Channel Myanmar

Lee Mi-yeon

A Company Man (2012) 6.7
A Company Man (2012)   ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့ တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။ Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။ တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။ မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘ၀ထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။ Single motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။ အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘ၀ကနေသားကောင်ဘ၀အဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။ Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘ၀လေးထူထောင်နိုင်မလား။ အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။ မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အ၀နဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။ Ratingအနေနဲ့လည်6း.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ CM မှ Translator တစ်ဦးဖြစ်သူ Thinzar Thaung Htike San ပဲဖြစ်ပါတယ်)  File Size : (700 MB) and (280 MB) Quality : Bluray720p Running Time : 1hr 36minutes Format : Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated By Thinzar Thaung Htike San Encode By Thanhtike Zaw
movie

A Company Man (2012)

2012
Like for Likes (2016) 6.1
Like for Likes (2016) Like for Likes (2016) IMDb - 6.1/10_____Rotten - 43%    2016 ထွက် ဇာတ်ကားသစ်လေးဖြစ်တဲ့ rating 6.1 ရ ကိုရီးယားကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းက အချစ်ဟာသလေးပါ.. အပျိုကြီးမမ လေယာဉ်မယ်နဲ့ စားဖိုမှူး... နာမည်ကြီးမင်းသားနဲ့ ဇာတ်ညွှန်းရေးသူမမကြီး.. တေးရေးဆရာလေးနဲ့ သာမန်ကောင်မလေးတို့အကြောင်းရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားလေးပါ.. စုံတွဲ ၃ တွဲအကြောင်းကိုရိုက်ကူးထားတယ် ဆိုပေမယ့် သာမန် အပ်ကြောင်းထပ်ဇာတ်လမ်းတွေမဟုတ်ဘဲ ဇာတ်လမ်းတစ်ခုစီကို လှလှပပပုံဖော်ထားတာကြောင့် တစ်ကားတည်းနဲ့ ၃ ကားကြည့်ရသလို ပြည့်စုံသွားစေလိမ့်မယ်..။ အညွှန်းကိုနောက်ထား.. သရုပ်ဆောင်တွေကိုပဲ အရင်ကြည့်ကြဦးစို့..။ - moon lover ထဲက မင်းသား ၈ ( moon lover ဇာတ်ကားအစောပိုင်းမှာလိုပဲ နူးညံ့သိမ်မွေ့ပြီး အေးချမ်းတဲ့ဇာတ်ရုပ်လေးနဲ့ .. ) - ဆောင်ကျန်ကွမ်ထဲက မြင်းရိုင်း Yoo Ah In ( သူကတော့ ဘယ်လိုသရုပ်ဆောင်ဆောင် အထာကျပြီးသားပဲ ) - နာမည်ကြီးဝါရင့် သရုပ်ဆောင် Kim ...
movie

Like for Likes (2016)

2016