Channel Myanmar

Laura Spencer

13 Minutes (2021) 4.6
13 Minutes (2021) 13 Minutes (2021) အညွှန်း*********************သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr ...
movie

13 Minutes (2021)

13 Minutes(2021) 6.0
13 Minutes(2021) 13 Minutes(2021) အညွှန်း***********************သတိပေးချက်တွေဟာ ကြေငြာတိုင်းလည်း အမြဲတကယ်ဖြစ်မလာတဲ့အခါမှာ လူတွေကပေါ့ဆလာတတ်ကြပါတယ် .....မုန်တိုင်းလှန့်တာတွေနဲ့ခဏခဏကြုံရလေ့ရှိတဲ့ နယ်မြို့လေးတစ်မြို့အကြောင်းပဲဖြစ်ပါတယ် ...ရာသီဥတုဖောက်ပြန်မှုတွေမကြာခဏဖြစ်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မြို့ခံတွေဟာမိုးလေဝသသတိပေးချက်တွေကိုလည်း သိပ်ပြီးအလေးထားလေ့မရှိကြပါဘူး ...တစ်နေ့မှာတော့ လေဆင်နှာမောင်းအကြီးစားတစ်ခုဝင်ခါနီးမှာ တီဗီသတင်းတွေရေဒီယိုတွေကနေတစ်ဆင့် အရေးပေါ်ကြေငြာချက်ထုတ်ပါတယ်...လေဆင်နှာမောင်းကလည်းတကယ်တိုက်သွားပါတယ် Recommend ပေးချင်တာကတော့ လေဆင်နှာမောင်းတိုက်တဲ့ဇာတ်ဝင်ခန်းတွေက အတော်ကိုရင်ဖိုစရာကောင်းပါတယ်...မိုးလေဝသနောက်ခံပညာပေးရုပ်ရှင်ဆိုပေမယ့်မြို့ခံမိသားစုတွေကြားထဲက Family drama လေးတွေလည်းပါလို့မပျင်းရပါဘူး...အန္တရာယ်တွေကနေလွတ်အောင်ပြေးရတဲ့ စွန့်စားခန်းဆန်ဆန်vibe တွေကြိုက်နှစ်သက်တဲ့သူတွေကြိုက်နှစ်သက်မယ့် ဇာတ်ကားပါပဲ....  File Size : (2.03GB)(0.9GB) and (343MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Ye Encoded by Phyo Pyae  
movie

13 Minutes(2021)

A Christmas Kiss(2011)
A Christmas Kiss(2011) IMDb....6.3 Christmas ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ကားလေးကို တင်ပေးရင်း  ကျွန်တော်တို့ channelmyanmarရဲ့အမှတ်တရအဖြစ်ကြံဖန်မှတ်ယူပေးကြပါ....မင်းသားရောမင်းသမီးရော ရူပါဖြူးတဲ့ကားလေးကိုအတတ်နိုင်ဆုံးရွေးထားပါတယ် .... ၀န်ဒီ ၀ဲတန် ဆိုတဲ့ကောင်မလေးဟာ ရည်မှန်းချက်ကြီးမားတဲ့ အိမ်အတွင်းပိုင်းအလှဆင်ဒီဇိုင်နာပေါ့။ သူမက ဘော့စတွန်မြို့ရဲ့နာမည်ကြီးဒီဇိုင်နာ ပရစ်ဆီလာ ဟောရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့သူပါ။ ၀န်ဒီက အလုပ်ကို အချိန်ပြည့်လုပ်တယ်။ ပရစ်ဆီလာ ခိုင်းသမျှ လိုအပ်သမျှကို တာဝန်ယူဖြည့်တင်းပေးတယ်၊ တစ်ညမှာတော့ ၀န်ဒီဟာ သူမအခန်းဖော်နဲ့ လှလှပပပြင်ပြီး အပြင်ထွက်ဖို့ကြံနေတုန်း သူမရဲ့သူဌေးဆီကနေ ဖုန်းလာခဲ့တယ်...အိမ်အလုပ်တွေလာလုပ်ပေးဖို့ပါ။ ပရစ်ဆီလာရဲ့မှာထားတာကြောင့် ပရစ်ဆီလာရဲ့တိုက်ခန်းကို ပြင်ဆင်ရင်း တစ်နေ့ သူမသူဌေးလို ကျော်ကြားတဲ့ဒီဇိုင်နာဖြစ်ဖို့ စိတ်ကူးယဉ်နေမိတာပေါ့။ တိုက်ခန်းကအထွက်မှာတော့ ဓာတ်လှေကားထဲမှာ ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ဆုံမိတယ်။ ဓာတ်လှေကားက ရုတ်ချည်းဆိုသလို စက်သေသွားတော့ ၀န်ဒီဟာ                ကောင်လေးရဲ့ လက်မောင်းပေါ် လဲကျသွားပြီးမမျှော်လင့်ပဲနမ်းမိသွားတယ်..ဒါကတော့ဇာတ်လမ်းရဲ့နိဒါန်းလေးဆိုပါတော့.      ...
movie

A Christmas Kiss(2011)