Channel Myanmar
Lee Joo-young
Green Night (2023) 5.9
Green Night (2023) Green Night (2023)ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ Fan Bing Bing နဲ့ Lee Joo Young တို့အဓိက cast အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ကိုရီးယားလေဆိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ တရုတ်အမျိုးသမီး ကျင်းရှားဟာ လေဆိပ်မှာ မူမမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သံသယဝင်တာကနေ နောက်ဆက်တွဲတွေအများကြီးကြုံတွေ့လိုက်ရပါတော့တယ်ပိုက်ဆံအရမ်းလိုနေတဲ့ ကျင်းရှားဟာ အဲဒီမိန်းကလေးနဲ့ ပတ်သက်မိပြီး ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိတဲ့အခါမှာ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်သိမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်...ထူးခြားတာလေးတစ်ခုကတော့ အမျိုးသမီးနှစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ သာမန်ပတ်သက်မှုမျိုးထက် အဆင့်ကျော်တဲ့ ဇာတ်ကွက်တွေကို ပြသွားတဲ့အတွက် ရင်တလှပ်လှပ်နဲ့ ရှုစားရမှာဖြစ်ပါတယ်.. အများကြီးမပြောတော့ဘူး Fan Bing Bing တို့ ကိုရီးယားမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဆိုတော့ အမိုက်စားဖြစ်မှာ အသေအချာပါပဲ ကြည့်လိုက်ကြပါဦးနော်အညွှန်း န့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 586MB Format… mp4 Duration…. 1h ...
movie
Green Night (2023)
2023
Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie
Believer 2 (2023)
2023
Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie
Believer (2018)
2018
Don’t Buy the Seller (2023) 7.8
Don’t Buy the Seller (2023) Don't Buy the Seller aka Target (2023)Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်Genre..... Crime, Mystery, Thriller Quality…. 1080p ...
movie
Don’t Buy the Seller (2023)
2023
Phantom (2023) 6.3
Phantom (2023) Phantom (2023)၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ကိုယ်က ‌တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်‌အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။ သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ ...
movie
Phantom (2023)
2023
Broker(2022) 7.5
Broker(2022) Broker(2022) အညွှန်း ****************** IMDb...7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်... မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ... ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ...သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ... So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ ...
movie
Broker(2022)
On the Line (2021) 7.3
On the Line (2021) On the Line (2021)IMDb - 7.3/10Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး"အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ"လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း....လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း....ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Her latest blogGenre.....Action, Crime, Drama Quality….FHDRip 1080p and 720p and 480p File size…1.5GB ...
movie
On the Line (2021)
2021
Shades of the Heart (2021) 6.6
Shades of the Heart (2021) Shades Of The Heart (2021)ဟိုးအရင်တုန်းက လှည်တန်းခုံးကျော်တံတားဘေးမှာ အကိုင်းသက်သက်နဲ့ ကြေကွဲစရာကောင်းအောင်လှတဲ့ သစ်ခြောက်ပင်အိုကြီးရှိခဲ့ဖူးတယ်။ကဗျာမှာဆို သစ်ခြောက်ပင်ဟာ ညှိုးငယ်ကျန်ရစ်သူပေါ့။ သစ်ရွက်ကလေးတွေဟာ သူ့ကိုစွန့်ခွာသွားခဲ့တာ ကြာပြီ။ပျင်းပျင်းရိရိဖြစ်မိတဲ့ ညနေတွေဆို ကျွန်တော်အဲ့ဒီသစ်ခြောက်ပင်ကြီးကို တမော့တမော ထိုင်ငေးခဲ့ဖူးတာပေါ့။ဘာစကားလုံးမှ မပါဘဲကို အဲ့ဒီသစ်ခြောက်ပင်ကြီးဟာ ကျွန်တော့်ရဲ့ ညနေတွေကို မှုန်ရီဝေစေခဲ့ဖူးတယ်။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ရသဟာ ကြေကွဲစရာသက်သက်ပါပဲ။ ဒါပေမဲ့ ဘာရယ်ကြောင့်လဲမသိ။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ကြေကွဲရတဲ့ အရသာကို ကျွန်တော်ခုံမင်ခဲ့တယ်။ နောက်နှစ်တွေကျတော့ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှတ်ညဏ်ထဲမှာတော့ တစ်ခါတလေ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေကို မြင်မက်မိနေတုန်း။ မြင်မက်မိလေတိုင်းလည်း ‌မှုန်ရီဝေနေတုန်း။ဒီရုပ်ရှင်ဟာလည်း စကားလုံးတွေ ရီဝေမျက်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ခြောက်ပင်တစ်ပင်ပါပဲ။ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်ဟာ လူတစ်ယောက်ပြီးတစ်ယောက်နဲ့ စကားပြောနေရင်းတင် ပြီးသွားတယ်။သို့ပေမဲ့ လူတွေနဲ့ စကားပြောတာထက် ဒဏ်ရာတွေနဲ့စကားပြောတယ်လို့ ပြောရင် ပိုမှန်လောက်မယ်။ သူ့ဒဏ်ရာတွေ သူပွေ့ပိုက်ရင်း တခြားသူ ဒဏ်ရာတွေကို နားထောင်တာကို ကျွန်တော်တို့ကြည့်ရင်း ဒဏ်ရာတစ်ခုခုမှာတော့ ကျွန်တော်တို့ အမာရွတ်တွေဟာ တဆစ်ဆစ်နာလာနိုင်ကောင်းရဲ့။ပြန်တွေးကြည့်ကြရင် ငါ့ရှင်သန်မှုဟာ အိပ်မက်တစ်ခုလား တကယ့်အရှိလားလို့ ခံစားမိဖူးကြမှာပေါ့။ ကြားဖူးတယ် ..... အမာရွတ်တွေဟာ ကျွန်တော်တို့ အတိတ်တွေဟာ အစစ်အမှန်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေနိုင်မယ့် စွမ်းအားမျိုးရှိတယ်တဲ့။ ဒီလိုဒဏ်ရာသက်သက် ရုပ်ရှင်တွေကို ဘာလို့ တပ်မက်သလဲမေးလာရင် ကျွန်တော့်အဖြေက ဖော်ပြပါအတိုင်းပါပဲ။(အမှန်ပြောရရင်တော့ ဒီကိုရီယားရုပ်ရှင်ဟာ သမားရိုးကျ ကိုရီယားရုပ်ရှင်ပရိတ်သတ်တွေ အတွက် ...
movie
Shades of the Heart (2021)
2021
Josée(2020) 7.8
Josée(2020) Josée(2020)အညွှန်း*******************IMDb...7.8တစ်လောတုန်းက Start Up စီးရီးနဲ့ ဟန်ဂျီးဖြောင်းလောက်မကောင်းဘူး ဘာညာ ဝေဖန်ခံခဲ့ရတဲ့နမ်ဒိုဆမ်းရဲ့ ကားသစ်လေးလာပါပြီ....သို့ပေမဲ့ မင်းသားNam Joo-Hyuk ကတော့ အမာခံဖန်တွေလျှော့သွားတာရယ်တော့မဟုတ်...Nam Joo Hyuk နဲ့ Han Ji Min တို့ကို ဒုတိယအကြိမ်တူတူတွဲတွေ့ရတာဖြစ်ပြီးဒီကားလေးက 2003 လောက်ကထွက်ထားတဲ့ Japan movie "Josee, The Tiger and The Fish"ကို remake ပြန်ရိုက်ထားတယ်လို့ဆိုပါတယ်....Nam Joo Hyuk ကတော့ ကြင်နာတတ်တဲ့ တက္ကသိုလ်ကျောင်းသားလေးအဖြစ်သရုပ်ဆောင်ထားပြီးHan Ji Min  ကတော့ မသန်မစွမ်းကောင်မလေးအဖြစ်သရုပ်ဆောင်ထားပါတယ်...သူတို့ ဘယ်လို့တွေဆုံကြမလဲ...အချစ်ဆိုတာကရော ဘယ်လိုမျိုးလဲ...တခြားသူတွေအမြင်တစ်ခုက အရေးပါနေလား...ဆောင်းရာသီလေးမှာ စောင်ခြုံပြီး ကော်ဖီတစ်ခွက်ရဲ့ ရနံနဲ့ ရစ်မူးလို့ကောငး်မဲ့အချစ်ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zawပဲဖြစ်ပါတယ်... File Size :(1.2GB) and (550 MB) Quality : HDRip 720p Format…mp4 Duration…01:57:00 Genre ...
movie
Josée(2020)
Maggie (2018) 6.2
Maggie (2018) Maggie 2018 ============လူတွေရဲ့ ယုံကြည်မှုဟာ ဘယ်လောက်ထိ အရေးပါလဲတစ်ခုခု ယုံကြည်ချက်ရှိတယ်ဆို ကိုယ့်ယုံကြည်မှုအတိုင်းဆက်လုပ်မလားယုံကြည်မှုဟာ ဘာတွေနဲ့ သက်ဆိုင်လဲဘာတွေအပေါ်မှာ မူတည်နေလဲဒီဇာတ်လမ်းလေးမှာတော့ Itaewon class က စားဖိုမှူးမလေးကိုသူနာပြု ဆရာမလေး ယောယွန်ယောင်းအဖြစ် တွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၆ ဆု ရရှိထားတာဖြစ်ပါတယ်ဇတ်လမ်းအကျဉ်း"မာရီယာရဲ့ အချစ်"လို့ အမည်ရတဲ့ ဆေးရုံတစ်ရုံရဲ့ ဓာတ်မှန်ခန်းထဲက.....လူ၂ယောက် လိင်ဆက်ဆံတာကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကြီး ထွက်လာခဲ့ပါတယ်အဲ့့ပုံထွက်လာပြီးနောက်နေ့မှာပဲ ဆေးရုံမှာရှိသမျှ ၀န်ထမ်းတွေအကြောင်းအမျိုးမျိုးပြပြီး ခွင့်ယူသွားခဲ့တယ်ဒုဆေးရုံအုပ်နဲ့ သူနာပြုယောယွန်ယောင်းပဲ အလုပ်မှာရှိနေခဲ့ပါတယ်လူတွေကို သံသယ၀င်တတ်လွန်းတဲ့ ဒုဆေးရုံအုပ်နဲ့ ယုံကြည်တတ်လွန်းသူ ယောယွန်ယောင်း.....သူတို့တွေဟာ လူတွေအပေါ်မှာထားတဲ့ သူတို့ယုံကြည်မှုတွေမှန်ကန်ရဲ့လား စစ်ဆေးခဲ့တယ်အဲ့ထဲမှာ သူနာပြုယောယွန်ယောင်းရဲ့ ချစ်သူလည်းပါ၀င်ခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုဟာ မှန်ကန်ရဲ့လားဘယ်သူတွေကို ယုံကြည်ဖို့ ရွေးချယ်လိုက်မလဲဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File Size – 1.4 GB Quality – 1080p FHDRip File Type – mp4 Duration – 1h ...
movie
Maggie (2018)
2019
Samjin Company English Class (2020) 6.8
Samjin Company English Class (2020) ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ်   လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့   အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး   ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ်   အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့   အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့   ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့   ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား   အင်္ဂလိပ်စာသင်ခဲ့ကြတယ်   တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့   ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့   ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့   ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ   ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ   ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင်    မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ   စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ   အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း   သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ   အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ်   သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ်     Translated by : Phue Nge Nge Thein  Encoded by : Thit San Khant  Quality : 1080p and 720p File Size : 1.16 Gb and 541 Mb
movie
Samjin Company English Class (2020)
2020
Baseball Girl (2019) 6.9
Baseball Girl (2019) [Unicode]ဒီဇာတ်လမ်းမှာတော့ Itaewon Class ယူတု့ိ အချစ်တော် စားဖိုမှူးမင်းသမီးလေး Lee Joo-Young က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျူဆူအင်ဆိုတဲ့ ကောင်မလေးဟာ သူမတို့ အထက်တန်းကျောင်းသူဖြစ်ပြီးယောက်ျားလေးတွေပဲပါတဲ့ ကျောင်းရဲ့ ဘေ့စ်ဘောအသင်းကို ဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော မိန်းကလေးကျောင်းသူပါသူမက အရည်ချင်းရှိပြီး အနှစ် ၂၀ အတွင်းမှာ အတော်ဆုံး အမျိုးသမီး ကစားသမားဖြစ်လာခဲ့ပါတယ်ဒါပေမယ့် အထက်တန်းကျောင်းဆင်းတဲ့အခါမှာတော့ မိန်းကလေးဖြစ်ပြီး ခပ်ပိန်ပိန်လေးဖြစ်နေတဲ့ သူမကဘောလုံးကို အားထည့်မပစ်နိုင်တဲ့အတွက် သူများထက် speed နည်းသွားခဲ့ပါတယ်သူမ ဝင်ခွင့်ရချင်ခဲ့တဲ့ pro team ကိုလည်း ဝင်ခွင့်မရခဲ့ပါဘူးဒါပေမယ့် ခေါင်းမာပြီး စိတ်အားထက်သန်တဲ့ သူမအတွက် သူမရဲ့ နည်းပြက ကြိုစား Train ပေးခဲ့ပါတယ်သူမကြိုးစားမှု အရာထင်မှာလားpro team ကို ဝင်ခွင့်ရမလားဆိုတာ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုပါနော်...။( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ္လမ္းမွာေတာ့ Itaewon Class ...
movie
Baseball Girl (2019)
The Negotiation(2018) 6.5
movie
The Negotiation(2018)
2018
Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie
Miss Baek (2018)
2018