Channel Myanmar

Lee Seung-cheol

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
No Regret (2006) 6.9
No Regret (2006) No Regret (2006)နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ...
movie

No Regret (2006)

2006
Silmido (2003) 7.1
Silmido (2003) Silmido (2003)ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie

Silmido (2003)

2003