Channel Myanmar

Kwon Yul

Beastie Boys (2008) 5.6
Beastie Boys (2008) Beastie Boys (2008)မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ... တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night ...
movie

Beastie Boys (2008)

2008
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
The Policeman’s Lineage (2022) 6.6
The Policeman’s Lineage (2022) The Policeman's Lineage (2022)အရမ်းကိုနူးညံ့ပြီး ချစ်တတ်တဲ့ပန်းချီဆရာ ချွဲအွန်းကို ခဏလောက်မေ့ထားလိုက်ပါတရားမျှတပြီး ရဲတာဝန်ကိုကျေချင်တဲ့ ချွဲမင်ဂျယ်လာပါပြီပြစ်မှုကျူးလွန်သူတွေကို ဖမ်းပုံဖမ်းနည်းမတူတဲ့ ရဲနှစ်ယောက်စည်းမျဉ်းကိုလိုက်နာပြီး တာဝန်ကိုထမ်းဆောင်သွားမယ်ဆိုတဲ့ ချွဲမင်ဂျယ်နဲ့ တရားခံကိုဖမ်းရဖို့ ဖြတ်လမ်းကနေ ကိုယ်တိုင်ပြစ်မှုတွေလုပ်နေတဲ့ ဘတ်ဂန်ယွန်းတို့ တစ်ဖွဲ့တည်းဖြစ်သွားချိန်မှာ..အမှုလိုက်တဲ့နေရာမှာ ဆန့်ကျင်ဘက်နည်းလမ်းကို အသုံးပြုတဲ့နှစ်ယောက်ဟာ အသည်းအသန်လိုက်နေတဲ့ မူးယစ်ဖြန့်ဖြူးသူ နာယောင်းဘင်ကို မိနိုင်မလား၊ဘတ်ဂန်ယွန်းနောက်ကြောင်းကို စုံစမ်းဖို့အဖွဲ့ထဲဝင်လာတဲ့ နည်းလမ်းမှန်မှန်နဲ့ အမှုလိုက်တတ်တဲ့ ချွဲမင်ဂျယ်ကရော တကယ့်နည်းလမ်းမှန်ကို သိသွားမလားဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 862MB and 278MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Policeman’s Lineage (2022)

2022
Pietà (2012) 7.2
Pietà (2012) Pietà (2012) ဇာတ်လမ်းအညွှန်း****************************(IMDB - 7.2)ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ...
movie

Pietà (2012)

2012
The Hunt (2016) 5.1
The Hunt (2016) The Hunt 2016 =============   2016 ထွက် the hunt ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းမှာ မင်းသားကြီး Ahn Sung-Ki နဲ့ Cho Jin-Woong တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ် ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီး သူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ် သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ် အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ် ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့ အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ....... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်   File Size –  1.63 GB Quality –  WEB-DL 1080p File Type – mp4 Duration – 1h 33min Translator – Hay Thar Oo Encoder ...
movie

The Hunt (2016)

2016
My Dear Desperado (2010) 6.8
My Dear Desperado (2010) [Unicode]2010 (31st) Blue Dragon Film Awards မှာ ဒီဇာတ်ကားရဲ့ Best New Director ဆုကိုရရှိခဲ့ပြီး မင်းသမီး Jung Yu-Mi လည်း 2011 (33rd) Golden Cinematography Awards ပွဲမှာ Best Actress ဆုကို ရရှိခဲ့ပါတယ် ။ ပုံမှန်ကြည့်နေကျ Comedy-Romane တွေလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့လောက်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရခဲ့ပါတယ် ဆိုးလ်ကို သွားပြီး အလုပ်လုပ်ကိုင်လိုတာကြောင့် ဖခင် တားမြစ်တဲ့ ကြားကနေပဲ ဆိုးလ်မှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်Company တစ်ခုမှာ အလုပ်ဝင်ပြီး အလုပ်ကိုင်သစ် ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ... သူမ အလုပ်လုပ်တဲ့ Company ဒေဝါလီခံရပြီး သူမလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီးဈေးပေါတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းငှားနေခဲ့ရပါတယ် အဲ့မှာပဲ လူမိုက် အိုဒုံချောနဲ့ သူမတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ ...
movie

My Dear Desperado (2010)

Champion (2018) 6.0
Champion (2018) ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။Rating တွေအနေနဲ့ကတော့ IMDb- 6.0/10….Rotten Tomatoes – 86 %။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)---------------------------------------------------------------------ကိုရီးယား ဒရာမာဆန်ဆန် ...
movie

Champion (2018)

2018
Anarchist from Colony (2017) 7.1
Anarchist from Colony (2017)   "Anarchist from Colony" ဇာတ်ကားဟာ Park Yeolလို့ခေါ်တဲ့ ဘုရင်စနစ်ကို မုန်းတီးတဲ့ မင်းမဲ့ဝါဒီတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရန်မှန်ရုပ်ရှင်ဖြစ်ပါတယ်... 2017, Juneလတုန်းက ရုံတင်ထားတာပါ... ဒီဇာတ်ကားဟာ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကိုကျရောက်နေတဲ့ 1923ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်... Park Yeol ဟာ ကိုရီးယားလူမျိုး14ယောက်နဲ့ဂျပန်လူမျိုး5ယောက်ပါဝင်တဲ့ "The Revolt"ဆိုတဲ့တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီးတော့ မင်းမဲ့ဝါဒီသမားတစ်ယောက်ဖြစ်တဲ့အတိုင်း ဂျပန်အိမ်ရှေ့မင်းသား Hirohitoကိုလုပ်ကြံဖို့ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်မှာ Kentoငလျင်ကြီး အပြင်းအထန်လှုပ်ခတ်သွားခဲ့တဲ့အတွက် အခြေအနေတွေပြောင်းလဲကုန်ပါတယ်... အပြစ်မဲ့တဲ့ကိုရီးယားလူမျိုးထောင်နဲ့ချီပြီး ဂျပန်တွေရက်ရက်စက်စက်သတ်တာခံခဲ့ကြရတယ်... ဒီကားမှာ ဂျပန်တွေရဲ့လူမဆန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကိုရီးယားတွေကို ကရုဏာသက်နေတဲ့ဂျပန်မလေး Kaneko Fumikoနဲ့ Park Yeolတို့ရဲ့အချစ်ဇာတ်လမ်းကိုပါတွေ့ကြရမှာပါ... ကိုရီးယားလူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ...Park Yeolတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ ဒီဇာတ်ကားမှာ Park Yeol အဖြစ် Lee Jae Hoonနဲ့ Kaneko ...
movie

Anarchist from Colony (2017)

2017