Channel Myanmar

Laurie Meghan Phelps

Accepted (2006) 6.4
Accepted (2006) 2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာမဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင်အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီးမူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက်အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကိုပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲကမင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့အလှ​ကိုလည်းခံစားနိုင်ပါတယ်။ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size…  2.1 GB /  840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre .....  Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Accepted (2006)

2006
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
The Terminal (2004) 7.4
The Terminal (2004) ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie

The Terminal (2004)

2004
4K HEVC