Channel Myanmar

Kris Smith

Craving (2023)
Craving (2023)  မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Crime, Horror, Thriller Subtitle….Myanmar Subtitle ...
movie

Craving (2023)

My Friend Dahmer (2017)
My Friend Dahmer (2017) My Friend Dahmer (2017)ဒီဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံက နာမည်ကျော် ကွင်းဆက်လူသတ်သမား ဂျက်ဖရီ ဒါးမားရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဂျက်ဖရီ ဒါးမားရဲ့ သူငယ်ချင်း ဂျွန် ဘက်ဒါ့ဖ် ရေးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းကတော့ ဒါးမား လူမသတ်ခင် အချိန်ကို ရိုက်ကူးထားခဲ့တဲ့ ဒါးမားရဲ့ဘဝဇာတ်ကြောင်းပါ။ ဒီဇာတ်လမ်းက စိတ္တဇလူသတ်သမားရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် သွေးထွက်သံယိုတွေတော့ ပါမှာ မဟုတ်ပါဘူး။IMDb - 6.2/10 ရထားပြီး Rotten Tomatoes - 87% ပါ။spoiler alert ===========ဒါကတော့ ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲသတင်းပါ။ ဒါးမားဟာ လူငယ်အမျိုးသား (၁၇)ယောက်ကို သတ်ခဲ့တာပါ။ သတ်ပုံကတော့ ဒီလူငယ်တွေကို ခေါ်လာပြီး ဦးနှောက်ထဲကို ဆေးထိုးသတ်ခဲ့တာပါ။ ပြီးရင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ပြီး တချို့ကိုတော့ စားခဲ့ပါတယ်။ ခေါင်းခွံတွေကိုတော့ ဆေးရည်စိမ်ပြီး သိမ်းထားခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ဒါးမားကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၁၆ ကြိမ် ကျခံစေခဲ့ပါတယ်။ ဒါပေမယ့် ထောင်ကျနေစဉ်အတွင်းမှာပဲ ထောင်သားတစ်ယောက် သံတုတ်နဲ့ ရိုက်သတ်လို့ သေဆုံးခဲ့ရပါတယ်။My Friend ...
movie

My Friend Dahmer (2017)