Channel Myanmar

Kristian Brodie

[18+] Invitation Only (2009)
[18+] Invitation Only (2009) မာရီယာအိုဇာဝါတို့လို ခပ်ဟော့ဟော့သရုပ်ဆောင်တွေနဲ့ ဒီဇာတ်ကားက ထိုင်ဝမ် Horror ဇာတ်ကားပါ။ဓနရှင်လူတန်းစားနဲ့နင်းပြားလူတန်းစားကြားက ကွာဟချက်ကို မီးမောင်းထိုးရိုက်ပြသွားတာမျိုး။ ဒါပေမဲ့တကယ်တမ်းပြောရရင်တော့ ဓနရှင်တွေ စိတ္တဇဖြစ်တယ်လို့ပဲဆိုရမှာမျိုး... In time ကားကလိုပေါ့ဗျာ။ ဓနရှင်လူတန်းစားတွေရဲ့ချမ်းသာမှုဟာ ဆင်းရဲသားနင်းပြားတွေဆီကတစ်ဖက်လှည့်နဲ့ယူထားတာမျိုးပဲလို့ သွယ်ဝိုက်ပြောထားသလိုမျိုးပေါ့။ဇာတ်လမ်းထဲမှာ ရက်ရက်စက်စက်ပက်ပက်စက်စက်သတ်လွန်းလို့ တော်ရုံမကြည့်ရဲရင် ကြည့်ဖို့မလွယ်ဘူး။ ထမင်းစားနေရင်းကြည့်ဖို့လုံးဝ/လုံးဝမသင့်တော်ဘူး။ ဇာတ်လမ်းသဘောတရားကတော့ မနုဿမုဆိုး ဓနရှင်တွေက ဆင်းရဲသားနင်းပြားတွေကိုရက်ရက်စက်စက်မညှာမတာသတ်တဲ့ကား။ သူတို့ကစိတ္တဇဖြစ်နေတာဆိုပေမဲ့ အကြောင်းအရင်းတွေတော့ရှိတယ်လေ။ ဒါမျိုးအင်္ဂလိပ်ကားတွေရှိပေမဲ့ ဒါကအာရှဖက်ကပုံစံမျိုးမလို့ အာရှစတိုင်သွားတယ်။ zombie ကားတောင် အနောက်တိုင်းကတစ်မျိုး အာရှကတစ်မျိုးဆိုတာသိလောက်မယ်ထင်ပါတယ်။ဇာတ်ကားထဲက ဆင်းရဲသားနင်းပြားတွေက ဘယ်လိုသားကောင်ဖြစ်သွားမယ်၊ ဘယ်သူတွေက အမဲလိုက်မယ်၊ ဘယ်လိုပယ်ပယ်နယ်နယ်သတ်မယ်ဆိုတာကတော့ တကယ်ကျောချမ်းဖို့ကောင်းတာမို့ လုံးဝကို horror ကားရှယ်ကြိုက်တဲ့သူတွေလက်လွတ်မခံသင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(3 GB)/(500 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

[18+] Invitation Only (2009)