Channel Myanmar

Krystle Martin

The Mean One (2022) 4.3
The Mean One (2022) The Mean One (2022) =================Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်း လူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ‌ရေးသားတဲ့ How the Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinch ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။ အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီး ထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh: Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။ Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေ တယ်တော့ ဆိုရပါမယ်။ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲ ဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက် အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်‌ပေးဖို့ လုပ်ပါတယ်။ ...
movie

The Mean One (2022)

2022
They Live in The Grey (2022) 5
They Live in The Grey (2022) They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie

They Live in The Grey (2022)

2022