Channel Myanmar

Lee Kwang-Soo

The Pirates: The Last Royal Treasure (2022) 8.6
The Pirates: The Last Royal Treasure (2022) The Pirates: The Last Royal Treasure (2022) ဇာတ်လမ်းအညွှန်း****************************************************ကဲ...အားလုံးမျှော်နေကြတဲ့ ပင်လယ်ဓားပြကားလေးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော်။cast တွေအနေနဲ့ Kang Ha Neul,Han Hyo Joo, Lee Kwang Soo, EXO's Sehun, Chae Soo Bin, Kwon Sang Woo ... စတဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေ ပါဝင်ထားတာမို့ စောင့်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ဒီကားလေးက The Pirates:The Bandit Who Went To The Sea (2014) ရဲ့ အဆက်ဖြစ်ပေမယ့်လည်း plot ရော cast တွေရော မတူညီကြတာမို့ အရှေ့ကားမကြည့်ရသေးတဲ့သူတွေလည်း ဒီကားလေးကို တန်းကြည့်လို့ရပါတယ်နော်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားတဲ့ ဂိုလျောတော်ဝင်မိသားစုရဲ့ ရတနာတွေကို ...
movie

The Pirates: The Last Royal Treasure (2022)

2022
Confession (2014) 6.7
Confession (2014) Confession (2014) ==================IMDb Rating - 6.7/10ယော်ရောဘွန်းတို့ "Confession" လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ "အချစ်ဝန်ခံချက်" လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလားဒါပေမယ့်.....ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo) တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး "ညစ်တတ်တယ် လိမ်တတ်တယ်" လို့ အသိများကြတယ်။ မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူရိုး‌လူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် "အားလုံး ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး"တွေဖြစ်လာခဲ့တယ်။ ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က "Confession" ...
movie

Confession (2014)

2014
Sinkhole (2021) 7
Sinkhole (2021) Sinkhole (2021)ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် Runner ဟောင်းကြီး Lee Kwang Soo ပါဝင်တဲ့ Sinkhole ဆိုတဲ့ကားလေးဖြစ်ပါတယ်။ကိုးရီးယားမှာ ရုံတင်ထားတာ မကြာသေးသလို ပြသတုန်းကလည်း လက်မှတ်တွေအများကြီးရောင်းရတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါ။ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။ အိမ်ကမြေပြိုသွားတော့တာပါပဲ.သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ..... Lee Kwang Soo အပြင် ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့ နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကို ဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eaindray ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.2GB ...
movie

Sinkhole (2021)

2021
Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)

Collective Invention (2015) 6.2
Collective Invention (2015)  Running Manမှာ ယူဂျယ်ဆော့ အရမ်းလိုက် လိုက်စတတ်တဲ့ အီဂွမ်ဆူရဲ့ ငါးလူသားရုပ်ရှင်လေးပေါ့ဗျာStrong Woman ဒိုဘုံဆွန်း ဖြစ်တဲ့ ပတ်ဘိုယောင်းပုစိလေးလည်းပါဝင်ထားသလို မင်းသားကြီးတွေကလည်းရှယ်ပါပဲရုပ်ရှင်ကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင်တော့ဆေးဝါးစမ်းသပ်မှုမှာ မှားယွင်းမှုဖြစ်သွားပြီး ငါးတပိုင်း လူတပိုင်းဖြစ်သွားတဲ့ ပတ်ဂူဟာ ကိုရီးယားပြည်သူတွေကြား သန္ဓေပြောင်းလူသား နာမည်ကြီးတယောက် ဖြစ်လာခဲ့ပြီး မကြာခင်မှာပဲ အတိုက်အခံအချို့နဲ့အတူ ဆွဲချခံလိုက်ပြန်ပါတယ် နိုင်ငံရေး ဥပဒေ သတင်းမီဒီယာ တီထွင်စမ်းသပ်မှုစတဲ့ အဘက်ဘက်က လွှမ်းမိုးမှုတွေနဲ့အတူ ပတ်ဂူကို သူရဲကောင်းတခါ လူယုတ်မာတလှည့် ဖြစ်သွားစေတဲ့ တဖက်စောင်းနင်းဆန်ဆန် လူ့အဖွဲ့အစည်းအကြောင်း ပုံဖော်ထားပြီးလူ့အခွင့်အရေးနဲ့ လူသားချင်းနှိပ်စက်မှုအကြောင်းအရာတွေကိုပါ ပြသပေးထားပြီး လူအဖွဲ့အစည်းအသိုင်းအဝိုင်းကြားက မွန်းကြပ်စရာ သနားစရာ စိတ်တိုစရာကိစ္စတွေကို ကြည့်နေရရင်းငါးလူသားကြီးရဲ့ ရုပ်မမြင်ရတာတောင် စကားပြောသံနဲ့ ခွိခနဲရယ်ချင်မိမယ့် action skillတွေနဲ့အတူ သရုပ်ဆောင်တွေရဲ့ ဓာတုဗေဒမိမိ ဟာသလေးတွေကြောင့်လည်း ရယ်မောရမှာဖြစ်တဲ့ရသအမျိုးမျိုးပေးနိုင်မယ့် ကားလေးတခုပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )Quality__1080p,720p,360p IMDb ...
movie

Collective Invention (2015)

Tazza 3 : One Eyed Jack (2019) 5.7
Tazza 3 : One Eyed Jack (2019) [Unicode]လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ "အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ" ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်...ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ...။"ကျွန်တော်ဘာလို့ ...
movie

Tazza 3 : One Eyed Jack (2019)

Inseparable Bros(2019) 7.0
Inseparable Bros(2019) Inseparable Bros(2019)IMDb...7.0((ကားအလန်းမို့ WEB-DL 1080P,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) Running Man က လီဂွမ်ဆူ ပါ၀င်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပဲ 2020 (56th) BaekSang Arts Awards မှာBest Supporting Actor ဆုကို ရရှိသွားခဲ့ပါတယ် ..ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..ဘတ်ဒုံဂူ နဲ့ ဂန်ဆယ်ဟာ တို့ဟာ မသန်စွမ်းကလေး စောင့်ရှောက်ရေး ဂေဟာ တစ်ခုမှာ အတူနေထို်င်ကြတာပါ ..ဂေဟာကို တာ၀န်ယူတဲ့ ဘုန်းတော်ကြီး ဆုံးပါးသွားတဲ့အခါ တာ၀န်ယူမယ့်လူမရှိတဲ့ ဂေဟာကို ဖျက်သိမ်းပြီး ကလေးတွေကိုလည်း အခြားဂေဟာတွေဆီပိုဖို့ လုပ်ခဲ့ပါတယ် ...ဒါပေမယ့် ဘတ်ဒုံဂူနဲ့ ဂင်ဆယ်ဟာတို့ကတော့ အမီခိုကင်းလွတ်ခွင့်တင်ပြီး ညီအစ်ကို ၂ ယောက် မခွဲရဖို့ ဂေဟာ မဖျက်သိမ်းရဖု့ိ ကြိုးစားခဲ့ပါတယ်..သူတို့ညီအကို (၂)အဲ့ဒီလိုကြိုးစားစဉ်မှာပဲ သူတို့လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File ...
movie

Inseparable Bros(2019)

2019
Bloody Reunion (2006) 6.0
Bloody Reunion (2006) [Unicode]Horror Movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက် နောက်ထပ် horror movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းဆရာမ ဘတ်ဟာ မူလတန်းကျောင်း ဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ၊ အခုချိန်မှာတော့ သူမက အောက်ပိုင်းမလှုပ်ရှားနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ မိသားစုလည်း တစ်ယောက်မှ မရှိတာကြောင့် သူမကိုတော့ တပည့်ဟောင်းတွေထဲက မီဂျာဆိုတဲ့ ကောင်မလေး တစ်ယောက်က အနီးကပ်ပြုစုစောင့်ရှောက်ပေးပါတယ်...ဆရာမဘတ်ဆီကို နှစ်စဉ္ဆရာများနေ့ရောက်တိုင်း သူမရဲ့ ကျောင်းသားဟောင်းတွေက အတူတူလာလည်တတ်ကြပါတယ်။ဒါပေမယ့် တစ်နှစ်မှာတော့ ကံဆိုးစွာနဲ့ ဆရာမအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်... ရှုပ်ထွေးလွန်းတဲ့ လူသတ်မှုတစ်ခုကြောင့် စုံထောက်မာတစ်ယောက် ခေါင်းစားနေခဲ့ပါတယ် သတ်ခံရသူတွေထဲက ၅ ယောက်ဟာ ဆိုးရွားစွာ သေဆုံးခဲ့ပြီး ၂ ယောက်ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ။အသက်ရှင်ကျန်ရစ်သူကတော့ အိမ်ပိုင်ရှင် ဆရာမ ဘတ် ရယ် ၊ နောက်တစ်ယောက်ကတော့ သူမရဲ့ အနီးကပ်တပည့် မီဂျာတို့ပဲဖြစ်ပါတယ် ။ ဆရာမဆီလာလည်ကြတဲ့ ကျောင်းသားတိုင်းက ဆရာမကြောင့် ထိခိုက်ဖူးတဲ့သူတွေဖြစ်ပြီး စိတ်ထဲမှာ အမုန်းတရားအနည်းငယ်စီရှိနေကြတာပါ ...
movie

Bloody Reunion (2006)

The Accidental Detective 2: In Action (2018) 6.5
The Accidental Detective 2: In Action (2018) Sherlock Holmes ကိုအားကျပြီး စုံ​ထောက်​ဖြစ်​ချင်​​နေတဲ့ ဂန်​​ဒေးမန်​ဆိုတဲ့Comicbook အ​ရောင်းဆိုင်​ရှင်​ဟာဆိုင်​ကို ​ရောင်းပြီး ရဲအုပ်​​ဟောင်း နို​တေးဆူနဲ့ အတူစုံ​ထောက်ေ​အဂျင်​စီတစ်​ခု ဖွင့်​ခဲ့ပါတယ်​။စိတ်​ကူးနဲ့လက်​​တွေ့က ကွာခြားလွန်း​လေ​တော့အမှုအပ်​မဲ့လူမရှိပဲ အိမ်​က မိန်းမ​တွေရဲ့ အငြိုအငြင်​ခံ​နေရတဲ့ သူရဲ​ကောင်းကြီး​တွေ​ပေါ့။ရထားတိုက်​​သေပြီး ရဲ​တွေက မ​တော်​တဆမှုလို့အမှုပိတ်​လိုက်​တဲ့ အမှုကို ပြန်​လိုက်​​စေချင်​သူကျန်​ရစ်​သူ အမျိုးသမီးတစ်​​ယောက်​ရဲ့ အမှုကိုလက်​ခံလိုက်​မိရာက.. အမှုကြီးတစ်​ခုနဲ့ ပက်​သက်​မိပါ​တော့တယ်​။့အမှုရဲ့ အရိပ်​အမြွက်​​ပြောရင်​ကိုကားရဲ့ အရသာပျက်​ပြီမလို့ အမှုအ​ကြောင်း​တော့ထည့်​မ​ရေး​တော့ပါဘူး။ကိုရီးယားကားတစ်​ကားအ​နေနဲ့​တောင်​အ​တော်​​လေး ဇာတ်​အိမ်​ခိုင်​ပြီးRating ဒီထက်​ပိုရသင့်​တဲ့ ကားလို့လည်းPersonal အရ မြင်​မိရ​လောက်​​အောင်​အ​တော်​​လေး ဆွဲ​ဆောင်​မှုရှိတဲ့ ကားပါ။ဒရာမာ နည်းနည်းချိုး​ပေမဲ့စိတ်​​ပြေလက်​​ပျောက်​ကြည့်​ဖို့အ​တော်​​လေးသင့်​​တော်​တဲစုံ​ထောက်​ဟာသကားလည်း ဟုတ်​ပါတယ်​။Running Man ထဲက သစ်​ကုလားအုတ်​လီဂွမ်​ဆူရဲ့ မျက်​ခွက်​​ပြောင်​ ပုံစံ​တွေလည်းမြင်​ရဦးမှာပါ။စိတ်​ညစ်​ရတဲ့ တစ်​​နေ့​တော့မှာစိတ်​​ပြေလက်​​ပြောက်​ ​ပေါ့​ပေါ့ပါးပါးဟာသဆန်​ဆန်​ကား​လေး ကြည့်​ချင်​ရင်​ကြည့်​ကို ကြည့်​သင့်​တဲ့ ကားလို့Recommend ​ပေးချင်​ပါတယ်​။လူသားဆန်​မှုဆိုတာကိုလည်းရိပ်​ခနဲ မြင်​ရ​အောင်​ ရိုက်​ထား​ပေးတဲ့ဒီကား​လေးရဲ့IMDB Ratingက​တော့ 6.5 ပါ။Ratingထက်​ပိုရတဲ့ ကားဆိုတာ​တော့ ​သေချာပါတယ်​။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ဆရာအူးဝီရ ပါ) File Size : (945 ...
movie


2018