Channel Myanmar

Kory Grim

The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015