Channel Myanmar

Lacy Camp

Benji(2018) 6.3
Benji(2018) NetFlix ရုပ်​သံလိုင်းကရိုက်​ကူးထားပြီး Director - Brandon Camp ရိုက်​ကူးထားတဲ့ Benji ဆိုတဲ့ကား​လေးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​Benji ဆိုတာ ဟိုး 1980s ကာလ​လောက်​ကထဲက ထွက်​ထားတဲ့ကား​လေးဖြစ်​ပြီးဇာတ်​လမ်း​ကောင်းလွန်း​တော့ ဒါရိုက်​တာ အမျိုးမျိုးက ပြန်​လည်​ရိုက်​ကူးကြပါတယ်​ ထူးခြားတာတစ်​ခုက ဒီကားထဲမှာ ​တော့ Benji ဟာ ​ခွေးအစစ်​ကို ​သေချာသင်​ပြီး လိုခြင်​တဲ့အမူအရာ သရုပ်​​ဆောင်​တဲ့ပုံစံရ​အောင်​ ထပ်​ခါတလဲလဲအချိန်​​ပေးရိုက်​ကူးထားတယ်​လို့သိရပါတယ်​IMDb မှာ​တော့ 6.4 ရထားပြီး​တော့ ​ခွေးချစ်​တတ်​တဲ့ ပရိတ်​သတ်​ကြီး အတွက်​တင်​ဆက်​​ပေးလိုက်​ပါတယ်​ဘန်ဂျီဆိုတာပေစုတ်စုတ်နဲ့ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဘယ်သွားလို့ဘယ်လာရမှန်းမသိဘဲ လမ်းဘေးမှာနေတဲ့ ဘန်ဂျီလေးကို ကာတာဆိုတဲ့ ကလေးလေးတစ်ယောက်ကအိမ်ကိုခိုးခေါ်လာခဲ့ပြီး သူ့ညီမ ဖရန်ကီနဲ့အတူ သူ့အမေမသိအောင် ဖွက်ထားဖို့ကြိုးစားခဲ့ပါတယ်တရက်မှာတော့ ကာတာနဲ့ဖရန်ကီတို့မောင်နှမကို ဓားပြတွေက ရောင်းစားဖို့ဖမ်းသွားတဲ့အခါ ဘန်ဂျီလေးကအစွမ်းကုန်ကြိုးစားပြီး ကလေး၂ယောက်ကို ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်တကယ့်ခွေးအစစ်တွေကို သင်ပေးပြီး လိုချင်တဲ့အိုက်တင်မရမချင်း အပင်ပန်းခံရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာအချိန်ကုန်တန်စေမှာပါ Qty - 720p Web DLDuration - 1hr 45minSubtitle ...
movie

Benji(2018)

2018