Channel Myanmar

Lee Do-ha

Goodbye Summer (2019) 5.6
Goodbye Summer (2019) Goodbye Summer (2019) ==================တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(990 MB) ...
movie

Goodbye Summer (2019)

2019
Oh! My Assistant: The Movie (2023)
Oh! My Assistant: The Movie (2023) Oh! My Assistant : The Movie (2022)ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ .....၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB ...
movie

Oh! My Assistant: The Movie (2023)