Channel Myanmar

Lau Yee Tat

So Close (2002) 6.7
So Close (2002) So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့  So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie

So Close (2002)

2002
The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996