဒီကိစ္စကို မပေါက် ကြားစေဘဲ ဖြေရှင်းနိုင်မှာလား...သူမဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.11 GB) / (763 MB) / (445 MB) Quality............WEB-DL ...
movie

Royalteen: Princess Margrethe (2023)

2023
Royalteen (2022) 5.3
Royalteen (2022) လူဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့မှားတတ်ကြတာပါပဲ အဲဒီအမှားကို ပြန်ပြင်နိုင်ဖို့ကသာ အရေးကြီးတာပါ အဲဒီအမှားရဲ့နွံထဲမှာပဲ နစ်မြှုပ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက ဘာမှကို အဓိပ္ပါယ်ရှိမှာမဟုတ်တော့ပါဘူး ဒီတစ်ခါတော့ နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးနဲ့ အညတရ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ လူငယ်ဆန်ဆန်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် တခြားမြို့ကနေ ကျောင်းပြောင်းလာပြီး တော်ဝင်အမျိုးအနွယ်တွေတက်တဲ့ ကျောင်းမှာလာတက်တဲ့ လန်နင် ဆိုတဲ့ ကောင်မလေးကို အိမ်ရှေ့မင်းသားလေးက သဘောခွေ့သွားပြီး နှစ်ယောက်သားပျော်ရွှင်နေခဲ့ကြရတာပါအဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပါတော့တယ် အိမ်ရှေ့မင်းသားလေးရဲ့ ညီမကလည်း ကောင်မလေးကိုမကြည် ကောင်မလေးကလည်း တကယ့်အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တာဆိုတော့ အိမ်ရှေ့မင်းသားလေးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရောဘယ်လောက်ဆိုးဝါးတဲ့ အမှားကိုကျူးလွန်ခဲ့မိလို့ အိမ်ရှေ့မင်းသားလေးရဲ့ အစ်မကလုံးဝ ခါးခါးသီးသီးဖြစ်နေရတာလဲ လူတွေအသုံးပြုနေတဲ့ လူမှုကွန်ယက်ရဲ့ ရိုက်ခတ်မှုကဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတာကို လူငယ်တွေ့နဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားမို့ အမြန်ဆုံးသာ ကြည့်လိုက်ကြပါတော့ဗျာ......File size…(2.18GB)/(1.17B)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama ...
movie

Royalteen (2022)