Channel Myanmar

Kunchan

Puzhu (2022) 6.5
Puzhu (2022) Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie

Puzhu (2022)

2022
Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022
Drishyam ( 2013 ) 8.3
Drishyam ( 2013 ) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၂၀၁၃တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားပါ IMDb လည်း 8.3 ရရှိထားပါတယ်တော်တော်များများတော့ ကြည့်ဖူးလောက်ပါတယ် ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်တို့ ဇာတ်လမ်းအလယ်ကနေ အဆုံးထိဇာတ်ကွက်လေးတွေက တကယ်ကို အလန်းဇယားဆိုတာ ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ ဒီကားလေးကို ကြည့်ပြီးတဲ့လူတွေလည်းနောက်တစ်ခေါက်ပြန်ကြည့်ရအောင် မကြည့်ရသေးတဲ့လူတွေလည်း ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့....လေးတန်းပဲအောင်တဲ့ ဂျော့်ခူတီဆိုတဲ့လူက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ ဂျော့်ခူတီက ရုပ်ရှင်ကြည့်ရတာကိုအရမ်းစွဲလမ်းနှစ်သက်ပါတယ် သူ့ရဲ့ဗဟုသုတတွေက ရုပ်ရှင်ကနေ ရတာပါ တစ်နေ့မှာတော့ သူတို့ရဲ့အေးချမ်းတဲ့ ဘဝထဲကို မဖိတ်ခေါ်တဲ့ဧည့်သည် တစ်ယောက်ဝင်ရောက်လာပြီး မတော်တဆမှုတစ်ခုဖြစ်သွားပါတယ် အဲ့ဒီနောက် ဂျော့်ခူတီအနေနဲ့ မိသားစုသာ သူ့ဘ၀ သူ့အရာရာအားလုံးကိုရုပ်ရှင်ထဲက ဗဟုသုတတွေကို သုံးပြီး ဘယ်လို လှည့်ကွက်တွေနဲ့ မိသားစုကို ကာကွယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်... Translated & Review By Yamin EiEncoded By LK
movie

Drishyam ( 2013 )

Ustad Hotel (2012) 8.3
Ustad Hotel (2012) Ustad Hotel ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖြစ်တော့ CM Fan တွေကို ပြန်ဝေမျှ ချင်တဲ့ စိတ်လေးဖြစ်ခဲ့တယ် အဲ့ဒီရုပ်ရှင်က အစားအသောက် အတွက်ရော လူတွေရဲ့ စိတ်အခြေအနေနဲ့ လူမှုရေး ဘ၀ တွေ ဘာသာရေးတွေ အရာအားလုံးကို ရောထွေးထားပြီး ပေးချင်တဲ့ မတ်ဆေ့ခ်ျ ထိရောက်ပါတယ်.... ဇတ်လမ်းပုံစံလေးကတော့ အဘူဒူရာဇတ် ဆိုတဲ့ အလုပ်ကြိုးစားတဲ့ လူ တစ်ယောက်ရှိတယ် သူ့ဇနီး က တစ်ရက်မှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး အဘူဒူ ကလဲ သားလေး အရမ်းလိုချင်နေတာပေါ့ တက်ကြွနေတာ မြင်မကောင်းဘူး ဒီလိုနဲ့ ခွဲခန်းထဲရောက်နေတုန်း အပြင်က စောင့်နေတာ အူဝဲ ဆိုတဲ့ အသံနဲ့ အတူ ဘာလေးလဲ ဆိုပြီး ၀မ်းသာအားရမေးလိုက်တော့ သမီးလေး ပါတဲ့ ဒီမှာတင်ပဲ အဘူဒူ တစ်ယောက် စိတ်တွေကျသွားတာ အောက်ဆုံးထိပါပဲ ဒါပေမယ့် သားလေးမွေးရမယ် ဆိုပြီး ထပ်ကြိုးစားတယ် သမီးလေးပဲ မွေးတယ် မွေးရင်း မွေးရင်း  နဲ့ နောက်ဆုံး သမီးတွေပဲ ထွက်လာတော့ အတော်လေးလဲ စိတ်ကုန်နေပါပြီ မိန်းမ ဖြစ်သူ နောက်ဆုံးကိုယ်ဝန်နဲ့ ရှိနေတုန်း တစ်ခြားမြို့ ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားပါတယ် အဲ့ဒီမှာပဲ ဘေးနားမှာ အားပေးသူမရှိပဲ သူ့မိန်းမ ကလေးမွေးခဲ့ရပါတယ် ဒီတစ်ခါတော့ သားလေးပါ အဘူဒူ တစ်ယောက် အိပ်မက်တွေ ပြည့်ဝခဲ့ရပြီပေါ့... သားလေး နာမည်ကို ဖိုင်ဇယ် လို ပေးခဲ့ပြီး အရမ်းချစ်ခဲ့ရတာပေါ့....  XP PowerBank ဆောင်ထားနော် ...
movie

Ustad Hotel (2012)

2012