Channel Myanmar

Kristina Haddad

You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Showing Up (2023) 6.7
Showing Up (2023) IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ...
movie

Showing Up (2023)