Channel Myanmar

Lee You-jin

Derailed (2016) 6.2
Derailed (2016) ဒီနေ့မှာတော့ ကိုရီးယားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးကရစေ ဇာတ်လမ်းလေးကတော့........ဂျင်အီ၊ဂါယောင်း၊ဘွန်ဂီနဲ့ မင်ယောင်းတို့၎ယောက်က သူငယ်ချင်းစုံတွဲတွေဖြစ်သလို အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလေးတွေလဲဖြစ်ပါတယ်။ ဖုန်းတွေအလစ်သုတ်လိုက်ကားတွေခိုးလိုက် ဆိုင်ကယ်တွေခိုးလိုက် ပြီးရင်ပြန်ရောင်းပြီး တစ်နေ့စာ အခက်အခဲတွေကိုဖြေရှင်းနေတဲ့ လူငယ်တွေပါ လူငယ်ထိန်းသိမ်းရေးစခန်းတွေကိုလဲ ခဏခဏရောက်ဖူးပြီး သူငယ်ချင်း၎ယောက် စုပေါင်းလေလွင့်နေတဲ့သူတွေပါ တစ်ခါတစ်လေများဆို ဂါယောင်းနဲ့ မင်ယောင်းတို့၂ယောက် ကပြည့်တန်ဆာဟန်ဆောင်ပြီး လာခေါ်တဲ့ဘဲနဲ့မိုတယ်လိုက်သွားပြီးမှ ရေချိုးခန်းထဲဝင်ပြီး အခန်းနံပါတ်ပြော အဲ့အခါ ဘွန်ဂီနဲ့ ဂျင်အီက ဝုန်းဒိုင်းကြဲဝင်လာပြီး ငွေညှစ်တဲ့အထိပါလုပ်ကြပါတယ်။ ပြောရရင် ပိုက်ဆံရဖို့ အကုန်လုပ်တဲ့ ခပ်ဆိုးဆိုး ကလေးတွေပါ ဒါပေမယ့်လဲဂျင်အီက ဂါယောင်းကိုသိပ်ချစ်ပါတယ်။ တစ်နေ့မှာ ဂါယောင်းတစ်ယောက် မတ်တပ်ရပ်နေတုန်း ပြည့်တန်ဆာအထင်နဲ့ လူတစ်ယောက်က လာခေါ်ပါတယ်။ အစကငြင်းပေမယ့် ငွေလိုနေတဲ့ ဂါယောင်းက ထုံးစံအတိုင်း ရွှေ့နေကျအကွက်အတိုင်းလုပ်ဖို့ မိုတယ်လိုက်သွားပါတယ်။ တကယ်က သူ့ကိုလာခေါ်တဲ့သူက ကာရာအိုကေ ဘားပိုင်ရှင်ဖြစ်ပြီး သူ့ဆီမှာလာလုပ်ဖို့ စကားပြောချင်ရုံသက်သက်ပါပဲ ဒါကို ဂျင်အီတို့ကမသိဘဲ ဝုန်းဒိုင်းကြဲဝင်လာ အဲ့လူကြီးကို သမပြီး အဲ့လူကြီး ကားနဲ့ ပိုက်ဆံအိတ်ပါ ယူပြေးပါတော့တယ် နောက်တော့ ဖမ်းမိသွားပြီး ခိုးသွားတဲ့ကား တန်ကြေးပြန်ဆပ်ဖို့ ဂါယောင်းကို သူ့ရဲ့ ကာရာအိုကေဘားမှာ အလုပ်လုပ်စေပါတော့တယ်။ ချစ်သူဂါယောင်းကို ကာရာအိုကေဘားကနေပြန်ရွေးဖို့ ဂျင်အီတစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာရတဲ့အပြင် ဂါယောင်းနဲ့ ဂျင်အီတို့ရဲ့ ရန်သူတော် တစ်ယောက်ပါထောင်ကထွက်လာပြီး သူတို့ကို လိုက်ရှာနေတဲ့အခါ.... ဂျင်အီအဖြစ် Shineeက Min ...
movie

Derailed (2016)

2016
Be with You (2018) 7.5
Be with You (2018) Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ.....ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါအသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဥာဏ်တွေပျောက်ဆုံးနေခဲ့တယ်သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာ တကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား..........ဒါမှမဟုတ် ရုပ်တူတဲ့ တခြားတစ်ယောက်လားဆိုတာ (ဇာတ်လမ်းအညွန်း နဲ့ ဘာသာပြန်သူကတော့ ယမင်းသော်တာမောင်ပါ) File Size : (999 MB) and (440 MB) Quality : HDRip 720p Running Time : 2hr 12min Format ...
movie

Be with You (2018)

2018
Daddy You, Daughter Me (2017) 7.0
Daddy You, Daughter Me (2017) ဒီကား​လေးက​တော့ အ​ဖေနဲ့သမီး ၇ရက်တာ စိတ်​​ပြောင်းသွားတဲ့အ​ကြောင်း​လေးကို ဂျပန်​ဝတ္တုတစ်​ပုဒ်​ကိုမှီငြမ်းပြီး ရိုက်​ကူးထားတာပါ။ ဖခင်​နဲ့ဆယ်​​ကျော်​သက်​အရွယ်​သမီးကြားက ဆက်​ဆံ​ရေးကိုရိုက်​ကူးထားတဲ့အတွက်​ ပျင်းစရာကြီးလို့​တော့မထင်​နဲ့​နော်​။ စိတ်​ချင်း​ပြောင်းသွားတဲ့ အဖြစ်​အပျက်​​လေးကို ဟာသ​လေးများနဲ့ ရယ်​​မောစရာရိုက်​ကူးတင်​ဆက်​ထားတဲ့ Drama,comedyကား​လေးမို့ အရမ်းကိုရယ်​ရပါတယ်​။ ဒိုယွန်း(Jung So Min)ကစာကျက်​ဖို့ပဲ​ပြော​နေတဲ့အ​ဖေ(Yoon Je Moon) နဲ့အဆင်​မ​ပြေတဲ့ အထက်​တန်း​ကျောင်းသူတစ်​​ယောက်​ပါ။ အဘိုးအိမ်​က​နေပြန်​တဲ့လမ်းမှာ သားအဖနှစ်​​ယောက်​စကားများကြရင်း ​နေရာချင်းလဲချင်​တဲ့အ​ကြောင်း​ပြောမိကြပါတယ်။ သူတို့​​ရဲ့စိတ်​ဆန္ဒ​တွေကို ဆု​တောင်းပြည့်​သစ်​ပင်​ကြီး​အောက်​မှာ​ပြောမိလို့ သူတို့စကား​တွေဟာ အတည်​ဖြစ်​လာခဲ့ပါတယ်​။ ဆက်​ဆံ​ရေးအဆင်​မ​ပြေ​ပေမယ့်​ ၇ရက်အတွင်းရန်​မဖြစ်​မှ ပုံမှန်​ခန္ဓာပြန်​ရမယ်​ဆိုတဲ့အဖိုးရဲ့စကား​ကြောင့်​ သားအဖနှစ်​​ယောက်​သင့်​သင့်​မြတ်​မြတ်​​နေကြရင်းဆယ်​​ကျော်​သက်​​ကောင်​မ​လေး ဒိုယွန်းတစ်​​ယောက်​ သူ့အ​ဖေခန္ဓာကိုယ်​နဲ့ ကုမ္ပဏီကိစ္စ​တွေကို ဘယ်​လို​ဖြေရှင်းမလဲ??? ဒိုယွန်းရဲ့ခက်​ခဲလှတဲ့စာ​တွေကို​ရော ဖခင်​ဝန်း​ဆောင်းထယ်​တစ်​​ယောက်​ အဆင်​​ပြေ​ပြေ​ပြေကျက်​မှတ်​နိုင်​ပါ့မလား??? သမီးကိုသူ့ထက်​ပိုချစ်​တဲ့သူရှိလာမှာစိုးရိမ်​​နေတဲ့ ဖခင်​ ဝန်း​ဆောင်းထယ်​တစ်​​ယောက်​ ဒိုယွန်းကြိတ်​ကြိုက်​​နေရတဲ့ စီနီယာနဲ့အဆင်​​ပြေပါ့မလား??? စတဲ့ဇာတ်​ဝင်​ခန်း​လေး​တွေကို ဟာသပြကွက်​​လေးနဲ့​ဖော်​ပြထားပြီး ဖခင်​နဲ့သမီးအကြားဆက်​ဆံ​ရေးကို ​ပေါ်လွင်​​အောင်​​ဖော်​ပြထားတဲ့အတွက်​အနှစ်​သာရရှိတဲ့ကား​လေးပါ။ ဒါ့အပြင်​ ဟန်​​ဆောင်​အနမ်းဆိုတဲ့ကား​လေးနဲ့ ပရိသတ်​ရင်​ခွင်​ထဲ​ရောက်​လာတဲ့ မင်းသမီး Jung So Min ရဲ့ကား​လေးမို့ So Min Fan​တွေအတွက်​ လက်​မလွှတ်​သင့်​တဲ့ဇာတ်​ကား​ကောင်း​လေးတစ်​ကားပါ (ဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ)File Size : (850 MB) and (330 MB) Quality : ...
movie

Daddy You, Daughter Me (2017)

2017