Channel Myanmar

Lee Dae-yeon

Joint Security Area (2000) 7.7
Joint Security Area (2000) Joint Security Area (2000) (အညွှန်း) =========================မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File ...
movie

Joint Security Area (2000)

2000
Dream Palace(2023) 8.2
Dream Palace(2023) Dream Palace(2023)******************ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီးနစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်... အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့်အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်.... တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ် တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး....File size : 1.8GB/ 667MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie

Dream Palace(2023)

2023
Princess Aurora (2005) 6.5
Princess Aurora (2005) Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie

Princess Aurora (2005)

2005
Paju (2009) 6.5
Paju (2009) Paju (2009)ဒီတစ်ခေါက်မှာတော့ ဒီနှစ်ပိုင်းမှာ comeback ပြန်လာတော့မယ့် မင်းသမီး Seo Woo ရဲ့ ၂၀၀၉ ခုနှစ်က ရုပ်ရှင်လေးကို တင်ဆက်ပေးပါဦးမယ်မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်ကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့် ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ်အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့ အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ်ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်က ဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့ အဲအတွက်လည်း ကြိုးစားရပါတော့တယ်ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ၊ အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ်ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB ...
movie

Paju (2009)

2009
Horror Stories 3 (2016)
Horror Stories 3 (2016) Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie

Horror Stories 3 (2016)

2016
The Throne(2015) 7.1
The Throne(2015) 2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie

The Throne(2015)

2015
Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)

Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie

Oldboy (2003)

2003
The Show Must Go On (2007) 6.9
The Show Must Go On (2007) [Unicode]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( 999 MB , 350 ...
movie

The Show Must Go On (2007)

Peppermint Candy (1999) 7.7
Peppermint Candy (1999) [Unicode]Peppermint Candy (1999)ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်း‌နေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။ အချိန်ကတော့ ...
movie

Peppermint Candy (1999)

1999
Lady Vengeance (2005) 7.6
Lady Vengeance (2005) Lady Vengeance (2005)_____IMDb - 7.6/10    Zawgyi ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ...     Unicode ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ...     Translated & Review By ...
movie

Lady Vengeance (2005)

2005
Coin Locker Girl ( 2015 ) 6.8
Coin Locker Girl ( 2015 ) ဒီကား​လေးမှာဆိုရင် မင်းသမီး အဓိကဦးစား​ပေး ဇာက်​ကားတစ်​ကားဖြစ်​ပြီး Drama/Crimeဇာတ်​ကားတစ်​ကားပါ အဓိက role​တွေ ​အ​နေနဲ့Goblin ဇာတ်​ကားမှ မင်းသမီး kim Go-eunမှ မာ​အီ​ယောင်းအဖြစ်​သရုပ်​​ဆောင်​ထားပြီး ​နောက်​ထပ်​ ဇာတ်​​ဆောင်​အ​နေဖြင့်​ မင်းသမီးကြီးKim Hye-sooမှ သရုပ်​​ဆောင်​ထားပါတယ်​ မင်းသားအ​နေနဲ့လဲအားလုံးသိကြတဲ့ love in the moonlightထဲမှ မင်းသား​လေး park bo-gumမှသရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်​လမ်းအ​နေနဲ့က အီ​ယောင်းဟာစွန့်​ပစ်​ခံက​လေးတစ်​​ယောက်​ဖြစ်​ပြီး ​ငွေတိုး​ချေးစားတဲ့လုပ်​ငန်းကိုလုပ်​တဲ့ မာဝူဟီးက ​မွေးစားထားခဲ့ပါတယ်​ မာဝူဟီးဟာ အီ​ယောင်းအပြင်​ အခြားက​လေး​တွေကိုလဲ ​မွေးစားထားပြီး သူ့လုပ်​ငန်းအတွက်​ ခို​င်း​စေခဲ့ပါတယ်​သူ့အတွက်​ အသုံးမဝင်​ရင်​ ​ခွေး​တောင်​မထားပဲ သတ်​ပစ်​တဲ့သူမျိုးလဲ ဖြစ်​ပါတယ်​အီ​ယောင်းဟာ တစ်​ခြားက​လေး​တွေနဲ့မတူပဲ ​အေးတိ​အေးစက်​ မိုက်တိမိုက်​ကန်းပုံစံမျိုးနဲ့ ကြီးပြင်​လာခဲ့ပြီး မင်းသားနဲ့​တွေ့ပြီးဘယ်​လို​ပြောင်းလဲဆိုတာမာလုပ်​ငန်းက ​ငွေ​ချေးတဲ့လုပ်​ငန်​အပြင်​ ဘာ​တွေလုပ်​​နေ​သေးလဲ ဆိုတာkorea နိုင်​ငံရဲ့ ဒုစရိုက်​​လောကကို မျက်​ဝါးထင်​ထင်​ မြင်​​တွေ့​အောင်ရိုက်​ကူးထားတဲ့အပြင်​ မင်းသမီးနှစ်​​ယောက်​ ဂိုဏ်းစတား​တွေအဖြစ်​သဘာဝကျကျသရုပ်​​ဆောင်​ထားပြီး rating IMDb 6.8/10ရရှိထားတဲ့ ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​ Translated & ...
movie

Coin Locker Girl ( 2015 )

2015
Sympathy for Mr. Vengeance(2002) 7.7
Sympathy for Mr. Vengeance(2002) Sympathy for Mr. Vengeance(2002)IMDb...7.7(1080P 5.1CH နဲ့ 720p တို့ဖြင့် စုံလင်စွာတင်ဆက်ထားပါသည်....)ဒီကားရဲ့ ဒါရိုက်တာ Chan-wook Park  ကိုမသိရင်တောင်မှ Oldboy ဆိုတဲ့ ကွီးယားကားကို တော့သိကြမှာပါ..အဲ့ဒီကားဟာ လက်ရာမြောက်လွန်းတဲ့ Hollywood ကတောင် ပြန်လည်ရိုက်ကူးဖြစ်ခဲ့ပါတယ်..Chan-wook Park ဆိုတာ Oldboy ဖန်တီးရှင်ဒါရိုက်တာပေါ့..ယခုSympathy for Mr. Vengeanceဆိုတဲ့ကားကိုလည်း သူရိုက်ကူးခဲ့ပါတယ်...ဒီကားနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံး ဒါရိုက်တာဆုတွေအပြင် အခြားဆု(၅)ဆုတောင်ရရှိခဲ့ပါတယ်...မင်းသားကလည်း  Kang-ho Song နဲ့  Ha-kyun Shinတို့ပါပဲ....Oldboy ကြည့်ဖူးတဲ့သူတွေဆိုရင် ဒီဒါရိုက်တာကြီးရဲ့လက်ရာကိုခန့်မှန်းမိမယ်ထင်ပါတယ်..ဒီကားထဲမှာလည်း သတ်ဖြတ်ခန်းတွေက တကယ့်ကိုသွေးပျက်လောက်စရာကြီးတွေ...ဇာတ်ဝင်ခန်းတိုင်းကို အပီပြင်ဆုံးရိုက်ကူးထားတယ်...မောင်နှမ(၂)ယောက်ရှိတယ်..အစ်မဖြစ်သူက ကျောက်ကပ်မလဲရင်သေရတော့မယ့်ရောဂါအခြေအနေဖြစ်နေတယ်..မောင်ဖြစ်တဲ့သူအနေနဲ့လည်း လှူလို့မရတဲ့အခြေအနေ..ဒါကြောင့် သူ့ကျောက်ကပ်ကိုကလီဇာတွေဝယ်တဲ့ဂိုဏ်းကိုသွားရောင်းလိုက်တယ်...ဒီနောက်ပိုင်းတော့ အခြေအနေတွေဟာ အကုန်ရှုတ်ထွေးကုန်တယ်...Spoiler မလုပ်သင့်တဲ့ကားဖို့ ကျန်တာတွေမပြောတော့ဘူး....Action, Drama,နဲ့ Thriller   ကားမျိုးတွေကိုကြိုက်နှစ်သက်ရင်တော့ တကယ့်ကိုလက်မလွှတ်သင့်ဘူး...ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...မှတ်ချက်...သတ်ဖြတ်ခန်းများနှင့် အခြားအခန်းများမှာ ရက်စက်ပီပြင်လွန်းသဖြင့် မိသားစုများ၊ကလေးများနှင့်အတူမကြည့်သင့်ပါကြောင်းအကြံပြုပါရစေ.....File Size : (2.28GB) ...
movie

Sympathy for Mr. Vengeance(2002)

2002
Innocent Steps (2005) 7.0
Innocent Steps (2005) အခုတစ်ခါတော့ Innocent Steps ဆိုတဲ့ ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုတော့ ပရိတ်သတ်ကြီးတော်တော်များများကတော့ ရင်းနှီးထားပြီးသားဖြစ်ကြမှာပါ ဇာတ်ကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့အကူလိုက်ကပေးတဲ့အကသမားလေးတစ်ယောက် တို့ အနေနီးရာမှာ လူမျိုးမတူ ဘာသာမတူပေမဲ့အချစ်မှာမျက်စိမရှိဘူးဆိုသလို ချစ်ကျွမ်းဝင်သွားတာကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်လို့ ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ အသက် ၁၉ နှစ်အရွယ် တရုတ်က အကသမလေး Mun Geun-yeong သူမဟာ ကိုရီးယားက အကချန်ပီယံ ပြိုင်ပွဲကြီးအတွက် ကိုရီးယားကိုလာခဲ့ပြီး သူနဲ့ အတူ ကူညီ ယှဉ်ပြိုင်ပေးဖို့ကိုတော့ Park Geon Hyeong ကို ၃လတိတိ ကူညီ လေ့ကျင့်ပေးဖို့ ငှားရမ်းခဲ့ပါတယ် ဒီလိုနဲ့ အနေနီးရာမှ ကြိုးချင်းထားကြိုးချင်းညှိဆိုသလိုပဲ အကလေ့ကျင့်ရင်း အချစ်တွေပေါက်ဖွားလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ် Qty - 720p HDTV RipDuration - 1 hr ...
movie

Innocent Steps (2005)

2005
Joint Security Area 7.9
Joint Security Area ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့ အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့) ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင် သာတဲ့ဘက်က စစ်သည်တွေက "ပြေးကြပါတော့ယောက်ဖတို့ရာ"ဆိုပြီးမျက်ရည်တောင် ကျခဲ့ကြပါသတဲ့ အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ...... ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက် ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို မလေးစားပဲမနေနိုင်ပါဘူး ၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ Quality…..BluRay 1080p Duration…..01:50:00 Format…Mp4 File Size…(779 MB, 532 MB , 310 MB) Translator…..မြန်မာကြီး Encoder…..Moe Myint Lwin
movie

Joint Security Area

2000
A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale of Two Sisters (2003)IMDb - 7.2/10_____Rotten - 85%    ဒီဇတ်ကားလေးကတော့ ကိုရီးယားနိုင်ငံမှာ ၂၀၀၃ ခုနှစ် တုန်းက ရိုက်ကူးခဲ့တဲ့ ဇတ်ကားလေးပါ ဒီဇတ်ကားလေးက ကြောက်စရာကောင်းတာထက် သနားစရာပိုပြီးကောင်းပါတယ် ညီမနှစ်ယောက်ကတက္ကသိုလ်တတ်ပြီး ကျောင်းပြီးလို့ သူ့အဖေနဲ့ သူ့ရဲ့ မိထွေးတို့ရှိတဲ့အိမ်ကို ပြန်လာကြတယ် ဒါပေမယ့်သူတို့တွေရဲ့စိတ်ထဲမှာ မိထွေးဆိုတဲ့ ရဲ့ရက်စက်မှုတွေ မညီမျှမှုတွေ နဲ့ ရောယှက်ပြီးသူတို့ကိုနှောက်ယှက်နေတဲ့ လူတစ်ယောက်လို့ပဲစိတ်ထဲမှာစွဲနေခဲ့တယ် အမြင်မကြည်မှု့တွေ စိတ်အလိုမကျမှုတွေနဲ့  အသက်ရှင်နေပြီး သူ့အရမ်းချစ်တဲ့  ညီမလေးကို  မိထွေးရက်စက်မှုမခံရအောင် စောင့်ရှောက်နေခဲ့ပါတယ်  ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ သူ့ညီမလေး က သူထင်သလိုမဟုတ်ပဲ  ဘယ်လိုလှည့်ကွက်တွေဖြစ်သွားမလဲဆိုတာ  စိတိဝင်စားဖို့ကောင်းပြီး သနားစရာကောင်းတဲ့ ဇတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိတ်သတ်ကြီးကပဲဆက်လက် ရှူစားကြရမှာဖြစ်ပါတယ်    File Size - 820 MB File Type - Mp4 Quality - 720p Duration - 01:54:00 Translator - Aye Nyein Thu Encoder - Kyaw Ye Aung
movie

A Tale of Two Sisters (2003)

2003