Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Young-ae
7.7
Joint Security Area (2000)
Joint Security Area (2000) (အညွှန်း) =========================မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File ...
movie
Joint Security Area (2000)
2000
7
One Fine Spring Day (2001)
One Fine Spring Day ( 2001 )Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee ...
movie
One Fine Spring Day (2001)
6.5
Bring Me Home(2019)
Bring Me Home(2019)တစ်ဉီးထဲသောသားလေးမို့ ရင်နင့်အောင်ချစ်ခဲ့ပါတယ်ဆိုမှာ ရုတ်တရက်ပျောက်ဆုံးသွားတယ်...မိဘ(၂)ပါးအတွက် ဘဝတွေဟာ ခါးသီးလွန်းတယ်.... လင်မယား(၂)ယောက် တစ်ယောက်ကိုတစ်ယောက်ဟန်ဆောင်ပြုံးတွေနဲ့ နှစ်သိမ့်ပေးရင်း သားလေးကိုရှာခဲ့တာ အခုဆို(၆)နှစ်တောင်ရှိခဲ့ပြီ.....ခုချိန်ထိအစအနတောင်ရှာမရသေး...ယောကျ်ားဖြစ်သူဟာ သားလေးတွေ့တဲဆိုတဲ့ စာတစ်စောင်ကြောင့်အပြေးအလွှားသွားရှာတုန်းမှာကားမှောက်ဆုံးသွားတယ်...မိခင်အတွက်တော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ...ဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သူ့သားရှိတယ်ဆိုတဲ့ အခိုင်အမာ သတင်းရပြီးတဲ့နောက်မှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...တော်တော်ကောင်းတဲ့ Drama ကားလေးပါ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (950 MB) and (472MB) Quality :WEB-DL 720p Format…mp4 Duration…01:48:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
Bring Me Home(2019)
7.6
Lady Vengeance (2005)
Lady Vengeance (2005)_____IMDb - 7.6/10 Zawgyi ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ... Unicode ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ... Translated & Review By ...
movie
Lady Vengeance (2005)
2005
7.9
Joint Security Area
ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့ အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့) ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင် သာတဲ့ဘက်က စစ်သည်တွေက "ပြေးကြပါတော့ယောက်ဖတို့ရာ"ဆိုပြီးမျက်ရည်တောင် ကျခဲ့ကြပါသတဲ့ အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ...... ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက် ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို မလေးစားပဲမနေနိုင်ပါဘူး ၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ Quality…..BluRay 1080p Duration…..01:50:00 Format…Mp4 File Size…(779 MB, 532 MB , 310 MB) Translator…..မြန်မာကြီး Encoder…..Moe Myint Lwin
movie
Joint Security Area
2000