Channel Myanmar

Lee Min-jung

Switch (2023) 7.2
Switch (2023) Switch (2023)ဟိုးအရင်ကတည်းက ကိုယ်တွေကြိုက်ခဲ့ရတဲ့ မင်းသားကြီး Kwon Sang Woo ရဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးထွက်လာပါပြီနော် ဘတ်ဂန်းဟာ ချစ်သူကိုလက်လွှတ်လိုက်ရတဲ့နောက် အရမ်းကိုနာမည်ကြီးပြီး ပေါ့ပျက်ပျက်နေတတ်တဲ့ သရုပ်ဆောင်ဖြစ်လာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းဂျိုယွန်းကတော့ သူ့ဘေးမှာမန်နေဂျာအဖြစ်နဲ့ အမြဲထောက်ပံ့ပေးခဲ့ပါတယ် ဘတ်ဂန်းဟာ အရမ်းအောင်မြင်နေပေမဲ့ စိတ်ထဲမှာတော့ နောင်တတရားတွေရှိနေခဲ့တယ်.. အဲဒီတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့်လားပဲ သူအရင်ကလက်လွှတ်ခဲ့ရတဲ့ဟာတွေကို ပြန်ရလာပြီး နာမည်ကြီးဘဝကိုတော့ ဂျိုယွန်းကိုပေးလိုက်ရတော့တာပဲSwitch ဆိုပေမဲ့ အရင်ကြည့်နေကျ တခြားရုပ်ရှင်တွေလို ဝိညာဉ်ချင်း ခန္ဓာကိုယ်ချင်းလဲတာမဟုတ်ဘဲ ဘဝချင်းပါလဲသွားတဲ့ ဇာတ်လမ်းမို့ တစ်မျိုးတစ်ဖုံထူးခြားနေတာတော့ အမှန်ပါပဲ နာမည်ကြီးရာကနေ အရာမဝင်တော့တဲ့ဘဝရောက်သွားတဲ့ ဘတ်ဂန်းနဲ့ နာမည်ကြီးဖြစ်သွားတဲ့ဂျိုယွန်းတို့ရဲ့ အလွဲတွေကိုတော့ ရုပ်ရှင်ထဲမှာကြည့်ရင်း ရယ်မောလိုက်ကြပါဦးနော်Cast အနေနဲ့ကတော့ Kwon Sang Woo အပြင် မင်းသားကြီး Oh Jung Se, မင်းသမီး Lee Min Jung တို့လည်းပါဝင်ထားပါသေးတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, ...
movie

Switch (2023)

[18+] Wet Dreams 2 (2005) 4.7
[18+] Wet Dreams 2 (2005) အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ...
movie

[18+] Wet Dreams 2 (2005)

White Night (2009) 6.5
White Night (2009) White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie

White Night (2009)

2009
Searching for the Elephant (2009) 5.5
Searching for the Elephant (2009) Searching for the Elephant (2009)IMDb 5.5/10================================ဇာတ်ကားနာမည်က "ဆင်ရှာပုံတော်ထွက်ခြင်း"တဲ့။ ဒါပေမဲ့ "ဆင်" အကြောင်းတော့မဟုတ်ပါဘူး။ "လူ" အကြောင်းမှ လူအကြောင်း စစ်စစ်ကို ရေမရောဘဲ ရိုက်ပြထားတာပါ။သေချာတာကတော့ ဒီကားက လူတိုင်းအတွက် မဟုတ်ပါဘူး။ဘယ်လိုလူတွေ အတွက်လဲဆိုတော့ လက်ရှိဘဝကို စိတ်ပျက်လာတဲ့အခါ.... ဘဝထဲက လူတွေအကြောင်း သိလာပြီး သူတို့မျက်နှာဖုံးတွေကို မြင်လာတဲ့အခါ....လွယ်လွယ်ပြောရရင် Dark mood ဝင်လာတဲ့အခါမှ မြိန့်မြိန့်ကြီး ထိုင်ကြည့်ပြီး ရိသဲ့သဲ့ စိတ်နာနာပြုံးမိမယ့် လူ့သဘာဝ dark side ကိုရိုက်ပြထားတဲ့ကားပါ။ဒီကားမှာ ဇာတ်သိမ်းကို ပြူးပြဲလိုက်ရှာလို့ မရသလို Plot ကိုနားလည်အောင် အတင်းချိတ်နေလို့လည်း မရပါဘူး။ဇာတ်ကားကို ဒါရိုက်တာ ခေါ်ဆောင်သွားတဲ့အတိုင်းလေး အလိုက်သင့်စီးမြောပြီး တစ်ခန်းချင်း ကြည့်သွားရုံပါပဲ။အဆုံးသတ်ကြရင် လူဆိုတာ ဒီလိုပါပဲဆိုပြီး သံဝေဂရစေမယ့် ဇာတ်ကားပါပဲ။ရုပ်ရှင်ဝေဖန်သူတွေက ဒီကားကို plot twist တွေများပြီး ခန့်မှန်းရခက်တယ်လို့ ဝေဖန်ထားကြပေမယ့်လူ့လောကကြီးကိုက Plot twist တွေပဲ မဟုတ်လားဗျာ [Plot ...
movie

Searching for the Elephant (2009)

Cyrano Agency(2010) 6.6
Cyrano Agency(2010) IMDb.....6.6 Cyrano လို့ခေါ်တဲ့ မြှားနတ်မောင်အေဂျင်စီတစ်ခု...... လူငယ်တွေနဲ့ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေး တွေက အတော်မိုက်တယ် သူတို့က အောင်သွယ်ပေးဖို့အလုပ်လာအပ်တဲ့သူကိုအကြံပေးရုံသက်သက်တင်မဟုတ်ဘူး...... အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို လေ့လာတယ် အသေးစိတ်ကအစပေါ့ ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင် သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်..... တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်... အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့ Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်...ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကိုလက်ခံလိုက်တယ် ...... ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom,Min-jung Lee, Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကိုအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ....ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ် Story တွေက သိပ်မဆန်းရင်တောင် ဇတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ် နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက် အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း lightion ကြောင့်ကြွရွထွက်နေတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ File Size…(869MB) and (518MB) Quality…BluRay ...
movie

Cyrano Agency(2010)

2010