Channel Myanmar

Laura Felpin

Dealing with Christmas (2023)
Dealing with Christmas (2023)  ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Dealing with Christmas (2023)

Asterix & Obelix: The Middle Kingdom (2023) 4.9
Asterix & Obelix: The Middle Kingdom (2023) Asterix & Obelix: The Middle Kingdom (2023) ================================Asterix နဲ့ Obelix ဆိုရင်တော့ comedy ပိုင်းမှာ မသိတဲ့သူ မရှိအောင် နာမည်ကျော်တဲ့ ဇာတ်လမ်းတွဲတွေဆိုတော့ ထူးပြီး ပြောစရာမလိုလောက်ပါဘူး။ Asterix ၏ စွန့်စားခန်းများ comic book ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ် ကားတွေဖြစ်ပြီး၊ အခု 2023 မှာတော့ အသစ်စက်စက် စွန့်စား ခန်းတစ်ခု ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် နာမည် ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အီဗရာမိုဗစ်ကလည်း cameo အဖြစ် ပါလာသေးတာမို့ အားလုံး အကြိုက်တွေ့ကြဦးမှာပါ။ဇာတ်လမ်းကတော့ နေရာတကာမှာနယ်ချဲ့နေတဲ့ ရောမလူမျိုးတွေ သိမ်းပိုက်လို့ မရသေးတဲ့ Asterix တို့ရဲ့ Gaul ဆိုတဲ့ ပြင်သစ်ရွာ လေးမှာ အခြေခံထားပါတယ်။ တစ်ရက်မှာတော့ အဲဒီရွာလေးကို မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ တရုတ်ပြည်က ဧကရီဘုရင်မရဲ့ သမီးတော်ဖြစ်သူ မင်းသမီးတစ်ပါးရောက်လို့လာခဲ့တယ်။ သူမက မင်းသားတစ်ပါးနဲ့ ထိမ်းမြားရမဲ့ မင်္ဂလာပွဲကို လက်မခံခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပြီး ထီးနန်းသိမ်းခံလိုက်ရချိန်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့သူပါ။Gaul တွေကလည်း တရုတ်ပြည်က ...
movie

Asterix & Obelix: The Middle Kingdom (2023)

2023