Channel Myanmar

Lee Han-Wi

Joint Security Area (2000) 7.7
Joint Security Area (2000) Joint Security Area (2000) (အညွှန်း) =========================မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File ...
movie

Joint Security Area (2000)

2000
The Last Ride (2016) 6.8
The Last Ride (2016) The Last Ride (2016)CM ပရိသတ်ကြီးကို အူတက်အောင်ခွီရမယ့် ကိုရီးယားကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဂိုဟွမ်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ Lou Gehrig's Disease လို့ခေါ်တဲ့ ကြွက်သားအားနည်းတဲ့ရောဂါဖြစ်နေပြီး ၃ နှစ်ကြာဆေးရုံပေါ်မှာလှဲနေရတာပါ။ မကြာခင်သေရတော့မယ်ဆိုတာ ဆရာဝန်ပြောလိုက်ပြီးတော့နောက် သူ့မိဘတွေက ဂိုဟွမ်ပျော်အောင်ထားပေးဖို့ကြိုးစားပါတော့တယ်။ မိဘတွေရော သူ့သူငယ်ချင်းနှစ်ယောက်ကရောဂိုဟွမ်ကိုနည်းပေါင်းစုံနဲ့ ပျော်အောင်ထားပေးပေမယ့် ဂိုဟွမ်ကတော့ မပျော်နိုင်ဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေက မေးလိုက်တဲ့အခါမှာတော့ ဂိုဟွမ်တစ်ယောက် မသေခင် စော်နဲ့နပ်ချင်နေတာဖြစ်နေပါတော့တယ်။ သူတို့သူငယ်ချင်းရဲ့ နောက်ဆုံးဆန္ဒကို သူတို့တွေဘယ်လိုဖြည့်ဆည်းပေးမှာလ မိဘတွေမသိအောင်သူတို့ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲဆိုတာ တစ်ကားလုံး တစ်လွဲတွေနဲ့ လုံးဝအူတက်နေအောင် ကြည့်ရှူရမှာပါ။မင်းသားတွေကလည်း God's Quiz ထဲက မှုခင်းဆရာဝန်မင်းသား Ryu Deok-hwan, Fight for My way , Reply 1998, Be Melodramatic, Mask Girl ထဲက Ahn Jae-hong ဆိုတဲ့ မျက်နှာပြောင်တဲ့ မင်းသားတွေပါဝင်ထားပြီး Box Office မှာ ဒေါ်လာ၂၁ သိန်း ကျော်ရရှိထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ(စကားလုံးတွေ ...
movie

The Last Ride (2016)

2016
Marrying the Mafia : Returns (2023) 7
Marrying the Mafia : Returns (2023) Marrying the Mafias : Returns (2023)ဟာသကား မျှော်နေကြသူတွေအတွက် စိတ်အပန်းပြေစေမယ့် Marrying The Mafia: Returns (2023) ထွက်ရှိလာပါပြီMarrying The Mafia ဟာဆိုရင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ I & II ထွက်ရှိထားခဲ့ပြီးသားဖြစ်ပြီး ဝက်ဝက်ကွဲ ရယ်ခဲ့ရသလို အခု ၂၀၂၃ ခုနှစ်အတွက် ထွက်ရှိလာတဲ့အခါမှာလည်း ရယ်ရင်းမောရင်း စိတ်ပင်ပန်းစရာတွေကို ပြေပျောက်စေဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်လှတဲ့ စာရေးဆရာတိုရီဟာ တစ်ညမှာတော့ အမှတ်မထင် မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်မိသွားခဲ့ပါတယ်။ ဒီခေတ်ကြီးထဲမှာ One Night Stand မိတာဟာ အထွေအထူးမဟုတ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်း အဲဒီမိန်းကလေးရဲ့မိသားစုဟာ နာမည်ကြီးလွန်းလှတဲ့ လူမိုက်ဂိုဏ်းတစ်ခု ဖြစ်နေတဲ့အခါမှာတော့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားက စာရေးဆရာတိုရီရဲ့ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုသွားကြရမှာပါ။Casts တွေအနေနဲ့ဆိုရင်လည်း နာမည်ကြီးတွေပဲဖြစ်ကြတဲ့ မင်းသမီးကြီး Kim Soo-mi, မင်းသား Yoon Hyun-min ...
movie

Marrying the Mafia : Returns (2023)

2023
Take Off (2009) 6.9
Take Off (2009)  ၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကိုနောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့်အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေတွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်းပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Take Off (2009)

Wolves (2022) 6.5
Wolves (2022) Wolves (2022)(1080p ရပါပြီ)ဧပြီလတုန်းက ကိုရီးယားမှာ ရုံတင်ပြသခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဂျယ်ဂျူကျွန်းပေါ်မှာ မူးယစ်ဆေးမှောင်ခိုတင်သွင်းနေတဲ့ ဂျပန် ယာခူဇာဂိုဏ်း ... ယာခူဇာဂိုဏ်းရဲ့ လုပ်ငန်းကို လုယူဖို့ ကြိုးစားနေတဲ့ ကိုရီးယား မာဖီးယားဂိုဏ်းတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲစတင်နေချိန် ....အဲ့ဒီကာလမှာ သက်လတ်ပိုင်းအမျိုးသမီးတွေ ဆက်တိုက် အသတ်ခံရတဲ့အခါ ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်ဖို့ စုံထောက်အိုနဲ့ စုံထောက်ယွန်း တို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယာခူဇာဂိုဏ်းခေါင်းဆောင်ရဲ့သမီး က ပြန်ပေးဆွဲပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ စုံထောက်အဖွဲနဲ့ ယာခူဇာဂိုဏ်းရဲ့ တရားခံကို အပြိုင်အဆိုင် ဖော်ထုတ်ကြတဲ့အခါ ...အမိုက်စား အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး လူမိုက်ဂိုဏ်းတွေရဲ့ ရက်စက်တဲ့ ပြစ်ဒဏ်ပေးပုံ ပေးနည်းတွေကို မြင်တွေ့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။)File Size          : 1.7GB, 745MB, 393MB Quality    ...
movie

Wolves (2022)

2022
Good Morning President (2009) 5.9
Good Morning President (2009) Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie

Good Morning President (2009)

Christmas in August (1998) 7.6
Christmas in August (1998) Christmas in August ( 1998 )သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ...
movie

Christmas in August (1998)

1998
Sector 7 (2011) 4.6
Sector 7 (2011) Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie

Sector 7 (2011)

2011
Righteous Ties (2006) 6.3
Righteous Ties (2006) Righteous Ties (2006) Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ...အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : ...
movie

Righteous Ties (2006)

2006
April Snow (2005) 6.7
April Snow (2005) April Snow (2005) ~ IMDb Rating - 6.7/10 ~၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား....၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။၃ April ...
movie

April Snow (2005)

2005
Hanbando (2006) 4.8/10
Hanbando (2006) Hanbando (2006) ဒီကားလေးကတော့ 2006 က ထွက်ရှိခဲ့ပြီး ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား ပဋိပက္ခကို ပုံဖော်ရိုက်ကူးထားတာပါ။ တောင်နှင့်မြောက် ကိုရီးယားအစိုးရအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးပြန်လည် ရယူရန်အတွက် ဂယောင်းဝီမီးရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံမှ လွန်ခဲ့တဲ့ရာစုနှစ်က ဂျိုဆွန်းဘုရင်နဲ့ ထားရှိခဲ့ကြတဲ့ သဘောတူညီချက်စာချုပ်ပါအကြောင်းအရာအရ ဂယောင်းဝီမီးရထားလမ်း မူပိုင်ခွင့်ကို ဂျပန်တို့ဘက်မှပိုင်ဆိုင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်မပြုကြောင်း ဖွင့်လှစ်ခဲ့ပါက ကိုရီးယားစီးပွားရေးဈေးကွက်ကို ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ သဘောတူညီချက်စာချုပ်မှာပါတဲ့ နိုင်ငံတော်တံဆိပ်ဟာ အတုဖြစ်နေခဲ့ကြောင်း သိရှိသွားတဲ့အချိန် တောင်ကိုရီးယားသမ္မတမှ သမိုင်းကြောင်း ပညာရှင် ချွဲမင်ဂျယ်နဲ့ ဂျိုဆွန်း‌ဘုရင်မျိုးဆက် ကင်မ်ယူရှစ်တို့ကို ‌တံဆိပ်တုံးအစစ်ကို ရှာဖွေစေပြီး သမိုင်းကို ပြင်ဆင်ရန် ခိုင်းစေခဲ့ပါတော့တယ်။ နိုင်ငံပိုင်တံဆိပ်တုံးအစစ်ကို ရှာတွေ့ပြီး ဂျပန်တို့လက်ထဲမှ ဂယောင်းဝီမီရထားလမ်းမူပိုင်ခွင့်ကို ပြန်လည်ရယူနိုင်မလား ကိုရီးယားစီးပွားရေးဈေးကွက်ကရော အခြေအနေပြန်လည်တည်ငြိမ်သွားမလားဆိုတာကတော့ ဒီကားလေးမှာ စောင့်ကြည့်ရမှာပါ။ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တဲ့အပြင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File Size - 2.1 GB , 740 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Milkeux Encoder - August
movie

Hanbando (2006)

2006
Race to Freedom: Um Bok-dong(2019) 6.0
Race to Freedom: Um Bok-dong(2019) Race to Freedom: Um Bok-dong(2019)1913 ခုနှစ်မှာ ဂျိုဆွန်းကို ဂျပန်တွေ သိမ်းပိုက်ထားခဲ့ပါတယ်....ဂျိုဆွန်းမှာ ဂျပန်လူမျိုးတွေက သူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်....ဂျပန်တွေဟာသူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးနင်းဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်ဖို့ အဘက်ဘက်ကထောက်ပံ့မှုတွေကလည်းပြည့်စုံလေတော့ ပြိုင်ပွဲတိုင်းအနိုင်ရနေလေ့ရှိတယ်...အမြဲလိုလိုရှုံးနိမ့်တဲ့အပြင် နှိမ်ခံရလေတော့  ဂျိုဆွန်းပြည်သူတွေ စိတ်အပျက်ကြီး ပျက်ခဲ့ရပါတယ် ...ဒါကြောင့် ဂျိုဆွန်းကုန်သွယ်အဖွဲ့ခေါင်းဆောင်က စက်ဘီးပြိုင်ပွဲမှာ ပြိုင်ပွဲ၀င်ဖို့ သူ့မှာရှိသမျှစည်းစိမ်လေးတွေပုံအောပြီးလူငယ်တွေကို လေ့ကျင့်ပေးခဲ့ပါတယ်....အဲ့ဒီလိုလူငယ်တွေကို ရွေးချယ်လေ့ကျင့်ပေးတဲ့အချိန်မှာ အံအားသင့်လောက်စရာပါရမီပါပြီး သန်မာတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ဘဲ ပေါ်ထွန်းလာတဲ့အချိန်မှာတော့....ဒီကားက မင်းသား Rain အဓိကပါဝင်သရုပ်ဆောင်ထားသလိုကိုးရီးယားတွေရဲ့မျိုးချစ်စိတ်ကို အဓိကပုံဖော်ထားတဲ့ကားမို့ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာနဲ့ခမ်းခမ်းနားနားရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (980 MB) and (349 MB) Quality :FHD-Rip 720p Format…mp4 Duration…01:58:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Race to Freedom: Um Bok-dong(2019)

The Tower (2012) 6.6
The Tower (2012) The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...  File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie

The Tower (2012)

2012
Love, Lies (2016) 7.1
Love, Lies (2016) Love lies ဆိုတဲ့ကား​လေးက​တော့ ကိုးရီးယားနိုင်​ငံကို ဂျပန်​​တွေသိမ်းပိုက်​ထားတဲ့ ၂၀ရာစု အ​စောပိုင်းကာလက ဂျိုဆွန်းရဲ့ အ​ခြေအ​နေကို ​ပုံ​ဖော်​ထားတဲ့ကား​လေးပါ။ဂျန်​ဆိုယိုးက နာမည်​ကြီးက​ချေသည်​မျိုးရိုးကဆင်းသက်​လာသူဖြစ်​ပြီး ရုပ်​ရည်​လှပပြီး ရိုးရာသီချင်းသီဆိုရာမှာ ပါရမီရှိသူ​လေးပါ။ငယ်​စဉ်​ကတည်းက မိခင်​ဆုံးပါးသွားပြီး ဖခင်​ရဲ့ခိုင်းစားခြင်းခံရတဲ့ ဆိုယွန်​ဟီးကို သံ​ယောဇဉ်​ဖြစ်​မိရာက ယွန်​ဟီးကို သူနဲ့အတူပညာသင်​​စေခဲ့ပြီး သူတို့နှစ်​​ယောက်​ အချစ်​ဆုံးသူငယ်​ချင်း​တွေဖြစ်​လာခဲ့ပါတယ်​။ရိုးရာဂီတကိုမြတ်​နိုးတဲ့ ဆိုယိုးရဲ့ချစ်​သူက​တော့ ​တေး​ရေးဆရာ ကင်​ယွန်းဝူ ပါ။မျိုးချစ်​စိတ်​ရှိတဲ့ ကင်​ယွန်းဝူဟာ မိခင်​ရဲ့ဆန္ဒအတိုင်း အရာရှိဖြစ်​လိုစိတ်​မရှိပဲ ပြည်​သူ​တွေနားဆင်​ဖို့ ​​တေးသီချင်း​တွေ​ရေးဖွဲ့ရတာကိုပဲ ​ပျော်​​မွေ့​နေသူတစ်​ဦးပါ။ယွန်​ဟီးရဲ့​ခေတ်​​ပေါ်ဂီတ​တေးကို နား​ထောင်​မိပြီး​နောက်​ ယွန်​ဝူးဟာ ယွန်​ဟီးကို သူ့သီချင်းကိုသီဆို​ပေးဖို့ ကမ်းလှမ်းလာပါတယ်​နှလုံးသားထဲမှာ ဆိုယိုးတစ်​​ယောက်​ပဲရှိပါတယ်​လို့ ကျိန်​ဆိုထားပြီး နှစ်​နှစ်​​နေရင်​လက်​ထပ်​မယ်​လို့ ကတိ​ပေးထားတဲ့ ယွန်းဝူတစ်​​ယောက်​ အ​နေနီးစပ်​လာတဲ့ ယွန်​ဟီးကိုချစ်​မိသွားပါတယ်​။ယွန်​ဝူးအကူအညီနဲ့ ​ခေတ်​​ပေါ်​တေးအဆို​တော်​ဖြစ်​လာတဲ့ သူငယ်​ချင်းရဲ့​အောင်​မြင်​မှုကို ထပ်​တူ​ပျော်​ရွင်​​ပေးနိုင်​​ပေမယ့်​ ချစ်​သူရဲ့နှလုံးသား​ပြောင်းလဲသွားတာကို သိလိုက်​ရတဲ့အခါ ဆိုယိုးဟာ နာကျင်​ခံပြင်းမှု​တွေနဲ့အတူ ကင်​ယွန်းဝူနဲ့ ဆိုယွန်​ဟီးတို့ရဲ့ ​ပျော်​ရွှင်​မှု​တွေကို ဖျက်​ဆီးဖို့ ဆုံးဖြတ်​လိုက်​ပါတယ်​။ချစ်​သူ သူငယ်​ချင်း ဂီတ အားလုံးကိုဆုံးရှုံးလိုက်​ရတဲ့ ...
movie

Love, Lies (2016)

2016
More Than Blue (2009) 7.6
More Than Blue (2009) More Than Blue (2009) IMDb - 7.6/10_____Rotten - 92%    Friendzone  နာမည်လေးတော့ ကြားကောင်းတယ်နော် ခံစားရတဲ့သူကျ အသေအကြေပဲဗျ... ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ More than Blue လို့ခေါ်တဲ့ Melodrama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်... ဘဝမှာ အသက်ရှင်ရမယ့်ရက်တွေ ဘယ်နှရက်များ ရှိမှာလဲ? နေ့တိုင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေနိုင်ပါတယ်... ကိုယ်မရှိတော့တဲ့အခါ ကိုယ်သိပ်မြတ်နိုးရတဲ့သူကို ကာကွယ်မပေးနိုင်တော့မှာကို သိပ်ကြောက်ပါတယ်... ကိုယ့်ဘဝရဲ့ နေဝင်ချိန် မရောက်ခင်မှာ သူ့ကို လုံခြုံစေချင်မိတယ်... သူ့အကြောင်းကို ကိုယ့်ထက် ဘယ်သူကများ နားလည်ပါ့မလဲ စိုးရိမ်မိတယ်... ဒီလို ခံစားချက်တွေက လူတိုင်းမှာရှိကြပါတယ်...    ယခု ဇာတ်လမ်းလေးထဲမှာလည်း ဒီနေ့လား မနက်ဖြန်လား မသေချာတဲ့ မင်းသားဟာ သူငယ်စဉ်ကတည်းက မြတ်နိုးချစ်ခင်ခဲ့ရတဲ့ မိန်းကလေးအတွက် အစွန့်လွှတ် အနစ်နာခံကာ သူ့ရဲ့နေဝင်ချိန်တွေကို စိတ်ချချင်ခဲ့ပါတယ်... ဒါအတွက် သူဘာလုပ်မလဲ? ဖြူစင်လွန်းတဲ့ချစ်ခြင်းကရော ဘာလဲ တကယ်ရှိလား? နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်တဲ့ Kwon Sangwoo နဲ့ Lee Boyoung တို့က ဒီဇာတ်လမ်းလေးကနေ တဆင့်ဖြေပေးပါလိမ့်မယ်    Size - 748 MB Qty - HD ...
movie

More Than Blue (2009)

2009
House of the Disappeared (2017) 6.3
House of the Disappeared (2017)   မင်ဟီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သားလေး၂ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ခင်ပွန်းဟာ ထူးဆန်းစွာသေဆုံးသွားပြီး သူ့သားအကြီးကောင်လေးဟာလည်း ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ် အဲ့ဖြစ်ရပ်တွေဟာ သူတို့ရဲ့ နေအိမ်မှာပဲဖြစ်သွားခဲ့တာပါ သူမကိုလည်း ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူတို့ကိုသတ်ဖြတ်မှုအတွက် ထောင်ဒဏ်၂၅ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ် သူထောင်ကလွတ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ အိမ်ကိုပြန်သွားပြီး အရင်ကအဖြစ်အပျက်တွေအကြောင်းကို စုံစမ်းချိန်မှာတော့...  (ဘာသာပြန်သူကတော့ မမ Myint Thinzar ပါ) File Size : (750 MB) and (350 MB) Quality : 720pHDRip Running Time : 1hr 40minutes Format : Mp4 Genre : Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thinzar Encode by Thanhtike Zaw
movie


2017
Joint Security Area 7.9
Joint Security Area ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့ အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့) ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင် သာတဲ့ဘက်က စစ်သည်တွေက "ပြေးကြပါတော့ယောက်ဖတို့ရာ"ဆိုပြီးမျက်ရည်တောင် ကျခဲ့ကြပါသတဲ့ အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ...... ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက် ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို မလေးစားပဲမနေနိုင်ပါဘူး ၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ Quality…..BluRay 1080p Duration…..01:50:00 Format…Mp4 File Size…(779 MB, 532 MB , 310 MB) Translator…..မြန်မာကြီး Encoder…..Moe Myint Lwin
movie

Joint Security Area

2000
200 Pounds Beauty (2006) 6.8
200 Pounds Beauty (2006) 200 Pounds Beauty (2006)_____IMDb - 6.8/10    ဒီနေ့လဲ IMDb Rating (6.8) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက တချို့လဲကြည့်ဖူးလောက်ပြီ တချို့လဲမေ့နေလောက်ပြီ တချို့လဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ။ ကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။ ၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို ...
movie

200 Pounds Beauty (2006)

2006