Channel Myanmar

Lee Soo-Min

Mephisto (2020)
Mephisto (2020) ဒီတစ်ခေါက် ဇာတ်ကားကတော့ Mephisto ဆိုတဲ့   Korean Thriller ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်   ဒီကား ကိုတော့ မကြာသေးခင်ကမှ ထုတ်လုပ်ထားတာဖြစ်ပြီး   ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်အမျိုးအစားကို   သဘောကျတဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ်   ထယ်ဆော့ အနေနဲ့က လက်ဝေ့ချန်ပီယံဟောင်းတစ်ယောက်ဖြစ်ပါတယ်။   ရန်ဖြစ်မှုတစ်ခုကြောင့် အကျဥ်းကျခံရပြီး   ပြန်လွတ်လာသူတစ်ယောက်ဖြစ်ပြီး သူရဲ့ချစ်သူ ဖြစ်တဲ့   ဂျီဆူယွန်းနဲ့ အတူတူနေထိုင်ကြပါတယ်။   ဆူယွန်းကတော့ သင်တန်းကြောင်းတစ်ခုမှာ ပန်းချီသင်ကြားပေးတဲ့ ဆရာမတစ်ယောက် ဖြစ်ပြီး အကြွေးရှင်တွေနဲ့   အခက်ခဲရောက်နေတဲ့ သူဖြစ်ပါတယ်။   ဂျီအွန်း ကတော့ ဆူယွန်းရဲ့ညီမ ကျောင်းသူတစ်ယောက်ပါ   ဒါပေမယ့် ငွေရဖို့အတွက် လမ်းမှားကို ဆက်တိုက်လျှောက်နေမိတဲ့သူပါ။   သူတို့သုံးယောက်အတွက် အခက်ခဲဆုံးအခြေအနေ   ရောက်နေတာဖြစ်တဲ့အတွက် မတက်သာပဲ သူတို့အတွက်   တန်ဖိုးအရှိဆုံးအရာကို ရင်းပြီး မကောင်းဆိုးဝါး နဲ့   ကတိတစ်ခုပြုလုပ်မိလိုက်ကြပါတယ် ။   ဒါပေမယ့် ကတိကိုဖျက်ခဲ့မယ်ဆိုရင်   ဘာတွေများဆက်ဖြစ်ကြမလဲ ဒီကျိန်စာကနေရော   သူတို့သုံးယောက် လွတ်မြောက်နိုင်ကြမှာလား.....   အစရှိတာတွေကို့တော့ ဇာတ်လမ်းကနေတစ်ဆင့်ကြည့်ရှုရင်း   အဖြေရှာကြည့်စေချင်ပါတယ်....    Translated by : Hana Encoded by : YK Quality : 1080p and ...
movie

Mephisto (2020)

2020
The Dude in Me ( 2019 ) 6.8
The Dude in Me ( 2019 ) ဂိုဏ်စတားသဌေးကြီးနဲ့ ဝလွန်းလို့အနိုင်ကျင့်ခံနေရတဲ့ ဝဝတုတ်တုတ်ကောင်လေးတို့မတော်တဆ accident တစ်ခုကြောင့်ကိုယ်ပြောင်းသွားတဲ့ကားလေးပါ တော်တော်ရီရတယ်....ဇတ်လမ်းအကျဉ်း..ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့အသေခွီရမယ့် ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းပြောရရင် ရန်သူတွေများတဲ့အသက်လေးဆယ်အရွယ်ဂိုဏ်းစတားသူဋ္ဌေးကြီးတစ်ယောက်ဟာတစ်နေ့တော့ လမ်းမှာဖုန်းပြောနေရင်းသူ့ပေါ်ကိုခေါင်မိုးပေါ်ကနေလူတစ်ယောက်ပြုတ်ကျလာခဲ့ပါတယ်။ပြုတ်ကျလာတဲ့သူကကင်(မ်)ဒုံယောင်းလို့ခေါ်တဲ့ဝဝတုတ်တုတ်အထက်တန်းကျောင်းသားလေးပါသူတို့နှစ်ယောက်လုံးသတိလစ်ပြီးဆေးရုံရောက်သွားခဲ့ပါတယ်။သဋ္ဌေးကြီး သတိပြန်ရလာတဲ့အခါမှာတော့အရမ်းထူးဆန်းတာ တစ်ခုဖြစ်သွားခဲ့ပါတယ်။သူဟာကောင်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေပါတယ်ကောင်လေးနဲ့သူနဲ့စိတ်နဲ့ခန္ဓာလွဲသွားကြတာပေါ့ဗျာ ဒီလိုနဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ထဲရောက်သွားခဲ့ရာကနေမမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ကောင်လေးအဖေဟာ သူဒုက္ခပေးဖူးလို့စီးပွားပျက်သွားတဲ့သူတစ်ယောက်ဖြစ်နေတာ သိလိုက်ရသလိုကောင်လေးကလည်းကျောင်းမှာအပယ်ခံ အနိုင်ကျင့်ခံတစ်ယောက်ဖြစ်နေပါတယ်။ဒီ့အပြင်သူလုံးဝမထင်မှတ်ထားတဲ့သူတစ်ယောက်နဲ့ပါပြန်တွေ့ခဲ့ပြီးဘယ်လိုတွေဆက်ဖြစ်ကြမယ်နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာဒီကားလေးမှာ ဆက်ကြည့်သွားကြပါ။ရယ်လည်းရယ်ရတဲ့အတွက် အချိန်ပေးရကြိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ....ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးပေးထားတာကတော့Chanyein Soe ပဲ ဖြစ်ပါတယ်။.... Translated By Channyein SoeEncoded By LK
movie

The Dude in Me ( 2019 )

2019