Channel Myanmar
Kotaro Yoshida
Yudo: The Way of the Bath (2023) 6.6
Yudo: The Way of the Bath (2023) Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ  ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie
Yudo: The Way of the Bath (2023)
Over Drive (2018) 5.8
Over Drive (2018) Over Drive (2018)ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာ Zoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီး Naozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ် Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 2.2GB } 974MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie
Over Drive (2018)
2018
Cube (2022)
Cube (2022) Cube (2022)Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ...သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ...
movie
Cube (2022)
2022
Kaiji: Final Game (2020) 7.8
Kaiji: Final Game (2020) Kaiji : Final Game (2020)Takusya Fujiwara တစ်ယောက် 2011လောက်ကထွက်ခဲ့တဲ့ တတိယမြောက်Kiiji Series ပြီးတဲ့နောက်10လောက်အကြာမှ မှန်သားပြင်ပေါ်မှာ ထပ်တွေ့ရမှာပါဒီမှာဆိုရင် ‌ဂျပန်နိုင်ငံမှာငွေကြေးဖောင်းပွတာတွေဖြစ်လာတာတဲ့အခါမှာ ငွေမဲဆိုပြီးကြေညာလိုက်ပါတယ်ငွေမဲကြေညာတယ်ဆိုတာက အစိုးရက သူကိုယ်တိုင်ထုတ်ထားတဲ့ပိုက်ဆံတွေကိုသူဘဲတရားမ၀င်ပါဘူး‌ေကြညာပြီးအစိုးရက ပြည်သူကိုအနိုင်ကျင့်တာကို ငွေမဲလုပ်တယ်ခေါ်တာပါဒီကိစ္စကိုတားဆီးနိုင်ဖို့အတွက် ကံတရားနဲ့ကိုယ်ရည်ကိုယ်သွေးကိုအခြေခံတဲ့ဂိမ်းတွေကိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်အချို့ဇာက်၀င်ခန်းတွေက Animeတွေထဲမှာအဆင်ပြေပေမဲ့ Live actionမှာမင်းသားအနေနဲ့ ဒေါသဖြစ်တဲ့အခန်းတွေမှာမလိုအပ်ဘဲစူးစူးဝါးဝါးအော်တာကြီးတွေကတော့အနည်းငယ်စိတ်အနှောက်ယှက်ဖြစ်ရပါတယ်Anime ၊Manga အနေနဲ့လူကြိုက်များခဲ့တဲ့ဒီဇာက်ကားကို ပြန်လည်ရိုက်ကူးတဲ့အခါမှာManga Seriesနဲ့ အနဲငယ်ကွဲပြားမူ ရှိပေမဲ့လည်း Kaijiရဲ့ရသတစ်မျိုးကိုLive actionအနေနဲ့ ပြန်ကြည့်ရတဲ့အခါမှာလည်းသဘောကျလိမ့်မယ်ထင်ပါတယ် File Size - 1.4 gbQuality - web-dl 1080pSubtitle - burmeseTranslator - Yamin OuEncoder - Thit San Khant
movie
Kaiji: Final Game (2020)
2020
Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie
Last of the Wolves (2021)
Lupin III: The First (2019) 6.9
Lupin III: The First (2019)  ဒီကားကတော့ လူပင် တတိယမျိုးဆက်အကြောင်းကို Kazuhiko Katō ( Monkey Punch )ရဲ့ Lupin the Third ကို အခြေခံပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကွာလတီတွေနဲ့ ရိုက်ကူးထားတာပါ ။43rd Japan Academy Award မှာ Animation of the Year ဆုကို ရခဲ့တဲ့အပြင် အခြားဆု ၆ဆုကိုလည်း ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့...၁၉၆၀ ခေတ်နှောင်းပိုင်းကာလမှာ Eclipse ဆိုတဲ့ စွမ်းအားကြီးလက်နက်တစ်ခုကို လူတွေ အလွယ်တကူမယူနိုင်အောင် ထောင်ချောက်တွေဆင်ထားခဲ့ကြတယ်။အဲဒီအကြောင်းအရာတွေကို ဘရက်ဆွန်ဒိုင်ယာရီစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ဒိုင်ယာရီကိုလည်း ဖွင့်ရသိပ်ခက်တဲ့ သော့အိမ်လုပ်ပြီးထားခဲ့ပါတယ်။နာဇီ ဂျာမနီတွေက Eclipse ကိုလိုချင်တဲ့အတွက်ကြောင့် ပါမောက္ခဘရက်ဆွန်ကိုတောင်းပေမဲ့ မပေးတာကြောင့် အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါမှာတော့ ပြတိုက်တစ်ခုမှာ ဒိုင်ယာရီကပြန်ပေါ်ပေါက်လာပါတယ်။ဒီဒိုင်ယာရီကိုခိုးယူဖို့ကြိုးစားတဲ့အထဲမှာ တတိယမျိုးဆက် လူပင်နဲ့ လဲ့တိရှာဆိုတဲ့ကောင်မလေးလည်းပါပါတယ်။လူပင်ကတော့ သိပ်တော်ပြီး ပဟေဠိတွေ စကားဝှက်တွေကိုဖြေရှင်းတာကျွမ်းတဲ့ နာမည်ကြီးသူခိုးတစ်ယောက်ပါ။လဲ့တိရှာက တကယ်တမ်းတော့ ...
movie
Lupin III: The First (2019)
Dragon Quest: Your Story (2019) 6.5
Dragon Quest: Your Story (2019) Dragon Quest: Your Story (2019)========================IMDb Rating - 6.5/10#Unicodeဒီကားက 2019 တုန်းက Netflix ကထွက်ရှိခဲ့တဲ့ Anime ပဲဖြစ်ပါတယ်။ dragon quest ဂိမ်းကို animationအနေနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဥ်းပြောရရင် နည်းပညာတိုးတက်လာတဲ့နောက်မှာ လူသားတွေဟာဂိမ်းကို ကိုယ်တိုင်ဝင်ရောက်ပြီး ဆော့ကစားလာနိုင်တယ်။ ဒီကားထဲက ကောင်လေးက Dragon Quest ထဲကလူကာ ဇာတ်ကောင်နေရာကနေ စွန့်စားခန်းတွေ လုပ်ဆောင်သွားပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ လူကာအကြောင်းကတော့ Dragon Quest ကိုထိတွေ့ခဲ့ဖူးတဲ့  90kids တွေဆိုရင်တော့ သိမှာပါ။ လူကာက မွေးဖွားခြင်းမှာ သူ့ရဲ့မိခင်ဟာ မိစ္ဆာရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဖခင်ရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့်တစ်နေ့မှာတော့ ဖခင်ပါ အသတ်ခံရတဲ့အခါ သူ့မိခင်ကို ရှာဖွေရမယ့် တာဝန်ဟာသူ့ထံရောက်လာပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးဟာ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး အတော်လေးကိုကြည့်လို့ကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ အဲ့နောက်ကွယ်ကျန်နေသေးတာကတော့ အစမှာပြောခဲ့သလိုပဲ လူသားတွေဟာ VR World ...
movie
Dragon Quest: Your Story (2019)
2019
Brave Father Online – Our Story of Final Fantasy XIV (2019) 7.7
movie
Mixed Doubles (2017) 6.6
Mixed Doubles (2017) Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော တာမာကိုတိုမီတာဟာ ငယ်စဉ်ကလေးဘ၀တည်းက သူမအမေဆီမှမှန်ကန်တိကျတဲ့ ကစားပုံနည်းစနစ်တွေကို ရခဲ့သူဖြစ်ပါတယ် ။အမေ သေပြီးနောက် သူမဟာ အသက်၂၈ နှစ် အရွယ် သာမာန်ရုံးဝန်ထမ်းတစ်ယောက် အဖြစ် ရပ်တည်ခဲ့ပါတယ် ။သူမရဲ့ရည်းစားကတော့ အာကီဟီကိုအီဂျီးမား ပါ...သူကတော့ သူမနှင့် ကုမ္ပဏီတစ်ခုတည်းကဖြစ်ပြီး စားပွဲတင်တင်းနစ်ကစားလည်း ဖြစ်ပါတယ် ။ဒါပေမယ့် သူမရည်းစားက သူ့ရဲ့တွဲဖက်ကစားဖော်အသစ် အီရီအိုကားဆာရာဝ နှင့် တွေ့ပြီး သူမကို ထားခဲ့ပါတယ် ။သူမလည်း စိတ်ပျက်လက်ပျက်နဲ့ သူမအမေနှင့်အတူ ကစားခဲ့သော တင်းနစ်ခုံလေးရှိရာ သူမရဲ့နယ်မှ တင်းနစ်ကလပ်သို့ပြန်လာခဲ့ပါတယ် ။ထိုတွင် တင်းနစ်ကစားသမား ဟီစာရှီဟဂျီဝရာနဲ့တွေ့ပြီး....သူမဟာ သူမရဲ့ex ကို လက်စားချေဖို့ နဲ့ သူမငယ်ငယ်ကကစားခဲ့သော တင်းနစ်ကလပ် ကို ပြန်လည်ထူထောင်ဖို့အတွက်A Mixed Doubles Table Tennis Tournament မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်....ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.... [ Unicode ]Mix (2017) ========စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော ...
movie
Mixed Doubles (2017)
2017