Channel Myanmar

Kong Lian-Shun

The Mermaid ( 2016 ) 6.2
The Mermaid ( 2016 ) ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။IMDb မှာတော့ Rating (6.2/10) ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။” ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီဒါ​ကြောင့်​ မင်းဘယ်​​လောက်​ပိုက်​ဆံရှာနိုင်​ပါ​စေ အဓိပ္ပါယ်​မဲ့​နေဦးမှာပဲ “လို့ဆိုထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက်ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့အဲ့နေရာကိုဝယ်ယူခဲ့တဲ့လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်….အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။ Translated By Su Yadanar OoEncoded By LK
movie

The Mermaid ( 2016 )

2016
Kung Fu Monster ( 2019 ) 5.3
Kung Fu Monster ( 2019 ) Jan 3 ရက်နေ့ကမှ ရုံတင်ပြသသွားတဲ့ Kung Fu Monsterဆိုတဲ့ဇာတ်ကားကောင်း..ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလေးကတော့မင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ နန်းတွင်းမှာအာဏာကြီးနေတဲ့မိန်းမစိုး စွေးယွိဟော့ဟာ အမွှေးမဲတွေဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို လူသတ်လက်နက်အဖြစ်လေ့ကျင့်ပေးဖို့သူ့ရဲ့ကိုယ်ရံတော်ခေါင်းဆောင် ဖုံးစေ့ဟိုင်ကို တာဝန်ပေးလိုက်ပါတယ်ဒီမကောင်းဆိုးဝါးလေးရဲ့ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးကိုတွေ့ပြီးမလေ့ကျင့်ပေးရက်တော့ပဲ လွှတ်ပေးလိုက်မိတယ်ဒီလိုနဲ့ ဖုံးစေ့ဟိုင်နဲ့ မကောင်းဆိုးဝါးကောင်လေးကို ဆုတွေအများအပြားထုတ်ပြီး လိုက်လံဖမ်းဆီးခြင်းကိုခံရတာပေါ့ဖုံးစေ့ဟိုင်အဖမ်းခံရတဲ့အခါမှာ သူ့ချစ်သူက သူ့ကိုကယ်တင်ဖို့အဖွဲ့တစ်ဖွဲ့စုပြီး တော့ မကောင်းဆိုးဝါးကောင်လေးနဲ့ပါပူးပေါင်းလိုက်ပါတယ်..ဒီလိုပုံစံမတူနဲ့အဖွဲ့နဲ့ မကောင်းဆိုးဝါလေးတို့ပူးပေါင်းပြီး စွင်းယိဟော့ကိုဘယ်လိုရင်ဆိုင်ရကြမလဲ..စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်သလိုMonster နဲ့ပတ်သတ်တဲ့တရုတ်ကားတွေထဲမှာတော့ဒီကားလေးကိုအတော်လေးသဘောကျမိပါတယ် ဘာသာပြန်နဲ့အညွှန်း Phyo Zaw ဖြစ်ပါတယ်  
movie

Kung Fu Monster ( 2019 )

2018