Channel Myanmar

Lee Hyun-wook

The Policeman’s Lineage (2022) 6.6
The Policeman’s Lineage (2022) The Policeman's Lineage (2022)အရမ်းကိုနူးညံ့ပြီး ချစ်တတ်တဲ့ပန်းချီဆရာ ချွဲအွန်းကို ခဏလောက်မေ့ထားလိုက်ပါတရားမျှတပြီး ရဲတာဝန်ကိုကျေချင်တဲ့ ချွဲမင်ဂျယ်လာပါပြီပြစ်မှုကျူးလွန်သူတွေကို ဖမ်းပုံဖမ်းနည်းမတူတဲ့ ရဲနှစ်ယောက်စည်းမျဉ်းကိုလိုက်နာပြီး တာဝန်ကိုထမ်းဆောင်သွားမယ်ဆိုတဲ့ ချွဲမင်ဂျယ်နဲ့ တရားခံကိုဖမ်းရဖို့ ဖြတ်လမ်းကနေ ကိုယ်တိုင်ပြစ်မှုတွေလုပ်နေတဲ့ ဘတ်ဂန်ယွန်းတို့ တစ်ဖွဲ့တည်းဖြစ်သွားချိန်မှာ..အမှုလိုက်တဲ့နေရာမှာ ဆန့်ကျင်ဘက်နည်းလမ်းကို အသုံးပြုတဲ့နှစ်ယောက်ဟာ အသည်းအသန်လိုက်နေတဲ့ မူးယစ်ဖြန့်ဖြူးသူ နာယောင်းဘင်ကို မိနိုင်မလား၊ဘတ်ဂန်ယွန်းနောက်ကြောင်းကို စုံစမ်းဖို့အဖွဲ့ထဲဝင်လာတဲ့ နည်းလမ်းမှန်မှန်နဲ့ အမှုလိုက်တတ်တဲ့ ချွဲမင်ဂျယ်ကရော တကယ့်နည်းလမ်းမှန်ကို သိသွားမလားဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 862MB and 278MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Policeman’s Lineage (2022)

2022
The Target (2014) 6.3
The Target (2014) ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie

The Target (2014)

2014
Shark: The Beginning (2021) 6.5
Shark: The Beginning (2021) Shark The Beginning (2021)အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ Action ကားကတော့ Shark ဆိုတဲ့ ကိုရီးယား Webcomic ကိုအခြေခံရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Cast တွေအနေနဲ့ Racket Boys စီးရီးထဲကKim Min-suk ၊ 18 Again ထဲက Wi Ha-Joon ၊The Uncanny Counter,Her Private Lifeစီးရီးတွေထဲက သရုပ်ဆောင် Jung Won-Chang တို့ကပါဝင်ထားကြလို့ အချောတွေစုနေတဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ချာဝူဆွန်းဆိုတဲ့ကောင်လေးက ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရတဲ့ စာကြမ်းပိုး ကောင်လေးတစ်ယောက်ပါ သူ့ကို ငယ်ငယ်ထဲက အမြဲအနိုင်ကျင့်တတ်တဲ့ ဘယ်ဆော့ချန်းဆိုတဲ့ အငယ်တန်း တက်သစ်စ လက်ဝှေ့သမား ကောင်ဆိုးလေး တစ်ယောက်ရှိပါတယ် ဘယ်ဆော့ချန်းကချာဝူဆွန်းကို မြင်လိုက်တာနဲ့ အမြဲ ရန်သူတစ်ယောက်လို အနိုင်ကျင့် ဆက်ဆံနေတဲ့သူပါ အဲ့နောက်မှာ ...
movie

Shark: The Beginning (2021)

2021
Alive (2020) 6.5
Alive (2020) မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ...သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါtrailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin
movie

Alive (2020)

Secret Zoo(2020) 6.3
Secret Zoo(2020) Secret Zoo(2019)(unicode)ဒီဇာတ်ကားလေးက 2020 ဇန်နဝါရီလကပဲ ရိုက်ကူးပြီးစီးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDB ကတော့ 10 out of 6.3 ရထားပါတယ်။ Runningman ကြည့်တဲ့သူတွေဆို လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က ဇာတ်ကား promotion အတွက်ဒီဇာတ်ကောင်တွေ လာသွားတာကိုမှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကြောင်းအရာလေးကတော့ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူက ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာတရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။တစ်နေ့တော့သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။အဲ့ဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့် တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ။အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ပိတ်ရက်မှာဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Secret Zoo(2020)