Channel Myanmar

Laura Donoughue

The Escape (2017) 6.0
The Escape (2017) ဒီ Escape ဆိုတဲ့ ဇာတ်လမ်းကို အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ မိန်းကလေးတွေနဲ့ ကိုယ့်မိန်းကလေးကို ကိုယ့်ဘေးနားမှာ မထွက်သွားနို်င်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့ ယောက်ျားလေးတွေကြည့်သင့်တဲ့ Art house / Drama အမျိုးအစားကားကောင်းလေးတစ်ခုပါ။ Rotten Tomato- 93% ထိ ရထားတဲ့ ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကတော့ လန်ဒန်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ တာရာ က သူ့ယောက်ျားနဲ့ သူ့ကလေးနှစ်ယောက်နဲ့ အတူတူနေထို်င်ပါတယ်။တစ်နေ့တစ်နေ့ ကလေးကျောင်းကြိုကျောင်းပို့၊ အိမ်မှုကိစ္စတွေလုပ်နေရတဲ့ သူမဟာ ကြာလာတော့ မိသားစုနဲ့နေရတာ မပျော်တော့ပါဘူး။သူမအတွက် တက်လမ်းမရှိတော့တဲ့ အိမ်ထောင်သည်ဘဝကို သူမ ငြီးငွေ့လာတဲ့အခါ၊သူမယောက်ျားဖြစ်သူ မာ့ခ်က သူမကို လိုလေသေးမရှိထားပေး၊ဂရုစိုက်ပေးပေမဲ့လည်း သူမ မပျော်တော့တဲ့အခါ သူမ မိသားစုကို ကျောခိုင်းပြီး ဘဝသစ်ထူထောင်လေမလား၊ဇွဲမလျှော့တဲ့ သူမ ယောက်ျားနဲ့ချစ်စရာကလေးတွေရဲ့ အသံကိုကြားပြီး သူမရဲ့မိသားစုအသိုက်အမြုံမှာပဲ ဆက်လက်နှစ်မြုပ်နေမလားဆိုတာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ပါ)File Size : ...
movie

The Escape (2017)

2017