Channel Myanmar

Lee Jae-Joon

The Beauty Inside (2015) 7.4
The Beauty Inside (2015) လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ? အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ် ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲ ပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင် ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ် မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ် အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်... ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ် ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့ အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ် အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား? စဉ်းစားကြည့်စမ်းပါ... ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ? ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာ လမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူး တစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲ ဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူး နောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ် ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား? အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း ...
7.4
IMDB: 7.4/10 3,535 votes
movie

The Beauty Inside (2015)

2015
Blu-Ray 720p