Channel Myanmar
Kristofer Hivju
Force Majeure (2014) 7.2
Force Majeure (2014) သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကိုသဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကိုသဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့်နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာစားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့‌ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…  1.20 GB /  697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  ...
movie
Force Majeure (2014)
2014
In Order of Disappearance (2014) 7.1
In Order of Disappearance (2014)  ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကားဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းကအမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာနှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကိုစုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်းသားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
In Order of Disappearance (2014)
Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Cocaine Bear (2023)
Three Wishes for Cinderella (2022) 5.9
Three Wishes for Cinderella (2022) Three Wishes for Cinderella (2022) ========================= IMDb Rating - 5.9/10စင်ဒရဲလားလို့ပြောလိုက်ရင် အများစုကသိရှိပြီးသားဇာတ်လမ်းလေးပဲ မဟုတ်လား၊ ဒါကတော့ အကုန်လုံးသိထားပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်နဲ့သိပ်မတူတဲ့ စင်ဒရဲလားပုံပြင် နော်ဝေးဗားရှင်းလေးလေးပါပဲ။ဒီထဲမှာတော့ စင်ဒရဲလားလေးက နုဖတ်နေတာမဟုတ်ဘဲ မြင်းစီးမြားပစ် တလွှားလွှားနဲ့ပါပဲ။ နောက်ပြီး နတ်သမီးမေမေထက် နောက်ဆုံးမှာ ကိုယ့် ကိုယ့်ကိုယ်သာ အားကိုးရာဆိုတာမျိုးနဲ့ ပုံစံတစ်မျိုးပြသထားသလို၊ ကယ် တင်ရှင်မင်းသားလေးလည်း မလိုတဲ့ဗားရှင်းမို့ အရသာတမျိုးလေးနဲ့ ကြည့် လိုက်ကြရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.4 GB) / (582 MB) / (343 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family, Fantasy Translator.......Mr.Anderson Encoder..........SWM
movie
Three Wishes for Cinderella (2022)
2022
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie
The Fate of the Furious (2017) Fast and Furious 8
2017
Downhill (2020) 4.8
movie
Downhill (2020)
2020
After Earth (2013) 4.9
After Earth (2013) ၀ီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာ။ အဲ့အချိန်မှာ လူသားတွေထပ်မံ သိခဲ့ ရတာက ဒီ စကြာဝဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ Nova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ် သားတွေက တိုက်ခိုက် ပါတာတော့တယ်။အဲ့လို လူသားတွေ လည်းအသေအပျောက်များပြီး တစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ။ အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်။ အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(၀ီလ်စမစ်)က ထိပ်တန်းပေါ့။ဒီလိုနဲ့ လူသားတွေ ...
movie
After Earth (2013)
2013
The Thing (2011) 6.2
The Thing (2011) The Thing (2011)_______IMDb - 6.2/10ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo ...
movie
The Thing (2011)
2011
The Last King (2016) 6.1
The Last King (2016) The Last King (2016)IMDb - 6.1/10_____Rotten - 89%     ဒီဇာတ်ကားကတော့ IMDB - 6.1/10 ရရှိထားတဲ့ Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။ လုပ်ကြံသူတွေက...ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။ ဒါပေမယ့်... ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက် ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့ The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ.....ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။   (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung      File Size - 710 MB Quality - Blu Ray Rip 720p File Format - mp4 Duration - 01:39:00 Translator ...
movie
The Last King (2016)
2016